ျမစ္ထဲမွာေမ်ာေနတဲ႕ အမွုိက္ေတြကိုဆယ္ယူၿပီး သဘာဝပတ္ဝန္းက်င္ကုိ ထိန္းသိမ္းေပးေနတဲ့ ေခြးလိမၼာေလး

ျမစ္ထဲမွာေမ်ာေနတဲ႕ ပလတ္စတစ္ေတြကိုဆယ္ယူၿပီးေတာ့ သဘာဝပတ္ဝန္းက်င္ကုိ ထိန္းသိမ္းေပးေနတဲ့ ေခြးလိမၼာေလး

ေခြးေလးေတြဟာ အမ်ိဳးအစားအလိုက္ ေမြးရာပါတာဝန္ေတြ ကိုယ္စီပါလာတယ္ဆိုတာကုိ ေခြးခ်စ္သူတိုင္း သတိထားမိၾကမွာပါေနာ္။ ဥပမာအမဲလိုက္ဖို႔၊ ဒါမွမဟုတ္ သိုးေက်ာင္းဆိတ္ေက်ာင္းဖို႔၊ ဒါမွမဟုတ္ ေစာင့္ၾကပ္ေပးဖို႔

စသျဖင့္အမ်ိဳးမ်ိဳး ျဖစ္နိုင္တာပါ။ဒီတာဝန္ေတြ မဟုတ္ရင္ေတာင္ လူေတြကိုသက္သက္အေဖာ္ျပဳေပးဖို႔လည္း ျဖစ္နိုင္ပါေသးတယ္ေနာ္။ ဒီလိုမ်ိဳးသက္ဆိုင္ရာ တာဝန္ေတြအလိုက္ သူတို႔ေလးေတြမွာ ပင္ကိုယ္ပါရမီအခံေတြ ရွိေနတတ္ၾကတာပါ။

ဒါေပမယ့္လည္း တ႐ုတ္နိုင္ငံ Jiangsu ျပည္နယ္ကGolden Retriever ေခြးေလးကေတာ့ တျခားေခြးေလးေတြနဲ႕မတူဘဲ ထူးျခားလို႔ေနတာပါ။အဲဒီေခြးေလးဟာ အားလပ္ခ်ိန္တိုင္း ျမစ္ကမ္းပါးတေလွ်ာက္ လမ္းေလွ်ာက္ထြက္ေလ့ရွိပါတယ္တဲ့။

အဲဒီလိုလမ္းေလွ်ာက္ရင္း ေရထဲမွာေပါေလာေမ်ာေနတဲ့ပလတ္စတစ္ဘူးေတြ၊ ပလတ္စတစ္အမွိုက္ေတြ ရွိမရွိကိုလိုက္လံ စစ္ေဆးသြားတတ္ပါတယ္ေနာ္။ ပလတ္စတစ္ ဗူးေတြကို ေတြ႕ၿပီဆိုတာနဲ႕ သူကျမစ္ထဲ ခုန္ဆင္းၿပီးေတာ့

သြားေရာက္ ဆယ္ယူပါေတာ့တယ္။ အဲဒီေနာက္မွာေတာ့ သူဆယ္ယူလာခဲ့သမွ်ကို ျမစ္ကမ္းပါးေပၚမွာရွိတဲ့အမႈိက္ေတာင္းထဲကို သြားေရာက္ထည့္ထားတတ္ပါတယ္တဲ့။ ဒီလိုမ်ိဳး မေမာနိုင္မပမ္းနိုင္ ေန႕စဥ္ရက္ဆက္ လုပ္ေနခဲ့တဲ့ ေခြးေလးဟာ

တရက္ကိုပလတ္စတစ္ဘူးခြံ (၂၀)ကေန (၃၀)အထိ ဆယ္ယူနိုင္ခဲ့တယ္လို႔ သူ႕ေဖေဖက ေျပာျပတာပါ။အခုလို လုပ္ေဆာင္လာခဲ့တာ ဆယ္ႏွစ္ခန့္ရွိၿပီမို႔ ပလတ္စတစ္ဘူးခြံေပါင္း (၂၀၀၀)ေက်ာ္ကို ဆယ္ယူနိုင္ခဲ့တာလည္း ျဖစ္ပါတယ္ေနာ္။

အဓိကအက်ိဳးရလဒ္အေနနဲ႕ ျမစ္ကမ္းပါးတေလွ်ာက္ကို လမ္းေလွ်ာက္ထြက္သူေတြ၊ ဒါမွမဟုတ္ ျမစ္ထဲမွာအေပ်ာ္ေလွစီးၾကသူေတြဟာအရင္ကလိုမ်ိဳး ပလတ္စတစ္အမႈိက္ေတြကို ျမစ္ေရထဲ ဒီအတိုင္း အမႈမွတ္အမွတ္မဲ့ မခ်ၾကေတာ့တာပါဘူး။

ႀကိဳးစားပမ္းစား ျပန္လည္ဆယ္ယူေနရတဲ့ ေခြးေလးကို သနားၿပီးေတာ့ သူတို႔ေတြလည္း စနစ္တက်သာ အမႈိက္စြန့္ပစ္ၾကပါတယ္။ျမစ္ေရထဲကေနတဆင့္ ပင္လယ္ထဲအထိ ေရာက္သြားမယ့္ ပလတ္စတစ္ေတြက

ေနာင္ႏွစ္ေပါင္းမ်ားစြာအထိေဆြးေျမ့သြားမွာ မဟုတ္ပါဘူးေနာ္။ ဒါကျမစ္ထဲေခ်ာင္းထဲက သက္ရွိသတၱဝါေတြကေန ပင္လယ္ထဲကသက္ရွိေတြအထိ ဆိုးက်ိဳးေတြ ျဖစ္ေစနိုင္တာပါ။ဒါေၾကာင့္ ဘဲ ပလတ္စတစ္အမွိုက္ေတြကို စည္းမဲ့ကမ္းမဲ့

မစြန့္ပစ္ၾကဖို႔ လိုအပ္ပါတယ္။ ျမစ္ထဲကပလတ္စတစ္အမွိုက္ေတြကို တတ္နိုင္သမွ် ျပန္လည္ဆယ္ယူေနတဲ့ ဒီေခြးလိမၼာေလးအေၾကာင္းကို တျခားသူေတြလည္း အတုယူနိုင္ေအာင္ ေဝမွ်ေပးပါေနာ္။Credit: Laika Space

Unicode…မြစ်ထဲမှာမျောနေတဲ့ ပလတ်စတစ်တွေကိုဆယ်ယူပြီးတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနေတဲ့ ခွေးလိမ္မာလေး

ခွေးလေးတွေဟာ အမျိုးအစားအလိုက် မွေးရာပါတာဝန်တွေ ကိုယ်စီပါလာတယ်ဆိုတာကို ခွေးချစ်သူတိုင်း သတိထားမိကြမှာပါနော်။ ဥပမာအမဲလိုက်ဖို့၊ ဒါမှမဟုတ် သိုးကျောင်းဆိတ်ကျောင်းဖို့၊ ဒါမှမဟုတ် စောင့်ကြပ်ပေးဖို့

စသဖြင့်အမျိုးမျိုး ဖြစ်နိုင်တာပါ။ဒီတာဝန်တွေ မဟုတ်ရင်တောင် လူတွေကိုသက်သက်အဖော်ပြုပေးဖို့လည်း ဖြစ်နိုင်ပါသေးတယ်နော်။ ဒီလိုမျိုးသက်ဆိုင်ရာ တာဝန်တွေအလိုက် သူတို့လေးတွေမှာ ပင်ကိုယ်ပါရမီအခံတွေ ရှိနေတတ်ကြတာပါ။

ဒါပေမယ့်လည်း တရုတ်နိုင်ငံ Jiangsu ပြည်နယ်ကGolden Retriever ခွေးလေးကတော့ တခြားခွေးလေးတွေနဲ့မတူဘဲ ထူးခြားလို့နေတာပါ။အဲဒီခွေးလေးဟာ အားလပ်ချိန်တိုင်း မြစ်ကမ်းပါးတလျှောက် လမ်းလျှောက်ထွက်လေ့ရှိပါတယ်တဲ့။

အဲဒီလိုလမ်းလျှောက်ရင်း ရေထဲမှာပေါလောမျောနေတဲ့ပလတ်စတစ်ဘူးတွေ၊ ပလတ်စတစ်အမှိုက်တွေ ရှိမရှိကိုလိုက်လံ စစ်ဆေးသွားတတ်ပါတယ်နော်။ ပလတ်စတစ် ဗူးတွေကို တွေ့ပြီဆိုတာနဲ့ သူကမြစ်ထဲ ခုန်ဆင်းပြီးတော့

သွားရောက် ဆယ်ယူပါတော့တယ်။ အဲဒီနောက်မှာတော့ သူဆယ်ယူလာခဲ့သမျှကို မြစ်ကမ်းပါးပေါ်မှာရှိတဲ့အမှိုက်တောင်းထဲကို သွားရောက်ထည့်ထားတတ်ပါတယ်တဲ့။ ဒီလိုမျိုး မမောနိုင်မပမ်းနိုင် နေ့စဉ်ရက်ဆက် လုပ်နေခဲ့တဲ့ ခွေးလေးဟာ

တရက်ကိုပလတ်စတစ်ဘူးခွံ (၂၀)ကနေ (၃၀)အထိ ဆယ်ယူနိုင်ခဲ့တယ်လို့ သူ့ဖေဖေက ပြောပြတာပါ။အခုလို လုပ်ဆောင်လာခဲ့တာ ဆယ်နှစ်ခန့်ရှိပြီမို့ ပလတ်စတစ်ဘူးခွံပေါင်း (၂၀၀၀)ကျော်ကို ဆယ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်နော်။

အဓိကအကျိုးရလဒ်အနေနဲ့ မြစ်ကမ်းပါးတလျှောက်ကို လမ်းလျှောက်ထွက်သူတွေ၊ ဒါမှမဟုတ် မြစ်ထဲမှာအပျော်လှေစီးကြသူတွေဟာအရင်ကလိုမျိုး ပလတ်စတစ်အမှိုက်တွေကို မြစ်ရေထဲ ဒီအတိုင်း အမှုမှတ်အမှတ်မဲ့ မချကြတော့တာပါဘူး။

ကြိုးစားပမ်းစား ပြန်လည်ဆယ်ယူနေရတဲ့ ခွေးလေးကို သနားပြီးတော့ သူတို့တွေလည်း စနစ်တကျသာ အမှိုက်စွန့်ပစ်ကြပါတယ်။မြစ်ရေထဲကနေတဆင့် ပင်လယ်ထဲအထိ ရောက်သွားမယ့် ပလတ်စတစ်တွေက

နောင်နှစ်ပေါင်းများစွာအထိဆွေးမြေ့သွားမှာ မဟုတ်ပါဘူးနော်။ ဒါကမြစ်ထဲချောင်းထဲက သက်ရှိသတ္တဝါတွေကနေ ပင်လယ်ထဲကသက်ရှိတွေအထိ ဆိုးကျိုးတွေ ဖြစ်စေနိုင်တာပါ။ဒါကြောင့် ဘဲ ပလတ်စတစ်အမှိုက်တွေကို စည်းမဲ့ကမ်းမဲ့

မစွန့်ပစ်ကြဖို့ လိုအပ်ပါတယ်။ မြစ်ထဲကပလတ်စတစ်အမှိုက်တွေကို တတ်နိုင်သမျှ ပြန်လည်ဆယ်ယူနေတဲ့ ဒီခွေးလိမ္မာလေးအကြောင်းကို တခြားသူတွေလည်း အတုယူနိုင်အောင် ဝေမျှပေးပါနော်။Credit: Laika Space

Tags:

Add a Comment

Your email address will not be published. Required fields are marked *