ဂ်ပန္နိုင္ငံ တိုရွီဘာကုမၸဏီေရွ႕မွာ ဖိနပ္တိုက္ေနတဲ့အဖြားႀကီးက ျမန္မာလူငယ္ေလးကုိ ေပးတဲ့သင္ခန္းစာ

ဂ်ပန္နိုင္ငံ တိုရွီဘာကုမၸဏီေရွ႕မွာ ဖိနပ္တိုက္ေနတဲ့ အဖြားႀကီးက ျမန္မာလူငယ္ေလးကုိ ေပးတဲ့ သင္ခန္းစာ

ဂ်ပန္နိုင္ငံမွာ တိုရွီဘာကုမၸဏီေရွ႕မွာေတာ့ ဖိနပ္တရံကို ယန္း ၅၀၀ (ျမန္မာေငြ ၅၀၀၀ ခန႔္) နဲ႔ ဖိနပ္တိုက္ေပးေနတဲ့  အသက္ ၆၀ ေက်ာ္ အဖြားႀကီးတဦး ရွိတာပါေနာ္။

တေန႔မွာ တိုရွီဘာကုမၸဏီမွာ အလုပ္လုပ္ေနတဲ့ ျမန္မာလူငယ္ေလးဟာ ဂ်ပန္ရဲ့ေဆာင္းတြင္းမွာ အေမျကီး ဖိနပ္တိုက္ေနတာကို ျမင္ေတာ့ သနားၿပီးေတာ့ ေကာ္ဖီပူပူနဲ႔ ဟမ္ဘာဂါတစ္ခု သြားေပးမိတာပါ။

အဲေတာ့ အဖြားႀကီးက ျပန္ေျပာတယ္တဲ့။ငါ့ကို တကယ္သနားရင္ နင့္ဖိနပ္ ခၽြတ္ေပးပါတဲ့။သူေတာင္းစား စိတ္ဓာတ္ေတာ့ မသြင္းေပးပါနဲ႔တဲ့ေနာ္။ဒီေန႔ နင္ေပးတာ

လက္ခံလိုက္ရင္ ေနာက္ေန႔က် ငါက နင့္ကို ေမၽွာ္မိေတာ့မယ္။ နင္မေပးနိုင္တဲ့ ေန႔က်ရင္ ငါဘယ္လို လုပ္မလဲတဲ့ သူမ်ားေပးစာကမ္းစာ စားခ်င္တဲ့ စိတ္က

သူေတာင္းစားစိတ္ဓာတ္ပါတဲ့။အဲ့ေတာ့ နင္ေပးတဲ့ မုန္႔နဲ႔ေကာ္ဖီ ငါ မယူနိုင္ဘူး ဆိုျပီးေတာ့ ေျပာခဲ့တာျဖစ္ပါတယ္ေနာ္။credit

Unicode…ဂျပန်နိုင်ငံ တိုရှီဘာကုမ္ပဏီရှေ့မှာ ဖိနပ်တိုက်နေတဲ့ အဖွားကြီးက မြန်မာလူငယ်လေးကို ပေးတဲ့ သင်ခန်းစာ

ဂျပန်နိုင်ငံမှာ တိုရှီဘာကုမ္ပဏီရှေ့မှာတော့ ဖိနပ်တရံကို ယန်း ၅၀၀ (မြန်မာငွေ ၅၀၀၀ ခန့်) နဲ့ ဖိနပ်တိုက်ပေးနေတဲ့  အသက် ၆၀ ကျော် အဖွားကြီးတဦး ရှိတာပါနော်။

တနေ့မှာ တိုရှီဘာကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ မြန်မာလူငယ်လေးဟာ ဂျပန်ရဲ့ဆောင်းတွင်းမှာ အမေကြီး ဖိနပ်တိုက်နေတာကို မြင်တော့ သနားပြီးတော့ ကော်ဖီပူပူနဲ့ ဟမ်ဘာဂါတစ်ခု သွားပေးမိတာပါ။

အဲတော့ အဖွားကြီးက ပြန်ပြောတယ်တဲ့။ငါ့ကို တကယ်သနားရင် နင့်ဖိနပ် ချွတ်ပေးပါတဲ့။သူတောင်းစား စိတ်ဓာတ်တော့ မသွင်းပေးပါနဲ့တဲ့နော်။ဒီနေ့ နင်ပေးတာ

လက်ခံလိုက်ရင် နောက်နေ့ကျ ငါက နင့်ကို မျှော်မိတော့မယ်။ နင်မပေးနိုင်တဲ့ နေ့ကျရင် ငါဘယ်လို လုပ်မလဲတဲ့ သူများပေးစာကမ်းစာ စားချင်တဲ့ စိတ်က

သူတောင်းစားစိတ်ဓာတ်ပါတဲ့။အဲ့တော့ နင်ပေးတဲ့ မုန့်နဲ့ကော်ဖီ ငါ မယူနိုင်ဘူး ဆိုပြီးတော့ ပြောခဲ့တာဖြစ်ပါတယ်နော်။credit

Add a Comment

Your email address will not be published. Required fields are marked *