ပရိတ်သတ်တစ်ဦးရဲ့ လက်ဆောင်လေးနဲ့ စာလေးတစ်ဆောင်ကြောင့် ရင်ထဲမှာ ပီတိဖြစ်မိကြောင်းပြောပြလာတဲ့ ခင်လှိုင်
Unicode…ပရိသတ်တစ်ဦးရဲ့ လက်ဆောင်လေးနဲ့ စာလေးတစ်ဆောင်ကြောင့် ရင်ထဲမှာ ပီတိဖြစ်မိကြောင်းပြောပြလာတဲ့ ခင်လှိုင်
ဦးခင်လှိုင်ဟာ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင် တစ်ယောက်ပါနော်။ သူဟာ အနုပညာရှင်တွေနဲ့ပရိသတ်တွေ အပေါ်မှာလည်း ဖော်ဖော် ရွေရွေနဲ့ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတာပါ။
ယနေ့ မှာတော့ဦးခင်လှိုင်က ပရိသတ်တစ်ဦးရဲ့ လက်ဆောင်လေးနဲ့စာလေး တစ်ဆောင်ကြောင့် ရင်ထဲမှာကြည်နူး ပီတိဖြစ်မိကြောင်းယခု လိုပဲပြောပြလာတာပါ။သူက ရင်ထဲမှာကြည်နူ းပီတိဖြစ်လွန်းလို့ဒီပုံလေးကိုတင်ပါရစေခင်ဗျာ။
ဒီနေ့ကျွန်တော်တို့ အိမ်မှာ လိုအပ်တာ လေးတွေပြန်ဖြည့်ဖို့အတွက်Myanmar plaza ကိုကျွန်တော်နှင့်မငွေသိမ်းဈေးဝယ်ထွက်လာရင်းTONY TUN TUN မှာ ဦးခေါင်းပေါ်ကကြာဇံတွေကိုအရောင်ပြောင်းပြီးဆိုင်ကပြန်အထွက်
ဆိုင်ရှေ့မှ ာကလေးမလေးတစ်ယောက် အခုပုံမှာပါတဲ့ ကိတ်မုန့်လေးရယ် စာအိတ်လေး တစ်အိတ်ရယ်လာပေးပြီး ဦးဦးအတွက်လက်ဆောင်ပေးချင်လို့ပါ စာလေးလဲရေးထားပါတယ် ဖတ်ကြည့်ပါနော်လို့ပြောပြီး
စကားအဆုံးပြန်ထွက်သွားတော့ ကျွန်တော်လဲ ကျေးဇူးတင်ပါတယ်သမီးရယ်လို့ပြောပြီး သူပေးခဲ့တဲ့ စာလေးကိုစိတ်ဝင်စားလို့အမြန်ဖတ်ကြည့်ပြီးသူရေးထားတဲ့စာလေးကြောင့်ပီတိဖြစ်လွန်းလို့သေသေချာချိာနှုတ်ဆက်ဖို့လိုက်ကြည့်တော့မတွေ့တော့ဘူး။
ကျွန်တော်ငယ်ငယ် MRTV အငြိမ့်လေးတွေလွှင့်ပြီးနောက်ရက်တွေဆိုရင်မိတ်ဆက်စာလေးတွေရောက်လာတတ်တယ်။မရောက်လာရင်လဲကျွန်မျှော်နေမိတတ်အခုနောက်ပိုင်းမှာfb ခေတ်မှာတော့မိတ်ဆက်စာရေးတဲ့အလေ့အထလေးမရှိသလောက်ပါပဲ ။
ဒီနေ့တွေ့တဲ့သမီးလေးက ကိတ်မုန့်လေးကိုဒီအတိုင်းပေးလဲရပေမဲ့စာလေးကိုသေသေချာချာလေးလေးစားစားလေးရေးပေးခဲ့တယ်။ သမီးဘယ်သူလဲဆိုတာဦးဦးမသိလိုက်ပါဘူးသို့သော်လဲ သမီးရဲ့အနုပညာရှင်တစ်ယောက်အပေါ်မှာထားတဲ့
လေးစားမှုလေးကိုဦးဦးအမြဲအမှတ်ရနေပါ့မယ် ဆိုပြီးရေးသားကာ ပုံရိပ်လေးနဲ့အတူတင်ထားခဲ့တာဖြစ်ပါတယ်နော်။Source:Khin Hlaing
Add a Comment
Your email address will not be published. Required fields are marked *