Unicode…ဖခင် ဦးကင်းကောင်ရဲ့ရုပ်ရှင် ကြော်ငြာဆိုင်းဘုတ်လေးကို ကြည့်ပြီးတော့  လွမ်းဆွတ်သတိရကြောင်းရင်ဖွင့်လာတဲ့ သားဖြစ်သူ ရဲမွန်အောင်
လွန်ခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ ပရိသတ်အချစ်တော်ဟာသ သရုပ်ဆောင် ဦးကင်းကောင်က သူချစ်တဲ့မိသားစုနဲ့ ချစ်ရတဲ့ ပရိသတ်တွေကို အပြီးအပိုင်ထားခဲ့ပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်ချစ်ရတဲ့ ပရိသတ်တွေကတော့ သူ့ရဲ့အနုပညာတွေကို ခုထိ ချစ်မြတ်နိုးပြီး သတိတရရှိနေဆဲဖြစ်ပြီး သားဖြစ်သူကလည်း ဖခင်ကို ယနေ့တိုင် လွမ်းဆွတ်တမ်းတနေဆဲ ဖြစ်ပါတယ်နော်။လတ်တလောမှာတော့
သားဖြစ်သူ ရဲမွန်အောင်က ကျင်လည်ခဲ့တဲ့ ၃၅လမ်း ၃၆လမ်း ရုပ်ရှင်ရုံ ကြော်ငြာဆိုင်းဘုတ်တွေပေါ် ခဏခဏရောက်ခဲ့တဲ့ အဖေ။ ကိုဗစ်ကြီးပြီးချိန်…သွင် ရုပ်ရှင်ရုံကြီးပြန်ဖွင့်လို့
ရုပ်ရှင်ကားသစ်ကြော်ငြာ မတင်ခင်အချိန်ထိတော့ ရှိနေဦးမှာပါ ဒီ post လေးရေးနေတုန်း မျက်ရည်လည်လာလို့ အပေါ်မော့ကြည့်မိချိန် ကြယ်တစ်လုံးကြွေသွားတယ်ဖေဖေ။
ကြယ်ကြွေတာမြင်ရင် တောင်းတဲ့ဆု ပြည့်တယ်တဲ့။ကောင်းရာဘုံကို ရောက်ရှိပါစေ ဖေဖေ ဆိုတဲ့စာသားလေးနဲ့အတူ ဖခင်ဖြစ်သူ ကို လွမ်းဆွတ်သတိရနေကြောင်းကို လူမှုကွန်ရက်စာမျက်နှာထက်ကနေတဆင့် ရေးသားဖော်ပြခဲ့တာပါ။
ဒီဆိုင်းဘုတ်လေးဟာ ရုပ်ရှင်ရုံတွေပေါ် နောက်ဆုံးမြင်ရတဲ့ ကြော်ငြာဆိုင်းဘုတ်လေးဖြစ်မှာပါလို့လည်း ဝမ်းနည်းစွာ ရေးသားထားပါသေးတယ်နော်။ချစ်တဲ့ ပရိသတ်တွေကတော့
ရောင်းရာမွန်ရာရောက်မှာပါဆိုတဲ့ နှစ်သိမ့်စကားလေးတွေ မှတ်ချက်ပေးရေးသားထားကြတာ တွေ့ရပါတယ်နော်။credit
Add a Comment
Your email address will not be published. Required fields are marked *