ကားမေတာ္တဆေၾကာင့္ ၂လၾကာသတိေမ့ေနတဲ့ လူနာက ၾကက္ေၾကာ္ေၾကာင့္ သတိျပန္ရလာတဲ့ ျဖစ္ရပ္

ကားမေတာ္တဆေၾကာင့္ ၂ လၾကာသတိေမ့ေနတဲ့ လူနာက ၾကက္ေၾကာ္ေၾကာင့္ သတိျပန္ရလာတဲ့ ျဖစ္ရပ္

ကားမေတာ္တဆမွုတစ္ခုေၾကာင့္ ၂ လၾကာသတိလစ္ေမ့ေျမာသြားေသာ လူငယ္အမ်ိဳးသားတစ္ဦးဟာ ၾကက္ေၾကာ္ေၾကာင့္ သတိျပန္ရလာတဲ့ အံ့ၾသဖြယ္အေၾကာင္းအရာတစ္ခုကုိ ခ်စ္ပရိတ္သတ္ျကီးကုိ တင္ဆက္ေပးခ်င္ပါတယ္ေနာ္။

ထို ျဖစ္ရပ္ကေတာ့ ထိုင္ဝမ္ေျမာက္ဘက္၊ ဆင္ခ်ဴးျပည္နယ္ရွိ လြန္ခဲ့ေသာ ဇူလိုင္လတြင္ Chiu အမည္ရွိ အသက္ ၁၈ အရြယ္အမ်ိဳးသားတစ္ဦးဟာ ဆိုင္ကယ္စီးေနတုန္း မေတာ္တဆမွုတစ္ခုျဖစ္ပြားျပီး ဒဏ္ရာအျပင္းအထန္ရရွိကာ

ဝမ္းဗိုက္တြင္းေသြးယိုစိမ့္တာ၊ ကိုယ္တြင္းအဂၤါေတာ္ေတာ္မ်ားမ်ားပ်က္စီးသြားတာေၾကာင့္ သူဟာ ၆၂ ရက္တိတိ သတိမရဘဲေမ့ေျမာေနခဲ့တာပါ။သူေဆး႐ုံမွာေဆးကုသေနစဥ္မွာ ခြဲစိတ္မွုအႀကိမ္ေပါင္းမ်ားစြာျပဳလုပ္ေပးရၿပီးေတာ့

အထူးၾကပ္မတ္ေဆာင္မွာ စိုးရိမ္လူနာအဆင့္သတ္မွတ္ထားေသာ သူ႔ကို မိသားစုမ်ားဟာ အျမန္ဆုံးျပန္သက္သာလာေအာင္ ဆုေတာင္းေပးေနၾကတာပါ။မိသားစုဝင္မ်ား ပုံမွန္လာလည္ေနေသာတစ္ေန႔မွာ အစ္ကိုျဖစ္သူက

လူနာကုတင္နားသြားၿပီးေတာ့ ငါ့ညီရာ ငါ အခု မင္းႀကိဳက္တဲ့ၾကက္ေၾကာ္ ငါစားေနတယ္ လို့အမွတ္တမဲ့ေျပာလိုက္မိရာ သူအဲ့လိုၾကားလိုက္တဲ့ေနာက္မွာေတာ့  မထင္မွတ္တဲ့အံ့ၾသဖြယ္ျဖစ္ရပ္တစ္ခု ႐ုတ္တရက္ႀကီးျဖစ္ေပၚလာတာပါ။

ႏွလုံးခုန္ႏွုန္းႏွင့္ေသြးခုန္ႏွုန္းဟာ ပိုမိုျမန္ဆန္လာၿပီးေတာ့ စည္းခ်က္ပိုညီလာခဲ့ၿပီး ထို့ေနာက္ ေျဖးေျဖးခ်င္း သတိေတြျပန္ရလာၿပီး ကုသမွုအဆင့္ဆင့္ဆက္ ခံယူကာ အားလုံးသက္သာေပ်ာက္ကင္းသြားၿပီးမွ ေဆး႐ုံဆင္းသြားပါတယ္ေနာ္။

သူပုံမွန္ေနျပန္ေကာင္းသြားတဲ့အခ်ိန္မွာေတာ့ ေဆး႐ုံသို့အလည္ျပန္လာၿပီး သူ႔ကို ေဆးကုသေပးတဲ့၊ အထူးဂ႐ုစိုက္ေပးၾကတဲ့ ဆရာဝန္/မမ်ားႏွင့္ က်န္းသားေရးဝန္ထမ္းမ်ားအားလုံးကို ေက်းဇူးတင္စကားေျပာသြားခဲ့တာဘဲ ျဖစ္ပါတယ္ေနာ္ ။credit;popolay

Unicode…ကားမတော်တဆကြောင့် ၂ လကြာသတိမေ့နေတဲ့ လူနာက ကြက်ကြော်ကြောင့် သတိပြန်ရလာတဲ့ ဖြစ်ရပ်

ကားမတော်တဆမှုတစ်ခုကြောင့် ၂ လကြာသတိလစ်မေ့မြောသွားသော လူငယ်အမျိုးသားတစ်ဦးဟာ ကြက်ကြော်ကြောင့် သတိပြန်ရလာတဲ့ အံ့သြဖွယ်အကြောင်းအရာတစ်ခုကို ချစ်ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်ပါတယ်နော်။

ထို ဖြစ်ရပ်ကတော့ ထိုင်ဝမ်မြောက်ဘက်၊ ဆင်ချူးပြည်နယ်ရှိ လွန်ခဲ့သော ဇူလိုင်လတွင် Chiu အမည်ရှိ အသက် ၁၈ အရွယ်အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်စီးနေတုန်း မတော်တဆမှုတစ်ခုဖြစ်ပွားပြီး ဒဏ်ရာအပြင်းအထန်ရရှိကာ

ဝမ်းဗိုက်တွင်းသွေးယိုစိမ့်တာ၊ ကိုယ်တွင်းအင်္ဂါတော်တော်များများပျက်စီးသွားတာကြောင့် သူဟာ ၆၂ ရက်တိတိ သတိမရဘဲမေ့မြောနေခဲ့တာပါ။သူဆေးရုံမှာဆေးကုသနေစဉ်မှာ ခွဲစိတ်မှုအကြိမ်ပေါင်းများစွာပြုလုပ်ပေးရပြီးတော့

အထူးကြပ်မတ်ဆောင်မှာ စိုးရိမ်လူနာအဆင့်သတ်မှတ်ထားသော သူ့ကို မိသားစုများဟာ အမြန်ဆုံးပြန်သက်သာလာအောင် ဆုတောင်းပေးနေကြတာပါ။မိသားစုဝင်များ ပုံမှန်လာလည်နေသောတစ်နေ့မှာ အစ်ကိုဖြစ်သူက

လူနာကုတင်နားသွားပြီးတော့ ငါ့ညီရာ ငါ အခု မင်းကြိုက်တဲ့ကြက်ကြော် ငါစားနေတယ် လို့အမှတ်တမဲ့ပြောလိုက်မိရာ သူအဲ့လိုကြားလိုက်တဲ့နောက်မှာတော့  မထင်မှတ်တဲ့အံ့သြဖွယ်ဖြစ်ရပ်တစ်ခု ရုတ်တရက်ကြီးဖြစ်ပေါ်လာတာပါ။

နှလုံးခုန်နှုန်းနှင့်သွေးခုန်နှုန်းဟာ ပိုမိုမြန်ဆန်လာပြီးတော့ စည်းချက်ပိုညီလာခဲ့ပြီး ထို့နောက် ဖြေးဖြေးချင်း သတိတွေပြန်ရလာပြီး ကုသမှုအဆင့်ဆင့်ဆက် ခံယူကာ အားလုံးသက်သာပျောက်ကင်းသွားပြီးမှ ဆေးရုံဆင်းသွားပါတယ်နော်။

သူပုံမှန်နေပြန်ကောင်းသွားတဲ့အချိန်မှာတော့ ဆေးရုံသို့အလည်ပြန်လာပြီး သူ့ကို ဆေးကုသပေးတဲ့၊ အထူးဂရုစိုက်ပေးကြတဲ့ ဆရာဝန်/မများနှင့် ကျန်းသားရေးဝန်ထမ်းများအားလုံးကို ကျေးဇူးတင်စကားပြောသွားခဲ့တာဘဲ ဖြစ်ပါတယ်နော် ။credit;popolay

Add a Comment

Your email address will not be published. Required fields are marked *