နာရေးကူညီမှုအသင်းကို ဆက်ခံရမယ့်သူလို့ နာမည်ထွက်နေတဲ့အပေါ်မှာ သူ့ရဲ့သဘောထားကို ပြောလာတဲ့ ထွန်းကိုကို

နာရေးကူညီမှုအသင်းကို ဆက်ခံရမယ့်သူလို့ နာမည်ထွက်နေတဲ့အပေါ်မှာ သူ့ရဲ့ သဘောထားကို ပြောလာတဲ့ ထွန်းကိုကို

နာရေးကူညီမှုအသင်းကို ဆက်ခံမယ့်သူ ရှာတွေ့ပြီလို့ ဦးကျော်သူပြောခဲ့ပြီးနောက်မှာတော့ ပရိသတ် တော်တော်များများဟာ ထွန်းကိုကို ဖြစ်လာမလား ဆိုပြီး မှတ်ချက်တွေ ပေးကြတာပါ။

ထွန်းကိုကို ကလည်း နာရေးကူညီမှုအသင်းရဲ့ ဆက်ခံသူအဖြစ် တာဝန်ယူသွားရမယ်ဆိုရင်တာဝန်ယူရမယ့် အရာတွေဟာ အရမ်းကို ကြီးမားလွန်းတယ်လို့ ပြောခဲ့တာပါ။သူက ဒီကိစ္စကတော့ ကျွန်တော်တို့ဘက်မှာ ပြင်ဆင်မှုတွေ အများကြီးလိုပါသေးတယ်။

လိုအပ်ချက်တွေလည်း အများကြီးရှိပါတယ်။ နေရာ တစ်ခုအတွက် အခုလို ပရဟိတ လုပ်တာ မဟုတ်ဘဲ အသင်းအတွက်ကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်နေတာပါ။ ကျွန်တော်မှ မဟုတ်ဘူး တခြားသူတွေလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

ဒီ ကိစ္စက အကောင်းဆုံးလူ ဖြစ်ဖို့လည်း လိုသလို အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့ကလည်း လိုအပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဟိုးအောက်ခြေက စပြီး အသင်းမှာ မလုပ်တတ်တဲ့ အရာဆိုတာ မရှိအောင် အကုန် လိုက်လုပ်ခဲ့ဖူးတယ်။

ဆက်ခံမယ့်သူကို ဦးမောင်က စဉ်းစားနေပေမယ့် ဒီနေရာက တာဝန်အရမ်းကြီးပါတယ်။ ကိုယ့်ဘက်က အများကြီး ပြင်ဆင်မှု၊ လေ့လာမှု၊ တစ်ယောက်အကြောင်း တစ်ယောက် သိဖို့ ကိစ္စတွေအတွက် အများကြီး အချိန်ယူရဦးမှာပါ လို့ပြောခဲ့တာပါ။

ထွန်းကိုကိုဟာ အောက်တိုဘာလ (၂၁) ရက်နေ့တုန်းက ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတဲ့ ဦးကျော်သူ ကို လိုက်လံစောင့်ရှောက်ရင်းနဲ့ ဝေဘာဂီဆေးရုံမှာ (၁၈) ရက်ကြာနေခဲ့ရတာပါ။ သူကိုယ်တိုင်လည်း ကိုဗစ်ရောဂါကို ခံစားခဲ့ရပြီး အခုဆိုရင် ဆေးရုံက ဆင်းခွင့်ရကာ Home Quarantine နေနေပါပြီ။

အခုတော့ ကျွန်တော်တို့ ဆေးရုံက ဆင်းပြီး Home Quarantine နေရတယ် (၇) ရက်နေရတယ်ပေါ့။ ဆေးရုံ ထပ်ပြရဖို့ ရက်ချိန်းတွေလည်း ရှိတယ်။ အခုတော့ ကျန်းမာရေး အခြေအနေက ကောင်းပါတယ်။ ကျွန်တော်က ချောင်းလေး နည်းနည်းဆိုးချင်တယ်။

ပုံမှန် လူကောင်းတစ်ယောက်လိုတော့ ပြန်မဖြစ်သေးပေမယ့် ကိုယ့်ကိုယ်ကိုယ် အားနည်းနေသလိုတော့ ခံစားမိတယ်။ ဒါကြောင့် အမောခံနိုင်ဖို့၊ လမ်းများများ လျှောက်ဖို့အတွက် လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုပါတယ်။ အခုလည်း မနက်ဆိုရင် နေပူခံတယ်၊

အသက်ရှု လေ့ကျင့်ခန်းတွေလုပ်တယ်၊ ချွေးထွက်အောင် ပြေးလည်း ပြေးတယ် လို့ ပြောခဲ့တာပါ။ထွန်းကိုကိုဟာ ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတဲ့ အချိန်တုန်းက အနံ့ပျောက်သွားတာမျိုး၊ အရသာ မရှိတော့တာမျိုးတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ထွန်းကိုကိုဟာ အနံ့ပြန်ရဖို့ ကြိုးစားခဲ့တဲ့ နည်းလမ်းတွေထဲက အနံ့အမြန်ဆုံး ပြန်ရလာတဲ့နည်းလမ်းကိုလည်း ပြောခဲ့တာပါ။  ကျွန်တော် Positive ဖြစ်သွားတုန်းကဆိုရင် နှာခေါင်းက လုံးဝ အနံ့မရတော့ဘူး ပြီးတော့ အရသာလည်း ပျောက်သွားတယ်။

အနံ့မရတော့ ရှုဆေးရှုတာတွေ၊ ရေနွေးငွေ့ရှုတာတွေ လိုက်လုပ်ကြည့်လည်း အနံ့ ပြန်မရခဲ့ဘူး။ ဒါပေမယ့် ဦးမောင်ရော၊ ကျွန်တော်ရော အားတဲ့ အချိန်တိုင်းတော့ ပုတီးစိပ်တယ်၊ တရားထိုင်တယ်၊ ဘာသာရေး အလုပ်ကို ပိုလုပ်ဖြစ်ကြတာပေါ့လေ။ နောက် (၃) ရက်လောက်မှာ အနံ့ ပြန်ရလာတယ်။

ဘယ်လို အနံ့ပြန်ရလာလည်းဆိုတော့ တရားထိုင်တာရယ်၊ အသက်ရှု လေ့ကျင့်ခန်းလုပ်တာရယ် အဲဒီနှစ်မျိုး လုပ်တာက အနံ့ပြန်ရဖို့ အကောင်းဆုံး နည်းလမ်းလို့ ကျွန်တော် မြင်တယ်။ ဝင်လေ ထွက်လေရှုတယ်၊ အသက်ကို ပြင်းပြင်းလေး ရှုလိုက် ထုတ်လိုက် လုပ်တာက သိပ်မကြာတဲ့ အချိန်မှာ အနံ့ ပြန်ရတာပေါ့ လို့

ဆိုပါတယ်။ထွန်းကိုကိုဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရသူပါနော်။ ၂၀၁၃ ခုနှစ်တုန်းက ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia New Star Model Contest ပြိုင်ပွဲမှာWinner ဆု ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့တာဖြစ်ပါတယ်နော်။Credit: Duwun.

Add a Comment

Your email address will not be published. Required fields are marked *