ငိုအားထက် ရယ်အားသန်ခဲ့ရတဲ့ ဘတ်စ်ကားဆီပိုက်နဲ့ မိလ္လာပိုက်ကို မှားစုပ်မိခဲ့တဲ့ဆီသူခိုး
Unicode…ငိုအားထက် ရယ်အားသန်စေခဲ့တဲ့ ဘတ်စ်ကားဆီပိုက်နဲ့ မိလ္လာပိုက်ကို မှားစုပ်မိခဲ့တဲ့ ဆီသူခိုး
ယခု ဖြစ်ရပ်ကတော့ အနောက်ဩစတြေးလျရှိ လာဗာတန်မြို့မှာဖြစ်ပွားခဲ့တာ ဖြစ်ပြီးတော့ တရားခံ ကတော့ ရပ်နား ထားတဲ့ ဘက်စ်ကားကနေ ဆီကိုစုပ်ယူခဲ့တာဖြစ်ပါတယ်နော်။
သူက တော့ ကံဆိုးစွာနဲ့ပဲ ဆီကန်နဲ့ မိလ္လာကန် ကိုမှားပြီးစုပ်ခဲ့မိတာ ဖြစ်ပါတယ်။လာဗာတန်မြို့ရဲ့ ရဲ အရာရှိတွေနဲ့ အင်တာဗျူးတစ်ခု မှာတော့
ကျွန်တော်တို့ ထင်မြင် ယူဆချက် အရ သူတို့ အမြန်ပြန်ဆုတ်ဖို့ အလျင်လိုနေ တာကြောင့် ပါးစပ်ထဲခါးတဲ့ အရသာ ရနေ‌တာတောင် သတိမထားမိ တာဖြစ်ပါ့လိမ့်မယ် လို့ ဆိုခဲ့တာဘဲဖြစ်ပါတယ်။ ဖေ့ဘွတ်အသုံးပြုသူတစ်ယောက်ကတော့
ဒီဖြစ်ရပ်ကို comments ပေးထားတာကတော့ သူခိုးက သူများပစ္စည်းကိုခိုးတာကြောင့် ချက်ချင်းဝတ်လည်တာ ဒီသတင်းက ငါ့ကိုကောင်းကောင်းရယ်မောစေခဲ့တယ် လို့ ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။ credit
Add a Comment
Your email address will not be published. Required fields are marked *