ကိုဗစ္ေရွ႕တန္းက ျပန္လာတဲ့ သူနာျပဳေတြကို ႀကိဳမယ့္သူေဝးလို့ ၿမိဳ့ထဲေတာင္ ေတာ္ေတာ္နဲ႔ ေပးမဝင္တဲ့အျဖစ္တဲ့ဗ်ာ

ကိုဗစ္ေရွ႕တန္းက ျပန္လာတဲ့ သူနာျပဳေတြကို ႀကိဳမယ့္သူေဝးလို့ ၿမိဳ့ထဲေတာင္ ေတာ္ေတာ္နဲ႔ ေပးမဝင္တဲ့အျဖစ္တဲ့ဗ်ာ

ေရွ႕တန္းထြက္တုန္းကေတာ့ သူရဲေကာင္းေတြ ပုံစံနဲ႔ ဂုဏ္ျပဳၾကၿပီး ျပန္လာေတာ့ ၿမိဳ့ထဲေတာင္ ေတာ္ေတာ္နဲ႔ ေပးမဝင္တဲ့ လာရွိုးက သူနာျပဳ ဆရာမေလးေတြရဲ့ အျဖစ္ပါ။

တကယ္စိတ္မေကာင္းစရာပါ။က်မတို့ မေန႔က ည ၁၁ နာရီေလာက္ ကတည္းက လားရွိုး ျပန္ေရာက္ပါတယ္။ ေဖာင္ႀကီးကေန ၿမိဳ့တိုင္းကို ေအးေဆးစြာ ေက်ာ္ျဖတ္လာပီးခါမွ ကိုယ့္ၿမိဳ့ဂိတ္ေရွ႕ေရာက္ေတာ့ ေတာ္ေတာ္နဲ႔ေပးမဝင္ဘူး ျဖစ္ေနတယ္။ အံ့ၾသမိတယ္။

က်မတို့ကို လာႀကိဳတဲ့ ကားဆရာေတြလဲ ေတာ္ေတာ္ save ျဖစ္ပါတယ္။ ဘာဝတ္စုံနဲ႔မွဝတ္ပီးမလာပါဘူး။ Surgical Gownေလးေတာင္မပါပါဘူး (သနားပါတယ္)။ဒီကေနျပီးေတာ့ အထြက္တုန္းကေတာ့ နိုင္ငံေတာ္တြက္

အက်ိဳးျပဳတဲ့ Health Hero ႀကီးေတြဆိုပီး ဂုဏ္ျပဳၾကပါတယ္ ။အျပန္ၾကေတာ့ အဲ့ Hero ႀကီးေတြကို ဂုဏ္ျပဳဖို့ ေတာ္ေတာ္ေၾကာက္ၾကတယ္။ ငါတို့မွာလဲ အသက္နဲ႔ပါဟ။ ဘယ္သူမွ အသက္အပိုမပါဘူး။ ငါတို့မွာလဲ မိသားစုေတြ ရွိၾကပါေသးတယ္ဟ။ ျပန္ေရာက္ေတာ့

ေနစရာအဆင္သင့္ အခန္းအဆင္သင့္ေတြ ျပင္ထားပါတယ္တဲ့။ အမ်ားႀကီးေတာ့ ေမၽွာ္လင့္မထားပါဘူး။ ထင္တဲ့အတိုင္းပဲ စုတ္ျပတ္ေနတာ မေျပာခ်င္ေတာ့ဘူး။ ကိုယ့္ပိုက္ဆံနဲ႔ ကိုယ္လဲ Hotel Q ဝင္နိုင္ပါတယ္။တျခားလူေတြအတြက္ အဆင္မေျပမွာစိုးလို့သာ က်မတို့ေတြက မေနက်တာ။

အျမင္ကပ္ကပ္နဲ႔ အကုန္ေျပးဖက္လိုက္ရ အကုန္ postiveေတြ ျဖစ္ကုန္အုံးမယ္။ ေဖာင္ႀကီးမွာ ေနတာေတာင္ အစားေသာက္ေလးကလႊဲလို့ က်န္တာ အကုန္အဆင္ေျပတယ္။ ကိုယ့္ေနရာေရာက္မွ ေတာ္ေတာ္စိတ္ကုန္သြားတယ္။

ေျပာရရင္ ကုန္ေတာ့မွာမဟုတ္ဘူး။ေတာ္ေတာ္စိတ္ပ်က္ဖို့ေကာင္းတယ္။ကိုယ့္ Field က ေနာက္တစ္လျပည့္လို့ ျပန္လာျကမယ့္ ကိုယ့္အဖြဲ႕ေတြလဲ ႀကိဳၿပီး အားေပးလိုက္ပါမယ္။

အမတို့လာရင္ လူကမ်ားေတာ့ ဒီထက္ပိုဆိုးအုံးမွာပါလို့။ ေဖာင္ႀကီးကို ကိုယ့္စရိတ္နဲ႔ ကိုယ္ေတာင္ ျပန္သြားခ်င္စိတ္ ျဖစ္သြားပါတယ္။source;Nang Shwe Zin Hninn

Unicode…ကိုဗစ်ရှေ့တန်းက ပြန်လာတဲ့ သူနာပြုတွေကို ကြိုမယ့်သူဝေးလို့ မြို့ထဲတောင် တော်တော်နဲ့ ပေးမဝင်တဲ့အဖြစ်တဲ့ဗျာ

ရှေ့တန်းထွက်တုန်းကတော့ သူရဲကောင်းတွေ ပုံစံနဲ့ ဂုဏ်ပြုကြပြီး ပြန်လာတော့ မြို့ထဲတောင် တော်တော်နဲ့ ပေးမဝင်တဲ့ လာရှိုးက သူနာပြု ဆရာမလေးတွေရဲ့ အဖြစ်ပါ။

တကယ်စိတ်မကောင်းစရာပါ။ကျမတို့ မနေ့က ည ၁၁ နာရီလောက် ကတည်းက လားရှိုး ပြန်ရောက်ပါတယ်။ ဖောင်ကြီးကနေ မြို့တိုင်းကို အေးဆေးစွာ ကျော်ဖြတ်လာပီးခါမှ ကိုယ့်မြို့ဂိတ်ရှေ့ရောက်တော့ တော်တော်နဲ့ပေးမဝင်ဘူး ဖြစ်နေတယ်။ အံ့သြမိတယ်။

ကျမတို့ကို လာကြိုတဲ့ ကားဆရာတွေလဲ တော်တော် save ဖြစ်ပါတယ်။ ဘာဝတ်စုံနဲ့မှဝတ်ပီးမလာပါဘူး။ Surgical Gownလေးတောင်မပါပါဘူး (သနားပါတယ်)။ဒီကနေပြီးတော့ အထွက်တုန်းကတော့ နိုင်ငံတော်တွက်

အကျိုးပြုတဲ့ Health Hero ကြီးတွေဆိုပီး ဂုဏ်ပြုကြပါတယ် ။အပြန်ကြတော့ အဲ့ Hero ကြီးတွေကို ဂုဏ်ပြုဖို့ တော်တော်ကြောက်ကြတယ်။ ငါတို့မှာလဲ အသက်နဲ့ပါဟ။ ဘယ်သူမှ အသက်အပိုမပါဘူး။ ငါတို့မှာလဲ မိသားစုတွေ ရှိကြပါသေးတယ်ဟ။ ပြန်ရောက်တော့

နေစရာအဆင်သင့် အခန်းအဆင်သင့်တွေ ပြင်ထားပါတယ်တဲ့။ အများကြီးတော့ မျှော်လင့်မထားပါဘူး။ ထင်တဲ့အတိုင်းပဲ စုတ်ပြတ်နေတာ မပြောချင်တော့ဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လဲ Hotel Q ဝင်နိုင်ပါတယ်။တခြားလူတွေအတွက် အဆင်မပြေမှာစိုးလို့သာ ကျမတို့တွေက မနေကျတာ။

အမြင်ကပ်ကပ်နဲ့ အကုန်ပြေးဖက်လိုက်ရ အကုန် postiveတွေ ဖြစ်ကုန်အုံးမယ်။ ဖောင်ကြီးမှာ နေတာတောင် အစားသောက်လေးကလွှဲလို့ ကျန်တာ အကုန်အဆင်ပြေတယ်။ ကိုယ့်နေရာရောက်မှ တော်တော်စိတ်ကုန်သွားတယ်။

ပြောရရင် ကုန်တော့မှာမဟုတ်ဘူး။တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။ကိုယ့် Field က နောက်တစ်လပြည့်လို့ ပြန်လာကြမယ့် ကိုယ့်အဖွဲ့တွေလဲ ကြိုပြီး အားပေးလိုက်ပါမယ်။

အမတို့လာရင် လူကများတော့ ဒီထက်ပိုဆိုးအုံးမှာပါလို့။ ဖောင်ကြီးကို ကိုယ့်စရိတ်နဲ့ ကိုယ်တောင် ပြန်သွားချင်စိတ် ဖြစ်သွားပါတယ်။source;Nang Shwe Zin Hninn

Tags:

Add a Comment

Your email address will not be published. Required fields are marked *