Unicode…ကိုဗစ် ကူးစက်မူတေကြောင့် သီချင်းအသစ်အတွက် MV ရိုက်မယ့်နေ့ကို ရွေ့ဆိုင်းလိုက်ရကြောင်း ပြောပြလာတဲ့ ရွှေထူး
နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရွှေထူးဟာ ဂီတနဲ့ ပက်သတ်ရင် သူငယ်ငယ်လေးကတည်းက စွဲလန်းခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။
ယခုလက်ရှိမှာလည်း ရွှေထူးဟာ သူဝါသနာပါတဲ့ ဂီတလမ်းကြောင်းပေါ်မှာလည်း တစိုက်မတ်မတ်လျှောက်လှမ်းနေပြီး ယခု နောက်ပိုင်းမှာတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ
ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးနေပြီဘဲ ဖြစ်ပါတယ်နော်။ယခု လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခွင့်မရရှိသေးတဲ့အတွက်ကြောင့် ရွှေထူးက
သူ့ရဲ့ ပရိသတ်တွေအတွက် သီချင်းသစ်တွေများစွာကို ဖန်တီးပေးနေတာပဲ ဖြစ်ပါတယ်နော်။ဒီကနေ့မှာလည်း ရွှေထူးက Covid ကြောင့် သူ့ရဲ့ သီချင်းအသစ် အတွက်
MV ရိုက်မယ့်နေ့ကို ရွေ့ဆိုင်းလိုက်ရကြောင်းကို ယခုလိုပဲပြောပြလာခဲ့ပါတယ်။ ရွှေထူးက “သီချင်းအသစ်တကယ် Share ပေးချင်ပါတယ်… အမှန်က မနက်ဖြန် Music Video ရိုက်ဖို့ပါပဲ…
ပိုးတွေ့လူနာလည်း အများကြီးထပ်တွေ့တယ် ဆိုတော့…Music Video ရိုက်မယ့်ရက်ကို နောက်ရွှေ့လိုက်ရပါတယ်။
Lyric Video အရင် Share ပေးရင်ကောင်းမလားစဉ်းစားနေပါတယ်ခင်ဗျာ ကောင်မလေးတစ်ယောက်က Feat: ဝင်ဆိုပေးထားပါတယ် အားလုံးအစစအရာရာ ဂရုစိုက်ကြပါခင်ဗျာ ”
ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောပြလာပါတယ်။နိုင်ငံကျော် အဆိုတော်ရွှေထူးကတော့ သူ့ရဲ့ ပရိသတ်တွေအတွက် သီချင်းသစ်တွေကို လစဉ်လတိုင်း ချပြဖို့
ကြိုးစားနေတဲ့ သူဘဲ ဖြစ်ပါတယ်နော်။ ချစ်ပရိသတ်ကြီးကလည်း ရွှေထူးရဲ့ သီချင်းသစ်လေးကို Music Video နဲ့ မဟုတ်ရင်တောင် Lyric Video နဲ့ဆိုလည်း အားပေးကြမယ်လို့ ယုံကြည်ပါတယ်နော်။
ပရိတ်သတ်ကြီးလည်း ရွှေထူးရဲ့ သီချင်းသစ်လေးကို မျော်လင့်နေကြပြီလို့ ထင်ပါတာ်နော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း ယခုလို Covid ကာလကြီးမှာ ရောဂါ တေ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Source: Htoo Khant’s fb
Add a Comment
Your email address will not be published. Required fields are marked *