ဓားအစစ်သုံးပြီးတော့ ဓားနဲ့အထိုးခံရတဲ့ဇာတ်ဝင်ခန်းမှာ မတော်တဆထိခိုက်သွားတဲ့ သရုပ်ဆောင် ခန့်သီရိဇော်
Unicode…ဓားအစစ်သုံးပြီးတော့ ဓားနဲ့အထိုးခံရတဲ့ဇာတ်ဝင်ခန်းမှာ မတော်တဆထိခိုက်သွားတဲ့ ခန့်သီရိဇော်
MRTV-4 မင်းသမီးချောတွေထဲမှာ ဇာတ်ကားတွေများစွာ ကို ရိုက်ကူးထားပြီးတော့ ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားသူလေးကတော့ မင်းသမီးချောလေး ခန့်သီရိဇော်ပဲ ဖြစ်ပါနော်။
ဆွဲဆောင်မှုရှိပြီးတော့ ကျော့ရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ချစ်စရာလည်းကောင်းတဲ့ သူမကတော့ လတ်တလောမှာ ထုတ်လွှင့်ပြသနေတဲ့မာယာလှည့်ကွက် ဇာတ်ကားမှာလည်း အမရာမုန်းဆိုတဲ့ ဇာတ်ကောင်လေးနဲ့ အားလုံးကို
အချစ်ပိုစေပြန်တာဘဲ ဖြစ်ပါတယ်။သူမရဲ့လှုပ်ရှားမှုလေးတွေနဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ ခန့်ဟာ အခုတစ်ခါမှာလည်း ဓားနဲ့အထိုးခံရတဲ့ ဇာတ်ဝင်ခန်းပုံရိပ်လေးတွေကို ဝေမျှလာတာဖြစ်ပါတယ်နော်။
ဓားအစစ်သုံးပြီးတော့ ဓားနဲ့အထိုးခံရတဲ့ဇာတ်ဝင်ခန်း ရိုက်ကူးရင်း ရိုက်ကွင်းနောက်ကွယ်မှာ လက်ကိုဓားနဲ့ မတော်တဆထိခိုက်မိသွားတဲ့ အကြောင်းလေးကိုလည်း ပြောပြထားတာပါ။
သူမက ဓားနဲ့ အထိုးခံရတဲ့ အခန်းရိုက်တုန်းက တကယ့်ဓားအစစ်နဲ့ ရိုက်ခဲ့ရတာတကယ့်အမှတ်တရပါပဲ။ ရိုက်ရင်း mood ဝင်သွားပြီး လက်ကိုဓားနဲ့ မတော်တဆလေးထိမိသွားတာတောင်မသိဘူး ရိုက်ပြီးတော့မှ နာမှန်းသိတယ်
ဆိုပြီးတော့ ခန့်က ပြောပြထားတာပါနော်။ချစ်စရာကောင်းပြီးတော့ သရုပ်ဆောင်လည်းကောင်းလွန်းတဲ့ ခန့်ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။credit
Add a Comment
Your email address will not be published. Required fields are marked *