အိႏၵိယမွာ ေတြ႕ရွိခဲ့တဲ့ ရွားပါး အဝါေရာင္ လိပ္ကေလး

အိႏၵိယမွာ ေတြ႕ရွိခဲ့တဲ့ ရွားပါး အဝါေရာင္ လိပ္ကေလး

တကိုယ္လုံး အဝါေရာင္ျဖစ္ေနတဲ့ ဒီလိပ္ကေလးကိုေတာ့ အိႏၵိယနိုင္ငံ Odisha ျပည္နယ္မွာ ေတြ႕ရွိခဲ့တာပါ။Balasore ၿမိဳ့အနီး Sujanpur ရြာက လယ္သမားတေယာက္ဟာ သူ႔လယ္ကြင္းထဲမွာ အလုပ္လုပ္ေနရင္း နဲ

႔ ဒီလိပ္ကေလးကို အမွတ္မထင္ ေတြ႕ရွိခဲ့ရတာပါ။ပထမေတာ့ လယ္သမားဟာ ဒီလိပ္ကေလးကို သူ႔အိမ္ကိုယူသြားမလို့လုပ္ခဲ့ေပမယ့္လည္း ပုံမွန္မဟုတ္ပဲ ထူးျခားတဲ့ပုံစံျဖစ္ေနတာေၾကာင့္ တာဝန္ရွိသူေတြထံ အေၾကာင္းၾကားေပးပို့ခဲ့တာျဖစ္ပါတယ္တဲ့။

ဒီလိုနဲ႔ ဒီလိပ္ကေလးဟာ ေတာရိုင္းသဘာ၀ သက္ရွိ ထိမ္းသိမ္းေစာင့္ေရွာက္ေရးဌာနကို ေရာက္ရွိသြားခဲ့တာပါ။ ဌာနရဲ့ ဒါရိုက္တာတေယာက္ျဖစ္တဲ့ Siddhartha Pati ကေတာ့ ဒီလိုလိပ္ကေလးကို သူပထမဆုံး ျမင္ဖူးျခင္းျဖစ္တယ္ လို့ ဆိုပါတယ္ေနာ္။ေအာက္တိုဘာလ ၂၇ ရက္က

သစ္ေတာအရာရွိတေယာက္ဟာ ဒီ အဝါေရာင္လိပ္ကေလးရဲ့ ဗီဒီယိုကို ဆိုရွယ္မီဒီယာေပၚ မွာ ျပန္လည္မၽွေဝခဲ့ၿပီးတဲ့ ေနာက္မွာေတာ့ ထူးျခားတဲ့ပုံသ႑ာန္ေၾကာင့္ အင္တာနက္မွာ လူသိမ်ား ေရပန္းစားသြားခဲ့တာပါ။ လူအမ်ားစုကေတာ့ လိပ္ကေလးကို အရည္ေပ်ာ္ေနတဲ့ ဒိန္ခဲ နဲ႔ ခိုင္းႏွိုင္းနာမည္ေပးျကတာပါ။

(တကယ္ေတာ့ ဒီလိပ္ကေလးကို ဇူလိုင္လကတည္းက ေတြ႕ခဲ့တာျဖစ္ပါတယ္။ )လိပ္ကေလးဟာ flapshell အမ်ိဳးအစား ေရလိပ္ျဖစ္ၿပီးေတာ့ ဒီလိုလိပ္အမ်ိဳးအစားေတြကိုေတာ့ အိႏၵိယအပါအဝင္ ေတာင္အာရွနိုင္ငံေတြျဖစ္တဲ့ ပါကစၥတန္ ၊ သီရိလကၤာ ၊ နီေပါ ၊ ဘဂၤလားေဒ့ရွ္ နဲ႔ အေရွ႕ေတာင္အာရွက ျမန္မာနိုင္ငံတို့မွာ ေတြ႕ရေလ့ရွိတယ္လို့ သိရပါတယ္ေနာ္။

အိႏၵိယ flapshell လိပ္ေတြဟာ ပုံမွန္အရြယ္အစား ခႏၶာကိုယ္အလ်ား ၉လက္မ ကေန ၁၄ လက္မခန႔္အထိ ရွိၿပီး ဖား ၊ ခ႐ု နဲ႔ ေရေန အပင္ေလးေတြကို စားသုံးေလ့ရွိၾကပါတယ္ေနာ္။ ကၽြမ္းက်င္သူေတြကေတာ့ ဒီလိပ္ကေလး တကိုယ္လုံး အဝါေရာင္ျဖစ္ေနတာဟာ ရွားပါးတဲ့ albino ေရာဂါေၾကာင့္လို့ဆိုပါတယ္။

Albino ေရာဂါကိုေတာ့ ေမြးရာပါ အသားအေရာင္နဲ႔ ဆံပင္ ဆြတ္ဆြတ္ျဖဴတဲ့ ေရာဂါတစ္မ်ိဳးလို့ ကၽြန္ေတာ္တို့သိၾကပါတယ္။ ဒီလိပ္ကေလးကေတာ့ ေျခေတြ လက္ေတြကအစ တကိုယ္လုံး ဝါေနတာပါတဲ့။ လိပ္ကေလး အခုလိုျဖစ္ေနတာဟာ ေမြးရာပါျဖစ္ၿပီးေတာ့ ကိုယ္တြင္းမွာရွိတဲ့ tyrosine

ေရာင္ျခယ္ပစၥည္း ပါဝင္မွု နည္းပါးတာေၾကာင့္ျဖစ္ကာ အျခားတိရစၧာန္အခ်ိဳ့မွာလည္း ဒီလိုအေျခအေနကို ေတြ႕ရတတ္တယ္လို့ Siddhartha Pati က ဆိုပါတယ္ေနာ္။ကၽြမ္းက်င္သူေတြရဲ့ စစ္ေဆးခ်က္အရေတာ့ လိပ္ကေလးဟာ အရြယ္ေရာက္ၿပီးျဖစ္ကာ အသက္ ၁ႏွစ္ခြဲကေန ၂ႏွစ္ၾကား ေရာက္ရွိေနၿပီ လို့သိရပါတယ္။

၁၉၉၇ ခုႏွစ္ကလည္း အိႏၵိယနိုင္ငံ ဂူဂ်ာရတ္ျပည္နယ္မွာ တကိုယ္လုံးအဝါေရာင္ရွိၿပီး မ်က္လုံးပန္းေရာင္ ျဖစ္ေနတဲ့ လိပ္ကေလးတေကာင္ ကို ရွာေဖြေတြ႕ရွိခဲ့ဖူးပါေသးတယ္ေနာ္။ ၾသဂုတ္လကလည္း ဒီလိပ္နဲ႔ ပုံစံတူလိပ္ကေလးကို နီေပါနိုင္ငံမွာ ေ

တြ႕ရွိခဲ့ရပါေသးတယ္။ အခုတခါ ေတြ႕ရတဲ့လိပ္ကေလးဟာ အိႏၵိယမွာ ဒုတိယေျမာက္ေတြ႕ရတဲ့ Albino လိပ္ကေလး ျဖစ္ပါတယ္ေနာ္။ အခုအခ်ိန္မွာေတာ့ ဒီလိပ္ကေလးကို ရြာအနီးက ေရကန္ထဲကို ျပန္လႊတ္ေပးလိုက္ၿပီ လို့ သိရပါတယ္ေနာ္။source;သုတဇုန္

Unicode…အိန္ဒိယမှာ တွေ့ရှိခဲ့တဲ့ ရှားပါး အဝါရောင် လိပ်ကလေး

တကိုယ်လုံး အဝါရောင်ဖြစ်နေတဲ့ ဒီလိပ်ကလေးကိုတော့ အိန္ဒိယနိုင်ငံ Odisha ပြည်နယ်မှာ တွေ့ရှိခဲ့တာပါ။Balasore မြို့အနီး Sujanpur ရွာက လယ်သမားတယောက်ဟာ သူ့လယ်ကွင်းထဲမှာ အလုပ်လုပ်နေရင်း နဲ

့ ဒီလိပ်ကလေးကို အမှတ်မထင် တွေ့ရှိခဲ့ရတာပါ။ပထမတော့ လယ်သမားဟာ ဒီလိပ်ကလေးကို သူ့အိမ်ကိုယူသွားမလို့လုပ်ခဲ့ပေမယ့်လည်း ပုံမှန်မဟုတ်ပဲ ထူးခြားတဲ့ပုံစံဖြစ်နေတာကြောင့် တာဝန်ရှိသူတွေထံ အကြောင်းကြားပေးပို့ခဲ့တာဖြစ်ပါတယ်တဲ့။

ဒီလိုနဲ့ ဒီလိပ်ကလေးဟာ တောရိုင်းသဘာ၀ သက်ရှိ ထိမ်းသိမ်းစောင့်ရှောက်ရေးဌာနကို ရောက်ရှိသွားခဲ့တာပါ။ ဌာနရဲ့ ဒါရိုက်တာတယောက်ဖြစ်တဲ့ Siddhartha Pati ကတော့ ဒီလိုလိပ်ကလေးကို သူပထမဆုံး မြင်ဖူးခြင်းဖြစ်တယ် လို့ ဆိုပါတယ်နော်။အောက်တိုဘာလ ၂၇ ရက်က

သစ်တောအရာရှိတယောက်ဟာ ဒီ အဝါရောင်လိပ်ကလေးရဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ် မှာ ပြန်လည်မျှဝေခဲ့ပြီးတဲ့ နောက်မှာတော့ ထူးခြားတဲ့ပုံသဏ္ဍာန်ကြောင့် အင်တာနက်မှာ လူသိများ ရေပန်းစားသွားခဲ့တာပါ။ လူအများစုကတော့ လိပ်ကလေးကို အရည်ပျော်နေတဲ့ ဒိန်ခဲ နဲ့ ခိုင်းနှိုင်းနာမည်ပေးကြတာပါ။

(တကယ်တော့ ဒီလိပ်ကလေးကို ဇူလိုင်လကတည်းက တွေ့ခဲ့တာဖြစ်ပါတယ်။ )လိပ်ကလေးဟာ flapshell အမျိုးအစား ရေလိပ်ဖြစ်ပြီးတော့ ဒီလိုလိပ်အမျိုးအစားတွေကိုတော့ အိန္ဒိယအပါအဝင် တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန် ၊ သီရိလင်္ကာ ၊ နီပေါ ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အရှေ့တောင်အာရှက မြန်မာနိုင်ငံတို့မှာ တွေ့ရလေ့ရှိတယ်လို့ သိရပါတယ်နော်။

အိန္ဒိယ flapshell လိပ်တွေဟာ ပုံမှန်အရွယ်အစား ခန္ဓာကိုယ်အလျား ၉လက်မ ကနေ ၁၄ လက်မခန့်အထိ ရှိပြီး ဖား ၊ ခရု နဲ့ ရေနေ အပင်လေးတွေကို စားသုံးလေ့ရှိကြပါတယ်နော်။ ကျွမ်းကျင်သူတွေကတော့ ဒီလိပ်ကလေး တကိုယ်လုံး အဝါရောင်ဖြစ်နေတာဟာ ရှားပါးတဲ့ albino ရောဂါကြောင့်လို့ဆိုပါတယ်။

Albino ရောဂါကိုတော့ မွေးရာပါ အသားအရောင်နဲ့ ဆံပင် ဆွတ်ဆွတ်ဖြူတဲ့ ရောဂါတစ်မျိုးလို့ ကျွန်တော်တို့သိကြပါတယ်။ ဒီလိပ်ကလေးကတော့ ခြေတွေ လက်တွေကအစ တကိုယ်လုံး ဝါနေတာပါတဲ့။ လိပ်ကလေး အခုလိုဖြစ်နေတာဟာ မွေးရာပါဖြစ်ပြီးတော့ ကိုယ်တွင်းမှာရှိတဲ့ tyrosine

ရောင်ခြယ်ပစ္စည်း ပါဝင်မှု နည်းပါးတာကြောင့်ဖြစ်ကာ အခြားတိရစ္ဆာန်အချို့မှာလည်း ဒီလိုအခြေအနေကို တွေ့ရတတ်တယ်လို့ Siddhartha Pati က ဆိုပါတယ်နော်။ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရတော့ လိပ်ကလေးဟာ အရွယ်ရောက်ပြီးဖြစ်ကာ အသက် ၁နှစ်ခွဲကနေ ၂နှစ်ကြား ရောက်ရှိနေပြီ လို့သိရပါတယ်။

၁၉၉၇ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်မှာ တကိုယ်လုံးအဝါရောင်ရှိပြီး မျက်လုံးပန်းရောင် ဖြစ်နေတဲ့ လိပ်ကလေးတကောင် ကို ရှာဖွေတွေ့ရှိခဲ့ဖူးပါသေးတယ်နော်။ သြဂုတ်လကလည်း ဒီလိပ်နဲ့ ပုံစံတူလိပ်ကလေးကို နီပေါနိုင်ငံမှာ ေ

တွ့ရှိခဲ့ရပါသေးတယ်။ အခုတခါ တွေ့ရတဲ့လိပ်ကလေးဟာ အိန္ဒိယမှာ ဒုတိယမြောက်တွေ့ရတဲ့ Albino လိပ်ကလေး ဖြစ်ပါတယ်နော်။ အခုအချိန်မှာတော့ ဒီလိပ်ကလေးကို ရွာအနီးက ရေကန်ထဲကို ပြန်လွှတ်ပေးလိုက်ပြီ လို့ သိရပါတယ်နော်။source;သုတဇုန်

Tags:

Add a Comment

Your email address will not be published. Required fields are marked *