က်ီးကန္းေတြရဲ႕ အၿငိဳးနဲ႔ လက္စားေခ်တာကို ႏွစ္ေပါင္းမ်ားစြာ ခံစားေနရတဲ့ အမ်ိဳးသား

က်ီးကန္းေတြရဲ႕ အၿငိဳးနဲ႔ လက္စားေခ်တာကို ႏွစ္ေပါင္းမ်ားစြာ ခံစားေနရတဲ့ အမ်ိဳးသား

အိႏိၵယႏိုင္ငံ ရွီပူရီၿမိဳ႕ စူမီလာေက်းရြာေန အမ်ိဳးသားတစ္ဦးကေတာ့ ထူးထူးဆန္းဆန္းပဲ လြန္ခဲ့တဲ့ (၃) ႏွစ္ကတည္းကစျပီးေတာ့ က်ီးကန္းေတြရဲ႕ တိုက္ခိုက္မႈကို ခံခဲ့ရေၾကာင္း timesofindia သတင္းအရ သိရတာပါ။

အဲဒီအမ်ိဳးသားနာမည္ဟာ ရွီဗာကီ၀က္ဆိုသူပါ။ ရွီဗာက ေန႔စဥ္ အျပင္ထြက္တဲ့အခါတိုင္းမွာ က်ီးကန္းေတြ သူ႔ကို မတိုက္ခုိက္ပါေစနဲ႔လို႔ ဆုေတာင္းေပမယ့္လည္း သူ႔ဆုေတာင္းေတြက မျပည့္ခဲ့ပါဘူးတဲ့။က်ီးကန္းေတြဟာ အုပ္လိုက္ၾကီးပဲ ျဖစ္ျဖစ္၊

တစ္ခါတေလမွာ တစ္ေကာင္ခ်င္းစီပဲျဖစ္ျဖစ္ ရွီဗာဆီကိို ပ်ံသန္းလာၿပီး ေတာ့ တုိက္ခိုက္ေလ့ရွိပါတယ္တဲ့။ သူတို႔ရဲ႕ ႏႈတ္သီးေတြနဲ႔ ရွီဗာရဲ႕ေခါင္းကို ထိုးဆြတာ၊ လက္သည္းနဲ႔ ကုတ္ျခစ္တာမ်ိဳးေတြကို ျပဳလုပ္ၾကပါတယ္တဲ့။

တကယ္တမ္းမွာ က်ီးကန္းေတြဟာ ရွီဗာကို အၿငိဳးတစ္ခုအတြက္နဲ႔ အခုလို လိုက္လံရန္ျပဳေနတာပါ။လြန္ခဲ့တဲ့ (၃) ႏွစ္တုန္းက ရွီဗာဟာ သံဇကာတစ္ခုမွာ က်ီးကန္းေပါက္ေလးတစ္ေကာင္ကို သြားေတြ႔တာပါ။ က်ီးကန္းေပါက္ေလးကုိ ကယ္မယ္လုပ္ေတာ့ အေကာင္ေလးက မရေတာ့ပါဘူးတဲ့။

သူ႔လက္ထဲမွာပဲ ေသသြားပါတယ္တဲ့။ ဒါကို က်ီးေပါက္ေလးရဲ႕အမ်ိဳးေတြျမင္ေတာ့ ရွီဗာကုိ အထင္မွားကာ အခုထိ တစ္ဖက္သတ္ လိုက္လံတိုက္ခိုက္ေနခဲ့တာ ျဖစ္ပါတယ္ေနာ္။ရွီဗာကေတာ့ ကြ်န္ေတာ္က က်ီးေပါက္ေလးကို

သတ္ခဲ့တာ မဟုတ္ပါဘူးဆိုတာ သူတို႔ကို ဘယ္လိုရွင္းျပလို႔ ရမလဲ။ သူတို႔က ကြ်န္ေတာ့္ကို အထင္လြဲၿပီး အေတာင္ေတြနဲ႔လိုက္ရိုက္၊ ႏႈတ္သီးေတြနဲ႔ လိုက္ဆိတ္ေနတာ ခုထက္ထိေအာင္ပါပဲ လို႔ ေျပာျပခဲ့တာပါ။ စစခ်င္းေတာ့ ရွီဗာက သူအျပင္ထြက္တိုင္း က်ီးကန္းေတြက လိုက္ရန္မူေနတာ သိေပမယ့္လည္း

ဒီေလာက္ သတိမထားမိခဲ့ပါဘူးတဲ့။ ရြာထဲက တျခားသူေတြကိုလည္း က်ီးကန္းေတြက ဒီလိုလိုက္ဆိတ္မွာပဲေလဆိုၿပီးေတာ့ ထင္ခဲ့တာပါ။ ဒါေပမယ့္လည္း က်ီးကန္းေတြက အျခားရြာသားေတြကိုေတာ့ ရန္ျပဳတာမ်ိဳးမလုပ္ပဲနဲ့ ရွီဗာတစ္ဦးတည္းကိုပဲ

အေႏွာင့္အယွက္ေပးခဲ့တာပါ။ဒီအေၾကာင္းကို ေဒသခံသတင္းေထာက္တစ္ဦးျဖစ္တဲ့ ရန္ဂ်စ္ဂူပ္တားက ရွီဗာဆီသြားေရာက္ၿပီးေတာ့ တကယ့္အျဖစ္မွန္ ဟုတ္၊မဟုတ္သြားေရာက္ စံုစမ္းခဲ့ပါေသးတယ္ေနာ္။ အ့ံအားသင့္စရာေကာင္းစြာပဲ

က်ီးကန္းေတြဟာ လြန္ခဲ့တဲ့(၃) ႏွစ္ကတည္းက အျဖစ္အပ်က္ကို ယေန႔တိုင္ မေမ့ႏိုင္ၾကေသးပဲ ရွီဗာကို ရန္ျပဳေနဆဲပဲဆိုတာ ေတြ႔လိုက္ရတာပါ။ခင္ဗ်ားတို႔အေနနဲ႔ ေျမြေတြ ဆင္ေတြက လက္စားေခ်တတ္ၾကတယ္ဆိုတာကို ၾကားဖူးေကာင္း

ၾကားဖူးလိမ့္မယ္။ ဒါေပမယ့္ က်ီးကန္းေတြက အၿငိဳးထားၿပီး လက္စားေျခတယ္ဆိုတာေတာ့ အခုမွပဲ ကိုယ္ေတြ႔ၾကံဳဖူးေတာ့တယ္ လို႔ ေျပာခဲ့တာပါ။ က်ီးကန္းေတြဟာ အျခားငွက္ေတြထက္

ဥာဏ္ရည္သာလြန္ၿပီးေတာ့ သူတို႔ကို ထိခိုက္နာက်င္ေအာင္ လုပ္ခဲ့သူေတြရဲ႕ ရုပ္ရည္ကို ထူးထူးျခားျခားမွတ္မိႏိုင္ၾကေၾကာင္းလည္း သိရပါတယ္ေနာ္။source;လင္းလင္း (ShweMom)

Unicode…ကျီးကန်းတွေရဲ့ အငြိုးနဲ့ လက်စားချေတာကို နှစ်ပေါင်းများစွာ ခံစားနေရတဲ့ အမျိုးသား

အိန္ဒိယနိုင်ငံ ရှီပူရီမြို့ စူမီလာကျေးရွာနေ အမျိုးသားတစ်ဦးကတော့ ထူးထူးဆန်းဆန်းပဲ လွန်ခဲ့တဲ့ (၃) နှစ်ကတည်းကစပြီးတော့ ကျီးကန်းတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း timesofindia သတင်းအရ သိရတာပါ။

အဲဒီအမျိုးသားနာမည်ဟာ ရှီဗာကီဝက်ဆိုသူပါ။ ရှီဗာက နေ့စဉ် အပြင်ထွက်တဲ့အခါတိုင်းမှာ ကျီးကန်းတွေ သူ့ကို မတိုက်ခိုက်ပါစေနဲ့လို့ ဆုတောင်းပေမယ့်လည်း သူ့ဆုတောင်းတွေက မပြည့်ခဲ့ပါဘူးတဲ့။ကျီးကန်းတွေဟာ အုပ်လိုက်ကြီးပဲ ဖြစ်ဖြစ်၊

တစ်ခါတလေမှာ တစ်ကောင်ချင်းစီပဲဖြစ်ဖြစ် ရှီဗာဆီကို ပျံသန်းလာပြီး တော့ တိုက်ခိုက်လေ့ရှိပါတယ်တဲ့။ သူတို့ရဲ့ နှုတ်သီးတွေနဲ့ ရှီဗာရဲ့ခေါင်းကို ထိုးဆွတာ၊ လက်သည်းနဲ့ ကုတ်ခြစ်တာမျိုးတွေကို ပြုလုပ်ကြပါတယ်တဲ့။

တကယ်တမ်းမှာ ကျီးကန်းတွေဟာ ရှီဗာကို အငြိုးတစ်ခုအတွက်နဲ့ အခုလို လိုက်လံရန်ပြုနေတာပါ။လွန်ခဲ့တဲ့ (၃) နှစ်တုန်းက ရှီဗာဟာ သံဇကာတစ်ခုမှာ ကျီးကန်းပေါက်လေးတစ်ကောင်ကို သွားတွေ့တာပါ။ ကျီးကန်းပေါက်လေးကို ကယ်မယ်လုပ်တော့ အကောင်လေးက မရတော့ပါဘူးတဲ့။

သူ့လက်ထဲမှာပဲ သေသွားပါတယ်တဲ့။ ဒါကို ကျီးပေါက်လေးရဲ့အမျိုးတွေမြင်တော့ ရှီဗာကို အထင်မှားကာ အခုထိ တစ်ဖက်သတ် လိုက်လံတိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်နော်။ရှီဗာကတော့ ကျွန်တော်က ကျီးပေါက်လေးကို

သတ်ခဲ့တာ မဟုတ်ပါဘူးဆိုတာ သူတို့ကို ဘယ်လိုရှင်းပြလို့ ရမလဲ။ သူတို့က ကျွန်တော့်ကို အထင်လွဲပြီး အတောင်တွေနဲ့လိုက်ရိုက်၊ နှုတ်သီးတွေနဲ့ လိုက်ဆိတ်နေတာ ခုထက်ထိအောင်ပါပဲ လို့ ပြောပြခဲ့တာပါ။ စစချင်းတော့ ရှီဗာက သူအပြင်ထွက်တိုင်း ကျီးကန်းတွေက လိုက်ရန်မူနေတာ သိပေမယ့်လည်း

ဒီလောက် သတိမထားမိခဲ့ပါဘူးတဲ့။ ရွာထဲက တခြားသူတွေကိုလည်း ကျီးကန်းတွေက ဒီလိုလိုက်ဆိတ်မှာပဲလေဆိုပြီးတော့ ထင်ခဲ့တာပါ။ ဒါပေမယ့်လည်း ကျီးကန်းတွေက အခြားရွာသားတွေကိုတော့ ရန်ပြုတာမျိုးမလုပ်ပဲနဲ့ ရှီဗာတစ်ဦးတည်းကိုပဲ

အနှောင့်အယှက်ပေးခဲ့တာပါ။ဒီအကြောင်းကို ဒေသခံသတင်းထောက်တစ်ဦးဖြစ်တဲ့ ရန်ဂျစ်ဂူပ်တားက ရှီဗာဆီသွားရောက်ပြီးတော့ တကယ့်အဖြစ်မှန် ဟုတ်၊မဟုတ်သွားရောက် စုံစမ်းခဲ့ပါသေးတယ်နော်။ အံ့အားသင့်စရာကောင်းစွာပဲ

ကျီးကန်းတွေဟာ လွန်ခဲ့တဲ့(၃) နှစ်ကတည်းက အဖြစ်အပျက်ကို ယနေ့တိုင် မမေ့နိုင်ကြသေးပဲ ရှီဗာကို ရန်ပြုနေဆဲပဲဆိုတာ တွေ့လိုက်ရတာပါ။ခင်ဗျားတို့အနေနဲ့ မြွေတွေ ဆင်တွေက လက်စားချေတတ်ကြတယ်ဆိုတာကို ကြားဖူးကောင်း

ကြားဖူးလိမ့်မယ်။ ဒါပေမယ့် ကျီးကန်းတွေက အငြိုးထားပြီး လက်စားခြေတယ်ဆိုတာတော့ အခုမှပဲ ကိုယ်တွေ့ကြုံဖူးတော့တယ် လို့ ပြောခဲ့တာပါ။ ကျီးကန်းတွေဟာ အခြားငှက်တွေထက်

ဉာဏ်ရည်သာလွန်ပြီးတော့ သူတို့ကို ထိခိုက်နာကျင်အောင် လုပ်ခဲ့သူတွေရဲ့ ရုပ်ရည်ကို ထူးထူးခြားခြားမှတ်မိနိုင်ကြကြောင်းလည်း သိရပါတယ်နော်။source;လင်းလင်း (ShweMom)

Add a Comment

Your email address will not be published. Required fields are marked *