Unicode…ဖောင်ကြီး ကိုဗစ် ကုသရေးစင်တာမှာ volunteer အဖြစ်တာဝန်ထမ်းဆောင်ရင်း တလွဲဖြစ်ခဲ့တဲ့ ဟာသလေးကို ပြောပြလာတဲ့ မောင်
စိန်ဖြိုးလှိုင်ကတော့ ယခုလိုကိုဗစ်ကာလမှာဆိုရင် သူသင်ကြားထားတဲ့ ဆေးပညာရပ်ကို အသုံးချပြီး တော့ ဝိုင်းဝန်းတိုက်ဖျက်ပေးနေတာဖြစ်ပါတယ်နော်။စိန်ဖြိုးလှိုင်ကတော့ လူနာတွေကိုလည်း မေတ္တာ၊စေတနာနဲ့ကုသပေးပြီး
အမြန်ဆုံးသက်သာလာအောင် စွမ်းဆောင်ပေးနေတာပါ။နန္ဒာလှိုင်တို့မိသားစုနဲ့ ချစ်သူရီရီပွင့်ဖြူတို့ကလည်း စိန်ဖြိုးလှိုင်ရဲ့စိတ်ဓာတ်ကို လေးစားပြီးတော့ နောက်ကနေပံ့ပိုးပေးနေတာပါနော်။ဒေါက်တာစိန်ဖြိုးလှိုင်ကတော့ ဖောင်ကြီးဆေးရုံမှ
ာ အလုပ်တွေပင်ပန်းပေမယ့်လည်း အမြဲပျော်ပျော်နေပြီး တော့လတခြားဆရာဝန်၊သူနာပြုတွေနဲ့လည်း ခင်မင်ရင်းနှီးနေတာပါ။ချစ်သူရီရီပွင့်ဖြူကလည်း စိန်ဖြိုးလှိုင်စားဖို့သောက်ဖို့အတွက် မပူ‌ရအောင်လို့ အကြော်၊အလှော်လေးတွေ
သွားပို့ပေးနေတာပါနော်။အခုဆိုရင်တော့ စိန်ဖြိုးလှိုင်က သူ့ရဲ့အလွဲလေးတစ်ခုကို ပရိသတ်တွေလည်း ရယ်မောရအောင်လို့ အောက်ပါအတိုင်းမျှဝေလာတာပါ။ဒေါက်တာစိန်ဖြိုးလှိုင်က မနေ့က လူနာတွေဆေးထိုးပေးပြီးလို့
လူနာဆောင်ထဲမှာ PPE ချွတ် ရေချိုးပြီး ယူလာတဲ့ ဝတ်စုံကို ဝတ်တော့မှ ဘောင်းဘီကမတော်ဘဲ ပေါင်းရင်းထိပဲဆန့်တယ်။ ဒီအခန်းထဲမှာ ဝတ်စုံအပိုမရှိဘူး။ လူနာဆောင်ကနေ Control အဆောင်ကို ဖင်ကျွတ်ကြီးနဲ့သွားလို့ကမဖြစ်နဲ့
နောက်ဆုံးဘောင်းဘီ ပြဲလည်း ပြဲပါစေဆိုပြီး အတင်းစွတ်တော့ ဖင်တစ်ဝက်လောက်ရတာနဲ့ အပေါ်အင်္ကျီကို အတင်းဆွဲချ ပြီး Control ဆောင်ရေချိုးခန်းထဲ အမြန်ပြေးရတယ်။ ဘောင်းဘီ ကျပ်နေတော့ခြေလှမ်းကြဲလို့ကလည်းမရ။
ဆရာမတွေကို ပြန်ပြောပြတော့ သူတို့က ဆရာကတော်သေးတယ်၊ ဟိုနေ့ကဆရာဆို အင်္ကျီနှစ်ထည်မှားပါသွားလို့ ခွဲစိတ်ခန်းသုံး ဝတ်ရုံနှစ်ထည်ပတ်ပြီးထွက်လာရတယ်တဲ့၊ဆိုပြီးတော့ သူ့ရဲ့အလွဲလေးကို ရေးသားပြောပြလာတာဖြစ်ပါတယ်နော်။credit
Add a Comment
Your email address will not be published. Required fields are marked *