ေဒၚေအာင္ဆန္းစုၾကည္အစိုးရအဖြဲ႕အား သီတဂူဆရာေတာ္ႀကီးမွ ဝမ္းေျမာက္စြာျဖင့္ ႀကိဳဆို

ေဒၚေအာင္ဆန္းစုၾကည္ အစိုးရအဖြဲ႕အား သီတဂူဆရာေတာ္ႀကီး ဝမ္းေျမာက္စြာျဖင့္ ႀကိဳဆို

ျမန္မာနိုင္ငံေတာ္ အစိုးရအဖြဲ႕အသစ္ကို ဝမ္းေျမာက္စြာျဖင့္ ႀကိဳဆိုျခင္း မွတ္တမ္း။၂၀၂၀ ခုႏွစ္၊ နိုဝင္ဘာလ-၈ ရက္ေန႔၊ ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္တြင္ က်င္းပျပဳလုပ္ခဲ့တဲ့ ပါတီစုံဒီမိုကေရစီ ေရြးေကာက္ပြဲတြင္

ဆႏၵမဲေပးသူ ျပည္သူမ်ားရဲ့ ေရြးေကာက္တင္ေျမႇာက္ျခင္း ခံရသည့္ အမတ္ေနရာ အမ်ားစုမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ျဖစ္ေၾကာင္း ေရြးေကာက္ပြဲ​ေကာ္မရွင္အဖြဲ႕ UEC က

၁၅-၁၁-၂၀၂၀ ရက္ေန႔တြင္ ထုတ္ျပန္သည့္ အမိန္႔ေၾကညာခ်က္မ်ားျဖင့္ သိရွိရပါသည္။လြတ္လပ္ျပီး တရားမၽွတသည့္ ျပည္သူ႔ဆႏၵႏွင့္အညီ တိုင္းျပည္တာဝန္ႏွင့္ တိုင္းျပည္၏ အနာဂတ္အက်ိဳးစီးပြါးမ်ားကို ထမ္းေဆာင္ၾကမည့္

ေရြးေကာက္ခံ အမတ္မ်ားအားလုံးအတြက္ လြန္စြာ ဝမ္းေျမာက္ဂုဏ္ယူပါသည္။၂၀၂၁-၂၀၂၅ အစိုးရအဖြဲ႕ကို ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရအဖြဲ႕သည္ ျမန္မာနိုင္ငံႏွင့္ နိုင္ငံသားမ်ား၏

အက်ိဳးစီးပြါးတို့ကို ကာယသုခ၊ စိတၱသုခ ျပည့္စုံစြာျဖင့္ သယ္ပိုးထမ္းေဆာင္နိုင္ပါေစေၾကာင္း သီတဂူဆရာေတာ္ဦးေဆာင္သည့္ သီတဂူသာသနာျပဳအဖြဲ႕မွ ဝမ္းေျမာက္ဝမ္းသာစြာ ဆုေတာင္းေမတၱာပို့သကာ ဂုဏ္ျပဳမွတ္တမ္း တင္အပ္ပါတယ္။

သီတဂူစန္းလပမာ ခ်မ္းျမသာယာရွိၾကပါေစ။အျပည္ျပည္ဆိုင္ရာ သီတဂူသာသနာျပဳအဖြဲ႕။ ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံ။ ၁၆-၁၁-၂၀၂၀ ရက္ေန႔၊ (တနလၤာေန႔)

Unicode…ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့အား သီတဂူဆရာတော်ကြီး ဝမ်းမြောက်စွာဖြင့် ကြိုဆို

မြန်မာနိုင်ငံတော် အစိုးရအဖွဲ့အသစ်ကို ဝမ်းမြောက်စွာဖြင့် ကြိုဆိုခြင်း မှတ်တမ်း။၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ-၈ ရက်နေ့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင်

ဆန္ဒမဲပေးသူ ပြည်သူများရဲ့ ရွေးကောက်တင်မြှောက်ခြင်း ခံရသည့် အမတ်နေရာ အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ UEC က

၁၅-၁၁-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြေညာချက်များဖြင့် သိရှိရပါသည်။လွတ်လပ်ပြီး တရားမျှတသည့် ပြည်သူ့ဆန္ဒနှင့်အညီ တိုင်းပြည်တာဝန်နှင့် တိုင်းပြည်၏ အနာဂတ်အကျိုးစီးပွါးများကို ထမ်းဆောင်ကြမည့်

ရွေးကောက်ခံ အမတ်များအားလုံးအတွက် လွန်စွာ ဝမ်းမြောက်ဂုဏ်ယူပါသည်။၂၀၂၁-၂၀၂၅ အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏

အကျိုးစီးပွါးတို့ကို ကာယသုခ၊ စိတ္တသုခ ပြည့်စုံစွာဖြင့် သယ်ပိုးထမ်းဆောင်နိုင်ပါစေကြောင်း သီတဂူဆရာတော်ဦးဆောင်သည့် သီတဂူသာသနာပြုအဖွဲ့မှ ဝမ်းမြောက်ဝမ်းသာစွာ ဆုတောင်းမေတ္တာပို့သကာ ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါတယ်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ။ ၁၆-၁၁-၂၀၂၀ ရက်နေ့၊ (တနင်္လာနေ့)

Tags:

Add a Comment

Your email address will not be published. Required fields are marked *