လက်ဆေးခြင်းက ရောဂါပိုးတွေကိုအထိရောက်ဆုံး ကာကွယ်တဲ့ နည်းလမ်းဖြစ်တာကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ ဆရာဝန်

လက်ဆေးခြင်းက ရောဂါပိုးတွေကိုအထိရောက်ဆုံး ကာကွယ်တဲ့ နည်းလမ်းဖြစ်တာကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ ဆရာဝန်

ဒေါက်တာ ဆဲမဲလ်ဝိုက်ဇ်ကိုတော့ ၁၈၁၈ ခုနှစ်ကဘူဒါပတ်စ်မြို့မှာဖွားမြင်ခဲ့တာဖြစ်ပြီး ဂျာမန်နွယ်ဖွား ကုန်သည်မျိုးရိုးကဆင်းသက်လာသူပါ။ ဗီယင်နာတက္ကသိုလ်မှာ ဝိဇ္ဇာတွဲဖြစ်တဲ့ ဥပဒေပညာကို မိဘဆန္ဒကို လိုက်လျော​ပြီးတော့ သင်ယူခဲ့ရပေမဲ့

လုံးဝစိတ်မဝင်စားခဲ့တာကြောင့် စိတ်အားထက်သန်တဲ့ သိပ္ပံလိုင်း၊ ရူပဗေဒပညာကိုပဲ ကိုယ့်ဒူးကိုယ်ချွန် တက်ရောက်သင်ယူခဲ့ပြီး ၁၈၄၄ ခုနှစ်မှာတော့ ရူပဗေဒဆိုင်ရာ ဒေါက်တာဘွဲ့ရရှိခဲ့တာပါ။ အဲ့ဒီနောက်မှာ

သူဟာ ဆေးပညာဘက်ကိုလည်း လေ့လာလိုက်စားချင်သေးတာကြောင့် ဗီယင်နာမြို့က ဆေးရုံကြီးမှာပဲ အလုပ်ဝင်ခဲ့ပြီး တော့ သူနာပြုနဲ့သားဖွားအတတ်ပညာဆိုင်ရာ မဟာဘွဲ့ကို ထပ်မဲ့ရရှိပြန်ပါသေးတယ်နော်။ဒါ့အပြင် သူ့ရဲ့ထူးချွန်မှုကြောင့်

၁၈၄၇ ခုနှစ်အရောက်မှာတော့ အဲ့ဒီဗီယင်နာဆေးရုံကြီးရဲ့သားဖွားမီးယပ်ဌာနမှာပဲ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်နော်။ အဲ့ဒီအချိန်ကစပြီးဒေါက်တာဆဲမဲဝိုက်ဇ်အတွက်တော့ သူအင်မတန်စိတ်ဝင်စားတဲ့ ဆေးသိပ္ပံနယ်ပယ်ကိုလက်တွေ့ကျကျလေ့လာဖို့ မဟာအခွင့်အလမ်းကြီးကို ရလိုက်သလိုပါပဲတဲ့။

တိုက်ဆိုင်စွာပဲ အဲ့ဒီ ၁၉ ရာစု ကာလတုန်းကမီးဖွားနာ ဆိုတဲ့ ကိုယ်ဝန်သည် တော်တော်များများအပြင်းဖျားပြီး မီးဖွားရင်း သေဆုံးကာ ကလေးပျက်ကျတဲ့ ရောဂါ​ဖြစ်ရပ်ဆိုးကြီးတခု ဖြစ်ပေါ်လျှက်ရှိတာပါ။ စူးဆန်းလိုစိတ်ကြီးတဲ့ ဒေါက်တာဆဲမဲဝိုက်ဇ်ဟာ ဒီရောဂါအတွက် သိပ္ပံဆိုင်ရာ တိကျတဲ့ဖြေရှင်းချက်ကို

အသည်းအသန် အဖြေရှာခဲ့ပြီး နောက်ဆုံးမှာတော့ မီးဖွားနာ အတွက် ဖြေရှင်းချက်ဆိုတဲ့သူကိုယ်တိုင်ပြုစုထားတဲ့ သုတေသနစာတမ်းတခုကို ၁၈၄၇ ခုနှစ်မှာ အတိအလင်းထုတ်ဝေခဲ့ပါတယ်။သူ့စာတမ်းအရတော့ မီးဖွားနာ ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းဟာ ဆရာဝန်တွေ၊ဝမ်းဆွဲသည်တွေရဲ့

လက်မသန့်တာ အဓိကအချက်ဖြစ်တယ်လို့ ဆိုတာပါ။ ဒီ့အပြင် ဆရာဝန်တွေအနေနဲ့ မီးဖွားရာမှာ လက်ကို စင်ကြယ်စွာ မဆေးရုံသာမက ကိုယ်ဝန်သည်တဦးအတွက် အသုံးပြုပြီးတဲ့ ခွဲစိတ်ပစ္စည်းတွေကို နောက်တဦးကို ခွဲစိတ်ရမှာ ပြောင်စင်အောင်ဆေးကြောခြင်းမရှိခြင်း၊ မီးဖွားခန်း အပြင်အဆင်ညစ်ပတ်ခြင်း စတဲ့အကြောင်းအချက်တွေကြောင့်ဖြစ်တယ်လို့

ကောက်ချက်ချထားတာပါ။ဒါတင်မကဘဲ သက်သေသာရက အနေနဲ့ သူတာဝန်ယူ လေ့လာစမ်းသပ်ခဲ့တဲ့ လေးနှစ်တာကာလ (၁၈၅၁-၁၈၅၅) အတွင်း လက်ကို စင်ကြယ်စွာဆေးကြောပြီးတော့ စနစ်တကျခွဲစိတ်လုပ်ဆောင်ခဲ့ခြင်းကြောင့် ယခင်က မီး​​နေသည် ၁၀၀ မှာ ၁၆ ယောက် (၁၆%) သေဆုံးရာကနေ ၉၃၃ ယောက်မှာ ၈ ယောက် (၀.၈%) ပျမ်းမျှအားဖြင့်

၁၂.၂% ၂.၄% အထိ လျော့ချနိုင်ခဲ့တယ်ဆိုပြီး စာတမ်းမှာပူးတွဲ ထည့်သွင်းဖော်ပြခဲ့တာပါ။ဒေါက်တာဆဲမဲဝိုက်ဇ်အနေနဲ့ အဲ့ဒီလိုဘယ်လောက်ပဲ သက်သေအကိုးအကားနဲ့ ဖော်ပြခဲ့ပေမဲ့ အနှစ်ချုပ်အရ လက်ဆေးခြင်းနဲ့ လက်မဆေးခြင်းဆိုတဲ့ ကွာဟချက်ကိုသာ တွေ့ရှိရပြီး တော့ သူသုတေသနပြုခဲ့တဲ့အကြောင်းအချက်တွေဟာလည်း အားရစရာအနေအထားမရှိတဲ့အတွက်

ဒေါက်တာ့ကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအပါအဝင် ဆေးပညာအသိုင်းအဝိုင်းတခုလုံးက သရော်လှောင်ပြောင်ခဲ့ကြတာပါ။ သိပ္ပံပညာမှာ ဗိုင်းရပ်စ်ပိုးကို ရှာဖွေတွေ့ရှိခဲ့ချိန်က ဒေါက်တာဆဲမဲဝိုက်ဇ်ရဲ့ သုတေသနစာတမ်းထွက်ရှိခဲ့ချိန်ထက် ၄၅ နှစ်နောက်ကျနေခဲ့တာကလည်း ဒီနေရာမှာ အင်မတန်စကားပြောတယ်လို့

ဆိုရမှာပါနော်။ဒါပေမဲ့ ပညာရပ်နဲ့ ယုံကြည်ချက်ကို လွယ်လွယ်နဲ့လက်မလျှော့တတ်သူပီပီ ဒေါက်တာဟာ စာတမ်းပါ အကြောင်းအရာတွေကို မိမိတဦးတည်း အခိုင်အမာကိုင်စွဲပြီး တခြားသူတွေအပေါ် အတိုက်အခံငြင်းဆိုရုံသာမကဘဲ

ပညာရပ် အပြိုင်သဘောမျိုး တစင်ထောင်ပြီး သူ့ရဲ့ အောက်လက်ငယ်သား၊ ကျောင်းသားတွေကိုပါ လက်ချာရိုက်ပို့ချမှုတွေ လုပ်လာတဲ့အခါမှာတော့ လုပ်ဖော်ကိုင်ဖက်တွေဟာ မျက်မုန်းကြိုးပြီး သနားညှာတာမှုကင်းမဲ့စွာနဲ့ သူ့ကို စိတ်ရောဂါဝေဒနာရှင်လို့ စွပ်စွဲပြီးတော့အရူးထောင်ကို အတင်းအကြပ် ပို့လိုက်ပါတော့တယ်။

ဒေါက်တာဆဲမဲဝိုက်ဇ်ဟာ အကျဉ်းထောင်တွင်း ရိုက်နှက်ခံရမှုကြောင့် ညာဘက်လက်မောင်းမှာ ပြည်တည်နာဖြစ်ပြီး ထောင်သက်တမ်း ၂ ပတ်အတွင်းမှာပဲ သေဆုံးခဲ့ရတာပါ။ ကွယ်လွန်ချိန်မှာ အသက် ၄၇ နှစ်သာရှိသေးပြီး

လူတစုရဲ့စိတ်ထားယုတ်ညံ့မှုကြောင့် အဖိုးတန်တဲ့ အသက်တချောင်းဆုံးရှုံးခဲ့ရတာက ရင်နာစရာပါနော်။ဒေါက်တာဆဲမဲဝိုက်ဇ်ကွယ်လွန်ပြီး နှစ်၂၀ အကြာမှာမှ သူ့ရဲ့ လက်ဆေးခြင်းဖြင့် ရောဂါပိုးတွေကို ကာကွယ်နိုင်တယ်ဆိုတဲ့ အယူအဆကို

နောက်ပေါက် သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ ရောဘက်ကို့ရှ်၊ လူးဝစ် ပက်စတွာတို့ကြောင့် တစတစ လက်ခံလာခဲ့ကြတာပါ။ယနေ့ခေတ်မှာတော့ သူ့ကို လူသားတိုင်းရဲ့အသက်ကို သူ့အသက်နဲ့ရင်းပြီး ကယ်တင်ဖို့ ကြိုးပမ်းခဲ့တဲ့ စံ​ပြပုဂ္ဂိုလ်တဦးအနေနဲ့ တကမ္ဘာလုံးကအမှတ်ရလျက်ရှိပါတယ်နော်။credit

Add a Comment

Your email address will not be published. Required fields are marked *