လမ္းေပၚမွာ ေအာင္ပြဲခံေနတဲ့ လူအုပ္ႀကီးအတြက္ ကိုဗစ္လူနာသူနာျပဳဆရာမေလးရဲ့ ရင္ထဲကစကားသံ

လမ္းေပၚမွာ ေအာင္ပြဲခံေနတဲ့ လူအုပ္ႀကီးအတြက္ ကိုဗစ္လူနာ သူနာျပဳဆရာမေလးရဲ့ ရင္တြင္းထဲကစကားသံ

သူနာျပဳဆရာမေလးဟာ ေအာင္ပဲြခံေနတဲ့ လူအုပ္ျကီးကုိ ျကည့္ျပီးေတာ့ ရင္ထဲက စကားေတကုိ ေျပာလာတာပါ။သူမက ကၽြန္မသာ ခုခ်ိန္ လူနာအျဖစ္နဲ႔ ေဆး႐ုံေပၚမွာ ရွိမေနခဲ့ဘူး ဆိုရင္ေတာ့ Scrub Suit ေလးဝတ္ ဝန္ထမ္းကတ္ေလး

အိတ္ထဲထည့္ၿပီး ေအာင္ပြဲခံေနတဲ့ လူအုပ္ႀကီးဆီ ကားတန္းေတြဆီ အေရာက္သြားမိမွာ ေသခ်ာတယ္။ ၿပီးရင္ ကိုဗစ္ ကာလမွာ ကၽြန္မတို့ က်န္းမာေရးဝန္ထမ္းေတြကို သနားဖို့ရယ္ မနိုင္ဝန္ထမ္းေနရတဲ့ ကိုယ့္နိုင္ငံရဲ့ က်န္းမာေရးစနစ္ကို ေထာက္ထားဖို့ရယ္။

ကိုယ့္ေၾကာင့္ ကူးစက္ခံရနိုင္တဲ့ လက္လႊတ္ဆုံးရွုံးရနိုင္တဲ့ ခ်စ္ရသူေတြကို ေထာက္ထားဖို့ရယ္။အဲလိုေလးေတြ စဥ္းစားေပးၿပီး ကိုယ့္အိမ္ထဲမွာပဲ ကိုယ္ခ်စ္တဲ့မိသားစုနဲ႔အတူ ေအာင္ပြဲခံပါလို့ဘဲ  အားလုံးကို

ေတာင္းပန္ နားခ် တရားေဟာေနမိမယ္ထင္ပါရဲ့။ဝန္ထမ္းကတ္ေလး ထည့္သြားမွာက scrub suit နဲ႔လာတာေတာင္ မင္းက ဘာမို့လဲ လို့ ေမးလာရင္ ကိုရီယားကားေတြထဲက စုံေထာက္ရဲေမေတြလို ကတ္ေလး ထုတ္ျပမလို့ပါ

ၿပီးေတာ့ ေျပာမရတဲ့အျပင္ တုတ္နဲ႔ရိုက္ ဓားနဲ႔ထိုးသြားရင္လည္း ဝန္ထမ္းကတ္ေလး ပါေတာ့ ဘယ္သူမွန္းသိတာေပါ့ေလ။ ပိုင္ရွင္မဲ့ မျဖစ္နိုင္ေတာ့ဘူး ေပါ့။တကယ္ပါ။

ကၽြန္မသာ ခုခ်ိန္ လူနာအျဖစ္နဲ႔ေဆး႐ုံေပၚမွာ ရွိမေနခဲ့ဘူး ဆိုရင္ေပါ့ေလ ဆိုျပီးေတာ့ ရင္ထဲက စကားေတြကုိ ရင္ဖြင့္လာတာပါ။source;လွတင္ရည္ဦး

Unicode…လမ်းပေါ်မှာ အောင်ပွဲခံနေတဲ့ လူအုပ်ကြီးအတွက် ကိုဗစ်လူနာ သူနာပြုဆရာမလေးရဲ့ ရင်တွင်းထဲကစကားသံ

သူနာပြုဆရာမလေးဟာ အောင်ပွဲခံနေတဲ့ လူအုပ်ကြီးကို ကြည့်ပြီးတော့ ရင်ထဲက စကားတေကို ပြောလာတာပါ။သူမက ကျွန်မသာ ခုချိန် လူနာအဖြစ်နဲ့ ဆေးရုံပေါ်မှာ ရှိမနေခဲ့ဘူး ဆိုရင်တော့ Scrub Suit လေးဝတ် ဝန်ထမ်းကတ်လေး

အိတ်ထဲထည့်ပြီး အောင်ပွဲခံနေတဲ့ လူအုပ်ကြီးဆီ ကားတန်းတွေဆီ အရောက်သွားမိမှာ သေချာတယ်။ ပြီးရင် ကိုဗစ် ကာလမှာ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေကို သနားဖို့ရယ် မနိုင်ဝန်ထမ်းနေရတဲ့ ကိုယ့်နိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို ထောက်ထားဖို့ရယ်။

ကိုယ့်ကြောင့် ကူးစက်ခံရနိုင်တဲ့ လက်လွှတ်ဆုံးရှုံးရနိုင်တဲ့ ချစ်ရသူတွေကို ထောက်ထားဖို့ရယ်။အဲလိုလေးတွေ စဉ်းစားပေးပြီး ကိုယ့်အိမ်ထဲမှာပဲ ကိုယ်ချစ်တဲ့မိသားစုနဲ့အတူ အောင်ပွဲခံပါလို့ဘဲ  အားလုံးကို

တောင်းပန် နားချ တရားဟောနေမိမယ်ထင်ပါရဲ့။ဝန်ထမ်းကတ်လေး ထည့်သွားမှာက scrub suit နဲ့လာတာတောင် မင်းက ဘာမို့လဲ လို့ မေးလာရင် ကိုရီယားကားတွေထဲက စုံထောက်ရဲမေတွေလို ကတ်လေး ထုတ်ပြမလို့ပါ

ပြီးတော့ ပြောမရတဲ့အပြင် တုတ်နဲ့ရိုက် ဓားနဲ့ထိုးသွားရင်လည်း ဝန်ထမ်းကတ်လေး ပါတော့ ဘယ်သူမှန်းသိတာပေါ့လေ။ ပိုင်ရှင်မဲ့ မဖြစ်နိုင်တော့ဘူး ပေါ့။တကယ်ပါ။

ကျွန်မသာ ခုချိန် လူနာအဖြစ်နဲ့ဆေးရုံပေါ်မှာ ရှိမနေခဲ့ဘူး ဆိုရင်ပေါ့လေ ဆိုပြီးတော့ ရင်ထဲက စကားတွေကို ရင်ဖွင့်လာတာပါ။source;လှတင်ရည်ဦး

Tags:

Add a Comment

Your email address will not be published. Required fields are marked *