သားေယာကၤ်ားေလး(၁၄) ေယာက္ထြန္းကားၿပီးေနာက္မွ သမီးမိန္းကေလး ရလာတဲ့ မိသားစုေလး

သားေယာကၤ်ားေလး ၁၄ ေယာက္ထြန္းကားၿပီးေနာက္မွ သမီးမိန္းကေလး ရလာတဲ့ မိသားစုေလး

အေမရိကန္၊ မီခ်ီကန္ျပည္နယ္က ဇနီးေမာင္ႏွံဟာ သားေယာကၤ်ားေလး ၁၄ ေယာက္ထြန္းကားၿပီးေနာက္ မိသားစုဝင္အသစ္ သမီးမိန္းကေလးေမြးဖြားျပီး အလြန္ဝမ္းေျမာက္ဝမ္းသာေပ်ာ္ရႊင္သြားေသာ အရာ တစ္ခု ေျပာျပေပးခ်င္ပါတယ္။

အသက္ ၄၅ အရြယ္ရွိၿပီ ျဖစ္ေသာ ဇနီးေမာင္ႏွံဟာ အထက္တန္းေက်ာင္းသားဘဝကတည္းကေနျပီးေတာ့ ခ်စ္ႀကိဳက္ခဲ့ၾက ၿပီး၊ ၁၉၉၃ ခုႏွစ္တြင္ လက္ထပ္ခဲ့ၾကတာပါ။ အိမ္ေထာင္သည္ဘဝနဲ႔တကၠသိုလ္တက္ရင္းနဲ့ သားသမီး ၃ ေယာက္ထြန္းကားခဲ့တာပါ။ဒီလိုနဲ႔ဘဝေတြျဖတ္သန္းရင္း

မိသားစုဝင္အသစ္ေတြတစ္ဦးၿပီးတစ္ဦးတိုးကာ အားလုံးေပါင္း သားေယာကၤ်ားေလး ၁၄ ေယာက္တိတိ ရွိလာခဲ့တာပါ။ ဒီေလာက္ႀကီးမားေသာမိသားစုႏွင့္အတူေနထိုင္ျခင္းဟာ အလြန္ရွုပ္ေထြးၿပီး ဆူညံလြန္းပါတယ္ေနာ္။

ဒါေပမယ့္လည္း ေပ်ာ္ရႊင္ဖို့ေကာင္းတယ္လို့ ဆိုတာပါ။သမီးမိန္းကေလးရခ်င္ေပမယ့္လည္း မရခဲ့ဘဲ သား ၁၄ ေယာက္အထိရွိသြားေသာမိခင္ဟာ ယခုႏွစ္အေစာပိုင္းမွာ သူမရဲ့ ၁၅ ေယာက္ေျမာက္ကိုယ္ဝန္ဟာ မိန္းကေလးျဖစ္သည္ဟု သတင္းေကာင္းသိသြားတဲ့အခ်ိန္မွာေတာ့

မိသားစုဝင္မ်ားအလြန္ဝမ္းသာေပ်ာ္ရႊင္သြားၾကပါတယ္ေနာ္။ နိုဝင္ဘာလအေစာမွာ ေမြးဖြားလာေသာသမီးေလးအား မကၠီ ဂ်ိန္း လို့အမည္ေပးၿပီးေတာ့ အစ္ကို ၁၄ ေယာက္တို့၏ ပထမဆုံးညီမေလးျဖစ္လာတာပါ။ေနာက္ဆုံးေတာ့ ကၽြန္ေတာ့္ရဲ့မိဘေတြက သမီးမိန္းကေလးရရွိသြားတဲ့ခံစားခ်က္ကို ရရွိသြားတယ္။

သမီးမိန္းကေလးအတြက္ ပန္းေရာင္အဝတ္အစားေလးေတြ၊ အသုံးေဆာင္ပစၥည္းေတြနဲ႔ ကၽြန္ေတာ့္အေမဟာ ဘယ္လိုပုံစံျဖစ္မလဲဆိုတာ ကၽြန္ေတာ္စဥ္းစားလို့မရပါ လို့ အသက္ ၂၈ ႏွစ္အရြယ္ရွိ သားအႀကီးဆုံးက ေျပာပါတယ္။

ကၽြန္ေတာ္တို့ အရမ္းေပ်ာ္္ၿပီး အရမ္းလည္းစိတ္လွုပ္ရွားတယ္၊ သမီးေလးက ကၽြန္ေတာ္တို့မိသားစုရဲ့အစိတ္အပိုင္းတစ္ခုျဖစ္တယ္၊ ဒီႏွစ္မွာ အမွတ္ရစရာအေၾကာင္းအရာမ်ားစြာရွိေပမယ့္ သမီးေလးက ဘုရားေပးတဲ့အေကာင္းဆုံးလက္ေဆာင္ျဖစ္တယ္ လို့ ဖခင္ျဖစ္သူက ဆုိပါတယ္။

မိသားစုႀကီးတစ္ခုကို ျပဳစုပ်ိဳးေထာင္နိုင္ဖို့ မိဘရဲ့အလုပ္အကိုင္ေတြကေတာ့ ဖခင္က ေရွ႕ေနတစ္ဦးျဖစ္ၿပီးေတာ့ ေျမအေရာင္းအဝယ္ဆိုင္ရာကိုယ္ပိုင္လုပ္ငန္းတစ္ခုရွိၿပီး မိခင္ကေတာ့ လူမွုေရးလုပ္ငန္းဆိုင္ရာအလုပ္တစ္ခုမွာ

လုပ္ကိုင္ေနပါတယ္ေနာ္။ ဒါ့အျပင္ လက္ရွိမွာ ၎မိသားစုသည္ သား ၁၄ ေယာက္စလုံးရဲ့ ငါးဖမ္းျခင္း၊ ေတာင္တက္ျခင္း အစရွိတဲ့ ေယာကၤ်ားေလးေတြရဲ့စြန႔္စားဖြယ္ရာျပင္ပလွုပ္ရွားမွုမ်ားႏွင့္ဆိုင္ေသာ 14 Outdoorsmen

ဆိုတဲ့တီဗြီအစီအစဥ္တစ္ခုကို ရိုက္ကူးတင္ဆက္ေနပါတယ္တဲ့။ ဒါေပမယ့္ ယခုမွာေတာ့ အစီအစဥ္ရဲ့နာမည္ကို အနည္းငယ္ေျပာင္းလဲဖို့လိုအပ္ေနၿပီေပါ့ဗ်ာ။ credit;popolay

Unicode…သားယောင်္ကျားလေး ၁၄ ယောက်ထွန်းကားပြီးနောက်မှ သမီးမိန်းကလေး ရလာတဲ့ မိသားစုလေး

အမေရိကန်၊ မီချီကန်ပြည်နယ်က ဇနီးမောင်နှံဟာ သားယောင်္ကျားလေး ၁၄ ယောက်ထွန်းကားပြီးနောက် မိသားစုဝင်အသစ် သမီးမိန်းကလေးမွေးဖွားပြီး အလွန်ဝမ်းမြောက်ဝမ်းသာပျော်ရွှင်သွားသော အရာ တစ်ခု ပြောပြပေးချင်ပါတယ်။

အသက် ၄၅ အရွယ်ရှိပြီ ဖြစ်သော ဇနီးမောင်နှံဟာ အထက်တန်းကျောင်းသားဘဝကတည်းကနေပြီးတော့ ချစ်ကြိုက်ခဲ့ကြ ပြီး၊ ၁၉၉၃ ခုနှစ်တွင် လက်ထပ်ခဲ့ကြတာပါ။ အိမ်ထောင်သည်ဘဝနဲ့တက္ကသိုလ်တက်ရင်းနဲ့ သားသမီး ၃ ယောက်ထွန်းကားခဲ့တာပါ။ဒီလိုနဲ့ဘဝတွေဖြတ်သန်းရင်း

မိသားစုဝင်အသစ်တွေတစ်ဦးပြီးတစ်ဦးတိုးကာ အားလုံးပေါင်း သားယောင်္ကျားလေး ၁၄ ယောက်တိတိ ရှိလာခဲ့တာပါ။ ဒီလောက်ကြီးမားသောမိသားစုနှင့်အတူနေထိုင်ခြင်းဟာ အလွန်ရှုပ်ထွေးပြီး ဆူညံလွန်းပါတယ်နော်။

ဒါပေမယ့်လည်း ပျော်ရွှင်ဖို့ကောင်းတယ်လို့ ဆိုတာပါ။သမီးမိန်းကလေးရချင်ပေမယ့်လည်း မရခဲ့ဘဲ သား ၁၄ ယောက်အထိရှိသွားသောမိခင်ဟာ ယခုနှစ်အစောပိုင်းမှာ သူမရဲ့ ၁၅ ယောက်မြောက်ကိုယ်ဝန်ဟာ မိန်းကလေးဖြစ်သည်ဟု သတင်းကောင်းသိသွားတဲ့အချိန်မှာတော့

မိသားစုဝင်များအလွန်ဝမ်းသာပျော်ရွှင်သွားကြပါတယ်နော်။ နိုဝင်ဘာလအစောမှာ မွေးဖွားလာသောသမီးလေးအား မက္ကီ ဂျိန်း လို့အမည်ပေးပြီးတော့ အစ်ကို ၁၄ ယောက်တို့၏ ပထမဆုံးညီမလေးဖြစ်လာတာပါ။နောက်ဆုံးတော့ ကျွန်တော့်ရဲ့မိဘတွေက သမီးမိန်းကလေးရရှိသွားတဲ့ခံစားချက်ကို ရရှိသွားတယ်။

သမီးမိန်းကလေးအတွက် ပန်းရောင်အဝတ်အစားလေးတွေ၊ အသုံးဆောင်ပစ္စည်းတွေနဲ့ ကျွန်တော့်အမေဟာ ဘယ်လိုပုံစံဖြစ်မလဲဆိုတာ ကျွန်တော်စဉ်းစားလို့မရပါ လို့ အသက် ၂၈ နှစ်အရွယ်ရှိ သားအကြီးဆုံးက ပြောပါတယ်။

ကျွန်တော်တို့ အရမ်းပျော်ပြီး အရမ်းလည်းစိတ်လှုပ်ရှားတယ်၊ သမီးလေးက ကျွန်တော်တို့မိသားစုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်၊ ဒီနှစ်မှာ အမှတ်ရစရာအကြောင်းအရာများစွာရှိပေမယ့် သမီးလေးက ဘုရားပေးတဲ့အကောင်းဆုံးလက်ဆောင်ဖြစ်တယ် လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။

မိသားစုကြီးတစ်ခုကို ပြုစုပျိုးထောင်နိုင်ဖို့ မိဘရဲ့အလုပ်အကိုင်တွေကတော့ ဖခင်က ရှေ့နေတစ်ဦးဖြစ်ပြီးတော့ မြေအရောင်းအဝယ်ဆိုင်ရာကိုယ်ပိုင်လုပ်ငန်းတစ်ခုရှိပြီး မိခင်ကတော့ လူမှုရေးလုပ်ငန်းဆိုင်ရာအလုပ်တစ်ခုမှာ

လုပ်ကိုင်နေပါတယ်နော်။ ဒါ့အပြင် လက်ရှိမှာ ၎င်းမိသားစုသည် သား ၁၄ ယောက်စလုံးရဲ့ ငါးဖမ်းခြင်း၊ တောင်တက်ခြင်း အစရှိတဲ့ ယောင်္ကျားလေးတွေရဲ့စွန့်စားဖွယ်ရာပြင်ပလှုပ်ရှားမှုများနှင့်ဆိုင်သော 14 Outdoorsmen

ဆိုတဲ့တီဗွီအစီအစဉ်တစ်ခုကို ရိုက်ကူးတင်ဆက်နေပါတယ်တဲ့။ ဒါပေမယ့် ယခုမှာတော့ အစီအစဉ်ရဲ့နာမည်ကို အနည်းငယ်ပြောင်းလဲဖို့လိုအပ်နေပြီပေါ့ဗျာ။ credit;popolay

Add a Comment

Your email address will not be published. Required fields are marked *