Unicode…ကိုဗစ်ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့လို့ နိုဗယ်လ်ဆု ရဖို့ သေချာသွားတဲ့ ပညာရှင်လင်မယား
ကိုဗစ်ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့လို့ နိုဗယ်လ်ဆု ရဖို့ သေချာသွားတဲ့ ပညာရှင်လင်မယားကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ကိုဗစ်ကာကွယ်ဆေးကို ဖေါ်စပ်လိုက်သူကတော့ တူရကီ ဂျာမာန်လူမျိုး Dr. Ugur Sahin ဆိုတဲ့
Immunotherapy ကိုယ်ခံစွမ်းအားနဲ့ဆိုင်တဲ့ ဆေးဆရာဝန်တယောက်ဘဲ ဖြစ်ပါတယ်။ သူ့ကုမ္ပဏီကတော့ BioNTech လို့ခေါ်တာဖြစ်ပါတယ်။ သူကတော့ ဂျာမဏီမှာနေတဲ့ အစ္စလာမ်ဘာသာဝင်တဦး ဖြစ်ပါတယ်။
လင်မယားနှစ်ယောက်လုံးက ဆေးထုတ်လုပ်တဲ့ ပညာရှင်တွေပါ။ သူတို့ကတော့  လူ့ခန္တာကိုယ်ထဲက ဆဲလ်တွေကို စူပါမင်းလိုဖြစ်အောင်ပြင်ပြီး တော့ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်တဲ့ ဆေးကို အောင်မြင်အောင်ထုတ်လုပ်ခဲ့ဖူးတာ ဖြစ်ပါတယ်။
လူကီးမီးယားတို့ ဦးဏှောက်ကင်ဆာ ရင်သားကင်ဆာနဲ့ ကင်ဆာအတော်များများကို အဲ့ဒီ Immunotherapy နည်းနဲ့စပြီး ကုသနေကြပါပြီတဲ့။သူ့ရဲ့ Immunotherapy ဆိုင်ရာ တွေ့ရှိမှုတွေကြောင့်ဘဲ
သူဟာ ကုဋေကြွယ် ဘီလီယံနာကြီး ဖြစ်လာခဲ့တာပါ။ အလွန်ချမ်းသာပေမဲ့ လည်း သူတို့လင်မယားဟာ ရိုးရိုးရှင်းရှင်းနေပြီး တော့ ဆေးသုတေသနတွေပဲ စိတ်ဝင်စားပါတယ်။ဒီကိုရိုနာဗိုင်းရပ်စ်ပိုးကို သူတို့တွေ့ထားတဲ့ mRNA နည်းနဲ့ ကာကွယ်ဆေးဖေါ်နိုင်မယ် လို့ယုံကြည်တဲ့အတွက်
သူတို့ဟာ ဖေဖေါ်ဝါရီလကတည်းကစပြီး စမ်းသပ်ခဲ့တာပါ။သူတို့ကုမ္ပဏီဟာ ကမ္ဘာ့လူဦးရေအတွက် ဆေးအလုံးရေ ဘီလီယံပေါင်းများစွာထုတ်နိုင်ဖို့ အားမရှိလို့ ဆေးလောကမှာ အကြီးဆုံးကုမ္ပဏီတခုဖြစ်တဲ့ အမေရိကန်ကုမ္ပဏီ Pfizer နဲ့
ကိုဗစ်ကာကွယ်ဆေးကို ပေါင်းထုတ်နေတာ လို့သိရပါတယ်။အခုသူတို့ ကိုဗစ်ကာကွယ်ဆေးကြောင့်ဘဲ ဘယ်လောက်ထပ်ပြီး ချမ်းသာလာမလဲဆိုတာ မှန်းလို့မရပါဘူးတဲ့။ သူ့ရဲ့ဆေးဟာ messanger RNA နည်းနဲ့ထုတ်ထားတဲ့ဆေးပါ။
ကမ္ဘာမှာ ပထမဆုံးနည်းစနစ် ဖြစ်ပါတယ်။ နှစ်တရာအတွင်း ဆေးလောကရဲ့ အမြင့်မားဆုံးအောင်မြင်မှု မှတ်တမ်း လို့ဆိုပါတယ်။သူတို့လင်မယားဟာ ဆေးပညာဆိုင်ရာ နိုဗယ်လ်ဆု ရဖို့သေချာသလောက်ဘဲ လို့ သိရတာ ဖြစ်ပါတယ်။Credit:Kyaw Swa Min
Tags:
Add a Comment
Your email address will not be published. Required fields are marked *