အဘြား ႏွင့္ ဖခင္ ျဖစ္သူ တုိ့ တစ္ခ်ိန္တည္းမွာေသဆုံးသြားခဲ့တာေျကာင့္ တစ္ကိုယ္တည္းရပ္တည္ေနထိုင္ေနရတဲ့ ကေလးငယ္

အဘြား ႏွင့္ ဖခင္ ျဖစ္သူ တုိ့ တစ္ခ်ိန္တည္းမွာေသဆုံးသြားခဲ့တာေျကာင့္ တစ္ကိုယ္တည္းရပ္တည္ေနထိုင္ေနရတဲ့ ကေလးငယ္

ဗီယက္နမ္နိုင္ငံမွ ရြာငယ္ေလးမွာ ေနထိုင္လ်က္ရွိတဲ့ Dang Van Khuyen အမည္ရွိတဲ့ အသက္ 10ႏွစ္အရြယ္ေကာင္ေလးက မၾကာေသးခင္ကမွ အဘြားျဖစ္သူ နဲ႔ ဖခင္ ျဖစ္သူတို့ကို

ဆုံးရွုံးလိုက္ရတဲ့အတြက္ တစ္ကိုယ္တည္ရပ္တည္ေနထိုင္ၿပီး ေတာ့ ကိုယ္ပိုင္အသီးအရြက္မ်ားစိုက္ပ်ိဳးျပီး ေနထိုင္ေနလ်က္ရွိပါတယ္။Dang Van Khuyen ကေတာ့ မိခင္ျဖစ္သူကို ငယ္စဥ္ကတည္းကဆုံးရွုံးခဲ့ရတာျဖစ္ၿပီးေတာ့

ဖခင္ျဖစ္သူဟာ ေဆာက္လုပ္ေရးအလုပ္သမားအျဖစ္လုပ္ကိုင္ေနသူျဖစ္တဲ့အတြက္ မိသားစုျဖင့္ခြဲၿပီးေနထိုင္ခဲ့ရသူျဖစ္ပါတယ္ေနာ္။ဒါ့ေျကာင့္ Dang Van Khuyen ႏွင့္ အဘြားျဖစ္သူတို့ဟာ တစ္ဦးကိုတစ္ဦးမွီခိုကာေနထိုင္ခဲ့ၿပီး ေတာ့

ဖခင္ေထာက္ပံ့ေပးေနတဲ့ ေငြအနည္းငယ္ျဖင့္သာ ရိုးရွင္းေသာဘဝေလးကိုျဖတ္သန္းခဲ့ၾကတာပါ။ကံဆိုးစြာနဲ႔ပဲ အဘြားျဖစ္သူဟာ အသက္အရြယ္အိုမင္းလာၿပီးေနာက္ ေသဆုံးသြားခဲ့ရၿပီးေတာ့ ေနာက္ထပ္မၾကာခင္မွာဘဲ

Dang Van Khuyen ေက်ာင္းမွာရွိေနတုန္း ဖခင္ျဖစ္သူဟာ လုပ္ငန္းခြင္တြင္ မေတာ္တဆမွုျဖစ္ၿပီးေတာ့ ေသဆုံးသြားခဲ့ရတာကို သတင္းရရွိခဲ့တာပါ။ထို့ေနာက္ Dang ရဲ့ေက်ာင္ဆရာမ်ားက Dang ရဲ့ဖခင္ျဖစ္သူအေလာင္းကို

အိမ္သို့ျပန္သယ္ေဆာင္ၿပီး ေတာ့ ေျမျမဳပ္သျဂဳလၤ္နိုင္ဖို့ အတြက္ 10 million dong (ျမန္မာေငြ 6သိန္းေက်ာ္)အကုန္အက်ခံၿပီးကူညီေပးခဲ့ၾကပါတယ္ေနာ္။ခုခ်ိန္မွာ ေကာင္ေလးဟာ မိသားစုမရွိဘဲ အသီးအရြက္မ်ားစိုက္ပ်ိဳးကာ

ကိုယ္ပိုင္ရပ္တည္ေနလ်က္ရွိၿပီး ေတာ့၊ ေက်ာင္းကိုလည္း မပ်က္ကြက္ပဲတက္ေရာက္ေနကာ စာႀကိဳးသင္ယူေနေၾကာင္း သိရတာပါ။Dang ရဲ့ ဆရာျဖစ္သူက Dang အေၾကာင္းကို social media ေပၚတြင္ ေဝမၽွေပးခဲ့ၿပီး

Dang ကိုကူညီခ်င္သူ ၊ ေမြးစားခ်င္သူမ်ားရွိေပမဲ့လည္း Dang ကျငင္းပယ္ခဲ့တာပါ ။အစိုးရဖက္က ႏွင့္ ေက်ာင္းဖက္ကပါ Dang ကိုေမြးစားမည့္ မိသားစုမ်ားရွာေပခဲ့ေပမဲ့လည္း Dang ကဆက္လက္ျငင္းဆိုခဲ့ပါတယ္ေနာ္။

ထို့ေၾကာင့္ Dang ဟာ အသက္ 18 ႏွစ္ျပည့္တဲ့အထိ တစ္ေယာက္တည္းဆက္လက္ရပ္တည္နိုင္ဖို့က လူအမ်ားကအေတာ္ေလးစိတ္ပူေနလ်က္ ရွိပါတယ္ေနာ္။source:Jasmine (Mckzone Daily)

Unicode…အဘွား နှင့် ဖခင် ဖြစ်သူ တို့ တစ်ချိန်တည်းမှာသေဆုံးသွားခဲ့တာကြောင့် တစ်ကိုယ်တည်းရပ်တည်နေထိုင်နေရတဲ့ ကလေးငယ်

ဗီယက်နမ်နိုင်ငံမှ ရွာငယ်လေးမှာ နေထိုင်လျက်ရှိတဲ့ Dang Van Khuyen အမည်ရှိတဲ့ အသက် 10နှစ်အရွယ်ကောင်လေးက မကြာသေးခင်ကမှ အဘွားဖြစ်သူ နဲ့ ဖခင် ဖြစ်သူတို့ကို

ဆုံးရှုံးလိုက်ရတဲ့အတွက် တစ်ကိုယ်တည်ရပ်တည်နေထိုင်ပြီး တော့ ကိုယ်ပိုင်အသီးအရွက်များစိုက်ပျိုးပြီး နေထိုင်နေလျက်ရှိပါတယ်။Dang Van Khuyen ကတော့ မိခင်ဖြစ်သူကို ငယ်စဉ်ကတည်းကဆုံးရှုံးခဲ့ရတာဖြစ်ပြီးတော့

ဖခင်ဖြစ်သူဟာ ဆောက်လုပ်ရေးအလုပ်သမားအဖြစ်လုပ်ကိုင်နေသူဖြစ်တဲ့အတွက် မိသားစုဖြင့်ခွဲပြီးနေထိုင်ခဲ့ရသူဖြစ်ပါတယ်နော်။ဒါ့ကြောင့် Dang Van Khuyen နှင့် အဘွားဖြစ်သူတို့ဟာ တစ်ဦးကိုတစ်ဦးမှီခိုကာနေထိုင်ခဲ့ပြီး တော့

ဖခင်ထောက်ပံ့ပေးနေတဲ့ ငွေအနည်းငယ်ဖြင့်သာ ရိုးရှင်းသောဘဝလေးကိုဖြတ်သန်းခဲ့ကြတာပါ။ကံဆိုးစွာနဲ့ပဲ အဘွားဖြစ်သူဟာ အသက်အရွယ်အိုမင်းလာပြီးနောက် သေဆုံးသွားခဲ့ရပြီးတော့ နောက်ထပ်မကြာခင်မှာဘဲ

Dang Van Khuyen ကျောင်းမှာရှိနေတုန်း ဖခင်ဖြစ်သူဟာ လုပ်ငန်းခွင်တွင် မတော်တဆမှုဖြစ်ပြီးတော့ သေဆုံးသွားခဲ့ရတာကို သတင်းရရှိခဲ့တာပါ။ထို့နောက် Dang ရဲ့ကျောင်ဆရာများက Dang ရဲ့ဖခင်ဖြစ်သူအလောင်းကို

အိမ်သို့ပြန်သယ်ဆောင်ပြီး တော့ မြေမြုပ်သဂြုင်္လ်နိုင်ဖို့ အတွက် 10 million dong (မြန်မာငွေ 6သိန်းကျော်)အကုန်အကျခံပြီးကူညီပေးခဲ့ကြပါတယ်နော်။ခုချိန်မှာ ကောင်လေးဟာ မိသားစုမရှိဘဲ အသီးအရွက်များစိုက်ပျိုးကာ

ကိုယ်ပိုင်ရပ်တည်နေလျက်ရှိပြီး တော့၊ ကျောင်းကိုလည်း မပျက်ကွက်ပဲတက်ရောက်နေကာ စာကြိုးသင်ယူနေကြောင်း သိရတာပါ။Dang ရဲ့ ဆရာဖြစ်သူက Dang အကြောင်းကို social media ပေါ်တွင် ဝေမျှပေးခဲ့ပြီး

Dang ကိုကူညီချင်သူ ၊ မွေးစားချင်သူများရှိပေမဲ့လည်း Dang ကငြင်းပယ်ခဲ့တာပါ ။အစိုးရဖက်က နှင့် ကျောင်းဖက်ကပါ Dang ကိုမွေးစားမည့် မိသားစုများရှာပေခဲ့ပေမဲ့လည်း Dang ကဆက်လက်ငြင်းဆိုခဲ့ပါတယ်နော်။

ထို့ကြောင့် Dang ဟာ အသက် 18 နှစ်ပြည့်တဲ့အထိ တစ်ယောက်တည်းဆက်လက်ရပ်တည်နိုင်ဖို့က လူအများကအတော်လေးစိတ်ပူနေလျက် ရှိပါတယ်နော်။source;Jasmine (Mckzone Daily)

Tags:

Add a Comment

Your email address will not be published. Required fields are marked *