ေလယာဥ္မွူးဝတ္စုံနဲ႔ လမ္းေဘးမွာ ထမင္းဟင္းေရာင္းေနတဲ့ ကပၸတိန္ရဲ့ဝမ္းနည္းဖြယ္အျဖစ္

ေလယာဥ္မွူးဝတ္စုံနဲ႔ လမ္းေဘးမွာ ထမင္းဟင္းေရာင္းေနတဲ့ ကပၸတိန္ရဲ့ဝမ္းနည္းဖြယ္အျဖစ္

ကိုဗစ္ရဲ့ရိုက္ခတ္မွုေတြကေတာ့ အံ့မခမ္းပါပဲဗ်ာ။ကိုဗစ္ေၾကာင့္ ပိတ္သိမ္း၊ ရပ္နားလိုက္ရတဲ့ လုပ္ငန္းေတြရွိေနတဲ့အတြက္ လုပ္ငန္းရွင္ေတြကစလို့ ဟိုးေအာက္ေခ်သိမ္းဝန္ထမ္းေတြအထိ လုပ္ငန္းအရွုံးေပၚတဲ့လူကေပၚ၊

အလုပ္ျပဳတ္တဲ့လူကျပဳတ္နဲ႔ ေတာ္ေတာ္ေလးကို ကယက္ရိုက္ကုန္ခဲ့ၾကတာပါ။ၿပီးခဲ့တဲ့အပတ္တုန္းက Facebook အသုံးျပဳသူတစ္ဦးျဖစ္တဲ့ Mohamad Zawawi Ahmad ဆိုတဲ့ account ကေနၿပီး post ေလးတစ္ခုတင္လာခဲ့ပါတယ္ေနာ္။

အဲဒီ post ေလးကို ဖတ္ၿပီး မဆီမဆိုင္ ကိုယ္ေတာင္မွပဲ စိတ္မေကာင္းျဖစ္မိသြားတယ္။ အဲဒါကေတာ့ ေလယာဥ္ကပၸတိန္တစ္ဦးဟာ လမ္းေဘးမွာ ေဈးေရာင္းေနတာပါတဲ့။အဲဒီ ေလယာဥ္ကပၸတိန္ကေတာ့ တျခားမဟုတ္ဘဲ post ပိုင္ရွင္ရဲ့သားျဖစ္သူပဲျဖစ္ပါတယ္ေနာ္။

Azrin ဟာ ေလေၾကာင္းလိုင္းတစ္ခုမွာ ပိုင္းေလာ့အျဖစ္တာဝန္ယူေနခဲ့တာပါေနာါ။ ဒါေပမဲ့လည္း ကိုဗစ္ေၾကာင့္ ခရီးစဥ္ေတြလုံးဝမရွိေတာ့ဘဲနဲ႔ေလေၾကာင္းလိုင္းတစ္ခုလုံး ရပ္နားခဲ့ရၿပီးေတာ့ Azrin လည္း အလုပ္မွ အကန႔္မရွိရပ္နားခဲ့ရတာပါ။ ရပ္နားတယ္ဆိုေပမယ့္လို့ ရက္အကန႔္အသတ္မရွိတာေၾကာင့္

ဘယ္ခ်ိန္ ပိုင္းေလာ့အျဖစ္ Azrin ကို ျပန္ျမင္ရမယ္ဆိုတာ မေသခ်ာမေရရာလ်က္ရွိေနပါတယ္။စားဝတ္ေနေရးလည္း တစ္ဖက္မွာရွိေနေသးတဲ့အတြက္ေၾကာင့္ Azrin ဟာ ဒီအတိုင္းေတာ့ ထိုင္ေနေနလို့မရေတာ့ပါဘူး။ ဒါေၾကာင့္ လမ္းေဘးမွာပဲ

ဆိုင္ေလးတစ္ဆိုင္ဖြင့္ၿပီး ေတာ့ အစားအေသာက္ေရာင္းဖို့အတြက္ ႀကံစည္ခဲ့ပါတယ္။ဒီလိုနဲ႔ Boom Town ရဲ့ Kapten Corner မွာ ယာယီလမ္းေဘးဆိုင္ေလးဖြင့္ခဲ့ၿပီးေတာ့ ေခါက္ဆြဲေတြ၊ ထမင္းေၾကာ္ေတြနဲ႔ ဟင္းတခ်ိဳ့ကို အေကာင္းဆုံးခ်က္ျပဳတ္ကာ ေရာင္းခ်လ်က္ရွိေနပါတယ္ေနာ္။

ဒါေပမဲ့ Azrin ဟာ သူမ်ားဆိုင္ေတြလိုမ်ိဳး သာမန္ရိုးက်မဟုတ္ဘဲနဲ႔ သူတန္ဖိုးထားရတဲ့ ေလယာဥ္ပိုင္းေလာ့ဝတ္စုံကို အျပည့္အစုံဝတ္ၿပီးေတာ့ ေဈးေရာင္းခ်လ်က္ရွိေနခဲ့တာပါ။ ဒါေၾကာင့္လည္း လက္ရွိအခ်ိန္မွာလူေတြရဲ့

စိတ္ဝင္စားမွုကိုခံေနရတာျဖစ္ၿပီးေတာ့ Story Pick ရဲ့ေဖာ္ျပခ်က္အရ စားသုံးသူေတာ္ေတာ္မ်ားမ်ားစာ Azrin ဆိုင္က လက္ရာလည္းေကာင္းၿပီး အိမ္ခ်က္ပုံစံမ်ိဳးျဖစ္ေနတာေၾကာင့္ ေနာက္လည္းသြားစားျဖစ္ေနဦးမွာပဲဆိုၿပီး မွတ္ခ်က္ေကာင္းေတြ ေပးေနၾကတာပါ။credit – shwemom

Unicode…လေယာဉ်မှူးဝတ်စုံနဲ့ လမ်းဘေးမှာ ထမင်းဟင်းရောင်းနေတဲ့ ကပ္ပတိန်ရဲ့ဝမ်းနည်းဖွယ်အဖြစ်

ကိုဗစ်ရဲ့ရိုက်ခတ်မှုတွေကတော့ အံ့မခမ်းပါပဲဗျာ။ကိုဗစ်ကြောင့် ပိတ်သိမ်း၊ ရပ်နားလိုက်ရတဲ့ လုပ်ငန်းတွေရှိနေတဲ့အတွက် လုပ်ငန်းရှင်တွေကစလို့ ဟိုးအောက်ချေသိမ်းဝန်ထမ်းတွေအထိ လုပ်ငန်းအရှုံးပေါ်တဲ့လူကပေါ်၊

အလုပ်ပြုတ်တဲ့လူကပြုတ်နဲ့ တော်တော်လေးကို ကယက်ရိုက်ကုန်ခဲ့ကြတာပါ။ပြီးခဲ့တဲ့အပတ်တုန်းက Facebook အသုံးပြုသူတစ်ဦးဖြစ်တဲ့ Mohamad Zawawi Ahmad ဆိုတဲ့ account ကနေပြီး post လေးတစ်ခုတင်လာခဲ့ပါတယ်နော်။

အဲဒီ post လေးကို ဖတ်ပြီး မဆီမဆိုင် ကိုယ်တောင်မှပဲ စိတ်မကောင်းဖြစ်မိသွားတယ်။ အဲဒါကတော့ လေယာဉ်ကပ္ပတိန်တစ်ဦးဟာ လမ်းဘေးမှာ ဈေးရောင်းနေတာပါတဲ့။အဲဒီ လေယာဉ်ကပ္ပတိန်ကတော့ တခြားမဟုတ်ဘဲ post ပိုင်ရှင်ရဲ့သားဖြစ်သူပဲဖြစ်ပါတယ်နော်။

Azrin ဟာ လေကြောင်းလိုင်းတစ်ခုမှာ ပိုင်းလော့အဖြစ်တာဝန်ယူနေခဲ့တာပါနောါ။ ဒါပေမဲ့လည်း ကိုဗစ်ကြောင့် ခရီးစဉ်တွေလုံးဝမရှိတော့ဘဲနဲ့လေကြောင်းလိုင်းတစ်ခုလုံး ရပ်နားခဲ့ရပြီးတော့ Azrin လည်း အလုပ်မှ အကန့်မရှိရပ်နားခဲ့ရတာပါ။ ရပ်နားတယ်ဆိုပေမယ့်လို့ ရက်အကန့်အသတ်မရှိတာကြောင့်

ဘယ်ချိန် ပိုင်းလော့အဖြစ် Azrin ကို ပြန်မြင်ရမယ်ဆိုတာ မသေချာမရေရာလျက်ရှိနေပါတယ်။စားဝတ်နေရေးလည်း တစ်ဖက်မှာရှိနေသေးတဲ့အတွက်ကြောင့် Azrin ဟာ ဒီအတိုင်းတော့ ထိုင်နေနေလို့မရတော့ပါဘူး။ ဒါကြောင့် လမ်းဘေးမှာပဲ

ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး တော့ အစားအသောက်ရောင်းဖို့အတွက် ကြံစည်ခဲ့ပါတယ်။ဒီလိုနဲ့ Boom Town ရဲ့ Kapten Corner မှာ ယာယီလမ်းဘေးဆိုင်လေးဖွင့်ခဲ့ပြီးတော့ ခေါက်ဆွဲတွေ၊ ထမင်းကြော်တွေနဲ့ ဟင်းတချို့ကို အကောင်းဆုံးချက်ပြုတ်ကာ ရောင်းချလျက်ရှိနေပါတယ်နော်။

ဒါပေမဲ့ Azrin ဟာ သူများဆိုင်တွေလိုမျိုး သာမန်ရိုးကျမဟုတ်ဘဲနဲ့ သူတန်ဖိုးထားရတဲ့ လေယာဉ်ပိုင်းလော့ဝတ်စုံကို အပြည့်အစုံဝတ်ပြီးတော့ ဈေးရောင်းချလျက်ရှိနေခဲ့တာပါ။ ဒါကြောင့်လည်း လက်ရှိအချိန်မှာလူတွေရဲ့

စိတ်ဝင်စားမှုကိုခံနေရတာဖြစ်ပြီးတော့ Story Pick ရဲ့ဖော်ပြချက်အရ စားသုံးသူတော်တော်များများစာ Azrin ဆိုင်က လက်ရာလည်းကောင်းပြီး အိမ်ချက်ပုံစံမျိုးဖြစ်နေတာကြောင့် နောက်လည်းသွားစားဖြစ်နေဦးမှာပဲဆိုပြီး မှတ်ချက်ကောင်းတွေ ပေးနေကြတာပါ။credit – shwemom

Add a Comment

Your email address will not be published. Required fields are marked *