Unicode…လူ့ဘဝကနေ ခေတ္တအနားယူဖို့ ဆိတ်ဘ၀ ပြောင်းပြီးနေထိုင်ကြည့်ခဲ့တဲ့ အမျိုးသား
ဓါတ်ပုံမှာ ဖော်ပြထားတဲ့ သူဟာ ဆိတ် တွေကို နှစ်သက်သဘောကျသူတစ်ယောက်ဖြစ်ပြီးတော့ သူဟာ ဆိတ်တွေနဲ့ အတူ တောင်တွေပေါ်မှာ နေထိုင်နိုင်ဖို့ အတွက်ကို လူ့ဘဝရဲ့ အခွင့်အရေးတွေ အားလုံးကို စွန့်လွှတ်ခဲ့တယ်လို့ သိရပါတယ်နော်။
Thomas Thwaites ဆိုသူက ဆွစ်ဇာလန် နိုင်ငံ တစ်နေရာက ဆိတ်အုပ်ထဲမှာ ၃ ရက်ခန့် အတူနေခဲ့ပြီးတော့ ဆိတ်တွေရဲ့ အမူအကျင့်တွေကို လေ့လာခဲ့တာပါ။ အဲဒီနောက်မှာတော့ ဆိတ်တွေ ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံအတိုင်းဖြစ်သွားစေရန်
သူ့ရဲ့ လက် ၂ ဖက်နေရာမှာလည်း ခြေထောက်အတုတွေတက်ခဲ့ပြီးတော့ သူဟာ ဆိတ်တွေလောက် ခြေ ၄ ချောင်းနဲ့ လွယ်ကူစွာ လှုပ်ရှားနိုင်ဖို့ လေ့လာခဲ့တယ်လို့ သိရပါတယ်နော်။ထို့ပြင် ပိုဆိုးတာဟာ သူဟာ
ဆိတ်တွေလိုပဲ မြက်တွေကို စားနိုင်ဖို့အတွက်ကို အစာအိမ်ကိုလည်း ခွဲစိတ်ပြုပြင်မှု တွေ ပြုလုပ်ထားသေးတယ်ဆိုတာပါပဲနော်။ သူ့ရဲ့ ရည်ရွယ်ချက်ဟာ လူ့ဘ၀ ကနေ ခေတ္တ အနားယူဖို့ ဖြစ်ပါတယ်တဲ့။Mashable သတင်းဌာနကို Mr Thwaites က ငါ့ရဲ့ ရည်ရွယ်က နာကျင်မှုတွေ ၊
ကိုယ့်အတွက်ပဲ ကိုယ်တွေးပြီး စိတ်ပူနေရတာတွေ ကနေ အားလပ်ရက် ရယူပြီး အတိတ်ကို မေ့ဖို့ ၊ အနာဂါတ်အတွက် စိတ်မပူဖို့ပဲ ဖြစ်တယ် လို့ ပြောပါတယ်။Mr Thwaites က ဗြိတိန်နိုင်ငံက အယူအဆ ဆိုင်ရာ ဒီဇိုင်နာ တစ်ယောက်ဖြစ်ပြီးတော့
လူသားတွေဟာ မိမိ စိတ်ဆန္ဒအတွက် နည်းပညာ တွေ ဘယ်လိုအသုံးပြုလဲဆိုတာကို အဓိက ထားလေ့လာခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်နော်။ငါ နေ့ရက်တောတော်များများကို တောင်တက်တောင် ဆင်းလုပ်ပြီး ဆိတ်တွေလို နေကြည့်ခဲ့ပါတယ်။
တောင်ပေါ်က ဆင်းရတာတော့ ငါ့အတွက် ခက်ခဲပါတယ်။ ဘာလို့လည်း ဆိုတော့ ငါသာ ချော်လဲသွားခဲ့ရင် ငါ့မှာ ကျောက်တုံးတွေနဲ့ မတိုက်မိအောင် ဟန့်တားနိုင်မယ့် လက်တွေမရှိလို့ပါ။ လို့ Mr Thwaites က ပြောတာပါ။
Mr Thwaites ဟာ သူ့ရဲ့ အတွေ့အကြုံတွေကိုတော့ GoatMan; How I Took a Holiday from Being Human ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးသား ထုတ်ဝေဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်နော်။credit
Tags:
Add a Comment
Your email address will not be published. Required fields are marked *