ေမြးလူနာအား ေဆး႐ုံသို့ပို့ေနရင္းနဲ႔ ကားေပၚမွာထူးျခားစြာ ပထမဆုံး ကေလးေမြးေပးခဲ့ရတဲ့ ဒိန္းေဒါင္တို့ခၽြန္တြန္းအဖြဲ႕

ေမြးလူနာအား ေဆး႐ုံသို့ပို့ေနရင္းနဲ႔ ကားေပၚမွာထူးျခားစြာ ပထမဆုံး ကေလးေမြးေပးခဲ့ရတဲ့ ဒိန္းေဒါင္တို့ခၽြန္တြန္းအဖြဲ႕

ဟာသလူရႊင္ေတာ္ ခ်က္ႀကီးဟာ ယခုခ်ိန္မွာ အႏုပညာလွုပ္ရွားမွုေတြ မရွိေသးတာေၾကာင့္ သ႐ုပ္ေဆာင္ ဒိန္းေဒါင္တည္ေထာင္ထားတဲ့  ခၽြန္တြန္း ပရဟိတ အဖြဲ႕မွာ လုပ္အားေပးအျဖစ္

ကူညီေဆာင္ရြက္ေပးေနတာလည္း ျဖစ္ပါတယ္ေနာ္။ သူက ေမြးဖြားခါနီးတဲ့ ကိုယ္ဝန္ေဆာင္သည္ေတြကို ေဆး႐ုံသို့ တာဝန္ယူပို့ေဆာင္ေပးတဲ့ က႑ကေန ကူညီေပးေနတာလည္း ျဖစ္ပါတယ္ေနာ္။

သူတို့တစ္ဖြဲ႕လုံးရဲ့ ပရဟိတစိတ္ဓာတ္ကေတာ့ ျမင္ရသူတိုင္းက မခ်ီးက်ဳးဘဲ မေနနိုင္ေအာင္ပါပဲဗ်ာ။ မေန႔ညကလည္း ဒိန္းေဒါင္ရဲ့ လူမွုကြန္ယက္စာမ်က္ႏွာမွာ ဗီဒီယိုေလး တစ္ခု တင္ထားတာပါ။ ဒါကေတာ့ ေမြးလူနာအားေဆး႐ုံသို့ပို့ေနရင္းနဲ

႔ကားေပၚမွာထူးျခားစြာ ပထမဆုံးကေလးေမြးေပးခဲ့ရတဲ့ ဒိန္းေဒါင္တို့ခၽြန္တြန္းအဖြဲ႕သားေတြရဲ့Video ေလးပဲ ျဖစ္ပါတယ္ေနာ္။ဒိန္းေဒါင္ကလည္း ”ခၽြန္တြန္းတို့ရဲ့Luckyနတ္သမီးေလးတစ္ပါး ကားေပၚမွာေမြးဖြားျခင္း

ကၽြန္ေတာ္တို့ပရဟိတအသင္းအဖြဲ႕ေလးရဲ့ ကားေပၚမွာထူးထူးျခားျခားပထမဆုံးေမြးဖြားျခင္းအတြက္ ဝမ္းသာပီတိမ်က္ရည္က်မိပါတယ္ဗ်ာ။ ၇ရက္သားသမီးမ်ားအားလုံးႏွင့္

အလွုရွင္မ်ားအားလုံးစိတ္ခ်မ္းသာကိုယ္က်န္းမာရွိၾကပါေစလို့ဆုေတာင္းေမတၱာမ်ားပို့သအပ္ပါသည္ခင္ဗ်ာ  ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ပါတယ္ေနာ္။credit

Unicode…မွေးလူနာအား ဆေးရုံသို့ပို့နေရင်းနဲ့ ကားပေါ်မှာထူးခြားစွာ ပထမဆုံး ကလေးမွေးပေးခဲ့ရတဲ့ ဒိန်းဒေါင်တို့ချွန်တွန်းအဖွဲ့

ဟာသလူရွှင်တော် ချက်ကြီးဟာ ယခုချိန်မှာ အနုပညာလှုပ်ရှားမှုတွေ မရှိသေးတာကြောင့် သရုပ်ဆောင် ဒိန်းဒေါင်တည်ထောင်ထားတဲ့  ချွန်တွန်း ပရဟိတ အဖွဲ့မှာ လုပ်အားပေးအဖြစ်

ကူညီဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်နော်။ သူက မွေးဖွားခါနီးတဲ့ ကိုယ်ဝန်ဆောင်သည်တွေကို ဆေးရုံသို့ တာဝန်ယူပို့ဆောင်ပေးတဲ့ ကဏ္ဍကနေ ကူညီပေးနေတာလည်း ဖြစ်ပါတယ်နော်။

သူတို့တစ်ဖွဲ့လုံးရဲ့ ပရဟိတစိတ်ဓာတ်ကတော့ မြင်ရသူတိုင်းက မချီးကျုးဘဲ မနေနိုင်အောင်ပါပဲဗျာ။ မနေ့ညကလည်း ဒိန်းဒေါင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပါ။ ဒါကတော့ မွေးလူနာအားဆေးရုံသို့ပို့နေရင်းနဲ

့ကားပေါ်မှာထူးခြားစွာ ပထမဆုံးကလေးမွေးပေးခဲ့ရတဲ့ ဒိန်းဒေါင်တို့ချွန်တွန်းအဖွဲ့သားတွေရဲ့Video လေးပဲ ဖြစ်ပါတယ်နော်။ဒိန်းဒေါင်ကလည်း ”ချွန်တွန်းတို့ရဲ့Luckyနတ်သမီးလေးတစ်ပါး ကားပေါ်မှာမွေးဖွားခြင်း

ကျွန်တော်တို့ပရဟိတအသင်းအဖွဲ့လေးရဲ့ ကားပေါ်မှာထူးထူးခြားခြားပထမဆုံးမွေးဖွားခြင်းအတွက် ဝမ်းသာပီတိမျက်ရည်ကျမိပါတယ်ဗျာ။ ၇ရက်သားသမီးများအားလုံးနှင့်

အလှုရှင်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့ဆုတောင်းမေတ္တာများပို့သအပ်ပါသည်ခင်ဗျာ  ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်နော်။credit

Add a Comment

Your email address will not be published. Required fields are marked *