ကြယ္လြန္သြားတာေတာင္ ခ်စ္ဇနီးေလးရဲ႕ေမြးေန႕ နဲ႕ ANNIVERSARYေန႕ေတြမွာ ပန္းစည္းရေအာင္ စီစဥ္ေပးခဲ့တဲ့ခင္ပြန္း

ကြယ္လြန္သြားတာေတာင္ ခ်စ္ဇနီးေလးရဲ႕ေမြးေန႕ နဲ႕ ANNIVERSARYေန႕ေတြမွာ ပန္းစည္းရေအာင္ စီစဥ္ေပးခဲ့တဲ့ခင္ပြန္း

ဖိလစ္ပိုင္နိုင္ငံမွ စုံတြဲတစ္တြဲရဲ့ အခ်စ္ဇာတ္လမ္းေလးကေတာ့ အေတာ္ေလးကို ရင္နာရေလာက္တဲ့အထိ ခံစားေစရတာ ျဖစ္ပါတယ္။ မၾကာေသးခင္ကဘဲ Aly Mendoza အမည္နဲ႕ မိန္းကေလးတစ္ေယာက္ဟာ

လြန္ခဲ့တဲ့ 10လခန႔္ကေသဆုံးသြားခဲ့တဲ့ သူမရဲ႕ဖခင္ဆီကေန email တစ္ေစာင္လက္ခံရရွိခဲ့ေၾကာင္းကို social media ေပၚမွာ ေျပာခဲ့တာပါ။အစပိုင္းမွာ email ကိုဝင္ဖတ္ဖို႔ အတြက္ သံသယျဖစ္ေနခဲ့ေပမဲ့လည္း ေနာက္ဆုံးအဆိုပါစာေလးကို သူမ ဖတ္ျဖစ္ေအာင္ ဖတ္ခဲ့တာပါ။

အဲတာကေတာ့ သူမရဲ႕မိခင္အတြက္ လာမယ့္ မဂၤလာႏွစ္ပတ္လည္ပြဲေလးကို ေသခ်ာေလးျပဳလုပ္ေပးဖို႔ဖခင္က ေျပာဆိုခဲ့တာပါတဲ့။ထို႔အျပင္ Aly ရဲ႕ဖခင္ဟာ မေသဆုံးခင္ၿပီးခဲ့တဲ့ 10လခန႔္ကတည္းက ဘယ္သူကမွမသိေအာင္ ဇနီးသည္အတြက္

လာမည့္ႏွစ္တိုင္း ေမြးေန႕ ၊ မဂၤလာႏွစ္ပတ္လည္ ႏွင့္ Valentine Day တို႔အတြက္ ပန္းစည္းအၿမဲပို႔ေပးဖို႔ ပန္းဆိုင္ကိုအရင္ဆုံး ႀကိဳတင္ေငြေပးေခ်ခဲ့ေသးေၾကာင္းသိရပါတယ္။ဒါ့ျပင္ အခ်ိန္မတိုင္ခင္ေသဆုံးသြားခဲ့လို႔

ဇနီးသည္ကိုႏွစ္သိမ့္နိုင္ေအာင္ ဇနီးသည္အတြက္ စာတစ္ေစာင္ေရးထားခဲ့ၿပီးေတာ့ အဆိုပါစာေလးကို မိခင္ျဖစ္သူအားေပးဖို႔ Aly အားေတာင္းဆိုထားပါေသးတယ္ေနာ္။၎တို႔စုံတြဲရဲ႕ 25 ႏွစ္ျပည့္ မဂၤလာႏွစ္ပတ္လည္ကိုေတာ့ အတူျဖတ္သန္းခဲ့ရပါတယ္ ။

ထို႔ေၾကာင့္ Aly ဟာ သူငယ္ခ်င္းေတြကိုအကူအညီေတာင္းၿပီး ဖခင္စီစဥ္ထားတဲ့အတိုင္း မဂၤလာႏွစ္ပတ္လည္ပါတီပြဲေလးကို မိခင္အတြက္ Surprise လုပ္ေပးခဲတာပါ။ ပန္းစည္းေလး လက္ခံရရွိခဲ့ခ်ိန္မွာေတာ့ မိခင္ျဖစ္သူဟာ

ဝမ္းနည္းမ်က္ရည္ၾကၿပီးအေတာ္ေလးငိုေႂကြးခဲ့ကာ အဆိုပါအခိုက္အတန႔္ေလးဟာ မိခင္အတြက္ ခါးသီးလြန္းတဲ့အခ်ိန္ျဖစ္သလို ၊ ခ်စ္ခင္ပြန္းဆီကေန မေမွ်ာ္လင့္ပဲရရွိခဲ့တဲ့ ခ်ိဳ ၿမိန္လြန္းတဲ့အခိုက္အတန႔္တစ္ခုလည္း ျဖစ္ခဲ့ရေၾကာင္း သိရွိရပါတယ္ေနာ္။Credit

Unicode…ကွယ်လွန်သွားတာတောင် ချစ်ဇနီးလေးရဲ့မွေးနေ့ နဲ့ ANNIVERSARYနေ့တွေမှာ ပန်းစည်းရအောင် စီစဉ်ပေးခဲ့တဲ့ခင်ပွန်း

ဖိလစ်ပိုင်နိုင်ငံမှ စုံတွဲတစ်တွဲရဲ့ အချစ်ဇာတ်လမ်းလေးကတော့ အတော်လေးကို ရင်နာရလောက်တဲ့အထိ ခံစားစေရတာ ဖြစ်ပါတယ်။ မကြာသေးခင်ကဘဲ Aly Mendoza အမည်နဲ့ မိန်းကလေးတစ်ယောက်ဟာ

လွန်ခဲ့တဲ့ 10လခန့်ကသေဆုံးသွားခဲ့တဲ့ သူမရဲ့ဖခင်ဆီကနေ email တစ်စောင်လက်ခံရရှိခဲ့ကြောင်းကို social media ပေါ်မှာ ပြောခဲ့တာပါ။အစပိုင်းမှာ email ကိုဝင်ဖတ်ဖို့ အတွက် သံသယဖြစ်နေခဲ့ပေမဲ့လည်း နောက်ဆုံးအဆိုပါစာလေးကို သူမ ဖတ်ဖြစ်အောင် ဖတ်ခဲ့တာပါ။

အဲတာကတော့ သူမရဲ့မိခင်အတွက် လာမယ့် မင်္ဂလာနှစ်ပတ်လည်ပွဲလေးကို သေချာလေးပြုလုပ်ပေးဖို့ဖခင်က ပြောဆိုခဲ့တာပါတဲ့။ထို့အပြင် Aly ရဲ့ဖခင်ဟာ မသေဆုံးခင်ပြီးခဲ့တဲ့ 10လခန့်ကတည်းက ဘယ်သူကမှမသိအောင် ဇနီးသည်အတွက်

လာမည့်နှစ်တိုင်း မွေးနေ့ ၊ မင်္ဂလာနှစ်ပတ်လည် နှင့် Valentine Day တို့အတွက် ပန်းစည်းအမြဲပို့ပေးဖို့ ပန်းဆိုင်ကိုအရင်ဆုံး ကြိုတင်ငွေပေးချေခဲ့သေးကြောင်းသိရပါတယ်။ဒါ့ပြင် အချိန်မတိုင်ခင်သေဆုံးသွားခဲ့လို့

ဇနီးသည်ကိုနှစ်သိမ့်နိုင်အောင် ဇနီးသည်အတွက် စာတစ်စောင်ရေးထားခဲ့ပြီးတော့ အဆိုပါစာလေးကို မိခင်ဖြစ်သူအားပေးဖို့ Aly အားတောင်းဆိုထားပါသေးတယ်နော်။၎င်းတို့စုံတွဲရဲ့ 25 နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ကိုတော့ အတူဖြတ်သန်းခဲ့ရပါတယ် ။

ထို့ကြောင့် Aly ဟာ သူငယ်ချင်းတွေကိုအကူအညီတောင်းပြီး ဖခင်စီစဉ်ထားတဲ့အတိုင်း မင်္ဂလာနှစ်ပတ်လည်ပါတီပွဲလေးကို မိခင်အတွက် Surprise လုပ်ပေးခဲတာပါ။ ပန်းစည်းလေး လက်ခံရရှိခဲ့ချိန်မှာတော့ မိခင်ဖြစ်သူဟာ

ဝမ်းနည်းမျက်ရည်ကြပြီးအတော်လေးငိုကြွေးခဲ့ကာ အဆိုပါအခိုက်အတန့်လေးဟာ မိခင်အတွက် ခါးသီးလွန်းတဲ့အချိန်ဖြစ်သလို ၊ ချစ်ခင်ပွန်းဆီကနေ မမျှော်လင့်ပဲရရှိခဲ့တဲ့ ချို မြိန်လွန်းတဲ့အခိုက်အတန့်တစ်ခုလည်း ဖြစ်ခဲ့ရကြောင်း သိရှိရပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *