စိတ္ဓာတ္ကို အေျခခံကစၿပီးေတာ့ ပ်ိဳးေထာင္ေပးထားတဲ့ စကၤာပူနိုင္ငံသားေတြရဲ့ ေနထုိင္မူပံုစံ

စိတ္ဓာတ္ကို အေျခခံကစၿပီး်တာ့ ပ်ိဳးေထာင္ေပးထားတဲ့ စကၤာပူနိုင္ငံသားေတြရဲ့ လုပ္ရပ္ေလးနွစ္ခု

စကၤာပူနိုင္ငံသားေတြရဲ့ ေနထိုင္မွုပုံစံကုိ ဒီေန႔ ေတြ႕ရသေလာက္ေလး ေျပာျပခ်င္ပါတယ္။ နာမည္ေက်ာ္ Orchard Road ေပၚက ဘတ္စကားမွတ္တိုင္ေလးမွာ ျဖစ္ပါတယ္။

ပုံပါ အကၤ်ီအဝါနဲ႔ အမ်ိဳးသားဟာ အသက္ ၆၀ ေက်ာ္ ၇၀ ဝန္းက်င္လို့ ထင္ရပါတယ္။ လက္ထဲမွာလည္း အမ်ိဳးသမီးလက္သည္း အလွဆင္တဲ့လုပ္ငန္းေၾကာ္ျငာ လိုက္ေဝေနတာပါတဲ့။

ထူးျခားတာကေတာ့ သူ႔ေၾကာ္ျငာကို အမ်ိဳးသားေတြလက္ထဲ မထည့္ပါဘူး။ အမ်ိဳးသမီးေတြလာမွ ျပ႐ုံပဲျပတာပါ။ စိတ္ဝင္စားတဲ့သူကယူသြားၾကတာေပါ့။အသက္မျပည့္ေသးတဲ့ကေလးေတြနဲ႔ လက္ထဲ ပစၥည္းတစ္ခုခုကိုင္လာလို့

လက္မအားတဲ့သူေတြကိုလဲ မေပးပါဘူးတဲ့။ သူ႔တာဝန္ကဘာလဲဆိုတာထက္ သူရဲ့အလုပ္က သူတစ္ပါးကိုမထိခိုက္ေအာင္ အရင္ဆုံးႀကိဳးစားၾကတာပါေနာ္။

ေနာက္တစ္ေယာက္ကေတာ့ စကၤာပူနိုင္ငံသားလို့ပဲ ထင္ရပါတယ္။ အိႏၵိယအႏြယ္ဝင္ ျဖစ္ပုံရပါတယ္ေနာ္။ ေလးစားစရာက ေတာ့ မ်က္မျမင္ဒုကၡိတျဖစ္ေနေပမဲ့ ေတာင္းမစားပါဘူး။ လက္ထဲမွာ တစ္ရွူးအထုပ္ေလးေတြ ကိုင္ထားပါတယ္။

တစ္ထုပ္ကို ဘယ္ေစ်းလဲဆိုတာ ပါးစပ္က တစ္ဖြဖြရြတ္ေနပါတယ္။ သနားတဲ့လူက ဝယ္သြားပါတယ္။ ဒါကနိုင္ငံသားေတြရဲ့ စိတ္ဓာတ္ကိုအေျခခံကစၿပီး ပ်ိဳးေထာင္ေပးထားနိုင္တဲ့

စနစ္ေၾကာင့္လို့ပဲ ျမင္မိပါတယ္ေနာ္။ကဲေရႊျမန္မာေတြ စကၤာပူကိုမွီခ်င္ရင္ အႏွစ္ ၂၀ ေစာင့္ေနတာထက္ တစ္ဦးခ်င္းစီက ေျပာင္းလဲတာ ပိုအဆင္ေျပမယ္ထင္ပါတယ္ေနာ္။Source;Maung Maung

Unicode…စိတ်ဓာတ်ကို အခြေခံကစပြီးျတာ့ ပျိုးထောင်ပေးထားတဲ့ စင်္ကာပူနိုင်ငံသားတွေရဲ့ လုပ်ရပ်လေးနှစ်ခု

စင်္ကာပူနိုင်ငံသားတွေရဲ့ နေထိုင်မှုပုံစံကို ဒီနေ့ တွေ့ရသလောက်လေး ပြောပြချင်ပါတယ်။ နာမည်ကျော် Orchard Road ပေါ်က ဘတ်စကားမှတ်တိုင်လေးမှာ ဖြစ်ပါတယ်။

ပုံပါ အင်္ကျီအဝါနဲ့ အမျိုးသားဟာ အသက် ၆၀ ကျော် ၇၀ ဝန်းကျင်လို့ ထင်ရပါတယ်။ လက်ထဲမှာလည်း အမျိုးသမီးလက်သည်း အလှဆင်တဲ့လုပ်ငန်းကြော်ငြာ လိုက်ဝေနေတာပါတဲ့။

ထူးခြားတာကတော့ သူ့ကြော်ငြာကို အမျိုးသားတွေလက်ထဲ မထည့်ပါဘူး။ အမျိုးသမီးတွေလာမှ ပြရုံပဲပြတာပါ။ စိတ်ဝင်စားတဲ့သူကယူသွားကြတာပေါ့။အသက်မပြည့်သေးတဲ့ကလေးတွေနဲ့ လက်ထဲ ပစ္စည်းတစ်ခုခုကိုင်လာလို့

လက်မအားတဲ့သူတွေကိုလဲ မပေးပါဘူးတဲ့။ သူ့တာဝန်ကဘာလဲဆိုတာထက် သူရဲ့အလုပ်က သူတစ်ပါးကိုမထိခိုက်အောင် အရင်ဆုံးကြိုးစားကြတာပါနော်။

နောက်တစ်ယောက်ကတော့ စင်္ကာပူနိုင်ငံသားလို့ပဲ ထင်ရပါတယ်။ အိန္ဒိယအနွယ်ဝင် ဖြစ်ပုံရပါတယ်နော်။ လေးစားစရာက တော့ မျက်မမြင်ဒုက္ခိတဖြစ်နေပေမဲ့ တောင်းမစားပါဘူး။ လက်ထဲမှာ တစ်ရှူးအထုပ်လေးတွေ ကိုင်ထားပါတယ်။

တစ်ထုပ်ကို ဘယ်ဈေးလဲဆိုတာ ပါးစပ်က တစ်ဖွဖွရွတ်နေပါတယ်။ သနားတဲ့လူက ဝယ်သွားပါတယ်။ ဒါကနိုင်ငံသားတွေရဲ့ စိတ်ဓာတ်ကိုအခြေခံကစပြီး ပျိုးထောင်ပေးထားနိုင်တဲ့

စနစ်ကြောင့်လို့ပဲ မြင်မိပါတယ်နော်။ကဲရွှေမြန်မာတွေ စင်္ကာပူကိုမှီချင်ရင် အနှစ် ၂၀ စောင့်နေတာထက် တစ်ဦးချင်းစီက ပြောင်းလဲတာ ပိုအဆင်ပြေမယ်ထင်ပါတယ်နော်။Source;Maung Maung

Add a Comment

Your email address will not be published. Required fields are marked *