Unicode…လမ်းပေါ်က ခွေးလေးကို ကယ်ဖို့အတွက် ဇိမ်ခံအပန်းဖြေခရီးကို ဖျက်လိုက်တဲ့ ဇနီးမောင်နှံနှစ်ဦး
ကိုယ့်ကို ဘာမှ ပြန်ပြီးတော့ ကျေးဇူးမဆပ်နိုင်တဲ့ တိလေးတွေအပေါ် တဖက်သတ်မေတ္တာနဲ့ ချစ်ပေးဖို့ဆိုတာကတေု့ တော်ရုံလူ မလုပ်နိုင်တဲ့ ကိစ္စမို့ပါနော်။လုံးဝ အောက်ဆုံးအခြေအနေ ရောက်နေတဲ့ ခွေးလေးတစ်ကောင်အပေါ်မှ
ာ မေတ္တာထားနိုင်သေးတယ်ဆိုရင် အဲဒီနှလုံးသားက တော်တော်ကို လှပတဲ့ နှလုံးသားလေးပါ။ဂျော်ဂျီနာနဲ့ ဆမ်တို့ ဇနီးမောင်နှံက အဲဒီနှလုံးသားမျိုးကို ပိုင်ဆိုင်ထားကြတာပါ။သူတို့ဇနီးမောင်နှံကတော့ တယောက်အပေါ်တယောက်
အလွန် ကြင်နာပြီး တော့ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင် ကြိုးစားကြပါတယ်။ ဒါကြောင့် သူတို့အတွက် အမှတ်တရသစ်တွေ ဖန်တီးဖို့ ဘာဘေးဒိုးကျွန်းစုကို အပန်းဖြေခရီးထွက်ခဲ့ကြပါတယ်။စိတ်လွတ်ကိုယ်လွတ် အပန်းဖြေနေရင်း
တရက်မှာတော့ လမ်းပေါ်မှာ လဲကျနေတဲ့ ခွေးလေးတစ်ကောင်ကို သွားရင်းလာရင်း တွေ့လိုက်ရတာပါ။ ဒီခွေးလေးကို သူတို့တွေ ရှောင်သွားဖို့ မတတ်နိုင်ခဲ့ကြပါဘူးတဲ့။အရိုးပေါ် အရေတင် ဖြစ်နေတဲ့ ခွေးလေးခမျာ သူတို့ဇနီးမောင်နှံကို
ကြောက်ရွံ့နေတာတောင် ထွက်ပြေးဖို့ အားမရှိခဲ့ရှာပါဘူး။ ဂျော်ဂျီနာနဲ့ ဆမ်တို့ နှစ်ယောက်သား အထွေအထူး တိုင်ပင်စရာ မလိုဘဲနဲ့ ချက်ချင်း ဆေးခန်းကို ပို့ပေးလိုက်ကြတာပါ။တကယ်လို့များ သူတို့သာ အချိန်မီ ဆေးခန်းကို လာမပို့ပေးဘူးဆိုရင်
အဲဒီခွေးလေးက နောက်ထပ် (၂၄) နာရီအတွင်း အသက်ဆုံးရှုံးသွားနိုင်ပါတယ်လို့ ဆေးခန်းက ပြောတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန်အတိုင်း ထူထူထောင်ထောင်ဖြစ်လာဖို့ သူတို့ ဆက်ပြီး ကြိုးစားကြရပါတယ်။သူတို့ရဲ့ အပန်းဖြေခရီးစဉ်ကို
ဖျက်လိုက်ရပေမယ့်လည်း ဂျော်ဂျီနာနဲ့ ဆမ်တို့ကတော့ ဝမ်းမနည်းပါဘူး။ အကူအညီလိုအပ်နေတဲ့ ခွေးလေးရဲ့ အသက်ကို ကယ်တင်ခဲ့ရလို့ ဝမ်းတောင်သာနေပါသေးတယ်နော်။ သူတို့ဘဝရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တွေထဲက
တခုပါလို့ သူတို့ သတ်မှတ်ထားကြပါတယ်။ဆမ်ဘာလို့ အမည်ပေးခဲ့ကြတဲ့ အဲဒီခွေးလေးရဲ့ အသက်ကို မနည်းကြိုးစားပြီး ကယ်တင်ကြရတာပါ။ အထူးသဖြင့် တကိုယ်လုံးမှာ ဖြစ်နေတဲ့ အရေပြား ကပ်ပါးရောဂါမျိုးစုံကို ကုသရတာ အတော်လေး
ခက်ခဲနေတာပါ။ဒီလိုနဲ့ စိတ်ချရတဲ့ အခြေအနေကို ရောက်တဲ့အခါ ခွေးလေးဆမ်ဘာအတွက် မိသားစုတခုကို ရှာဖွေကြရပြန်ပါတယ်နော်။ ဒါပေမယ့်လည်း သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် ပြုစုစောင့်ရှောက်ချင်တဲ့ မိသားစု မရှိခဲ့ရှာပါဘူး။
ဒါကြောင့် ဂျော်ဂျီနာနဲ့ ဆမ်တို့ကပဲ အင်္ဂလန်ကို ပြန်ခေါ်သွားဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ခွေးလေးတစ်ကောင်ကို အိမ်ပြန်ခေါ်သွားဖို့ဆိုတာ အတော်လေး ခက်ခဲတဲ့ ကိစ္စတခုပါနော်။ ကျန်းမာရေးအခြေအနေ ဒေါင်ဒေါင်မြည် ဖြစ်နေရမှ
ာ ဖြစ်သလို ကြားထဲမှာ (၂၁) ရက်ကြာအောင် သီးသန့် စောင့်ကြည့်ခံရပါသေးတယ်။ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦးကတော့ အဆင်သင့်ဖြစ်နေခဲ့ကြပါပြီတဲ့။ခွေးလေးဆမ်ဘာကို ကယ်တင်လိုက်ရတဲ့အတွက် သူတို့ရဲ့ ခရီးစရိတ်လည်း
တက်တက်စင်အောင် ပြောင်သွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကို ကူညီနိုင်မယ့် စေတနာရှင်တွေကို ရှာဖွေနိုင်ခဲ့ပြီး ခွေးလေးဆမ်ဘာရဲ့ ခရီးစဉ်ကို အဆုံးထိ ဆက်လျှောက်နိုင်ခဲ့ကြပါတယ်။ဂျော်ဂျီနာနဲ့ ဆမ်တို့ရဲ့ မေတ္တာ၊
သနားကရုဏာကြောင့် ခွေးလေးဆမ်ဘာဟာ ဆက်အသက်ရှင်ခွင့် ရခဲ့ရုံတင် မကဘဲ အခုဆိုရင် မိသားစုဝင်တဦးအဖြစ် ပျော်ပျော်ရွှင်ရွှင် နေလျက် ရှိပါပြီနော်။credit
Tags:
Add a Comment
Your email address will not be published. Required fields are marked *