မိဘႏွစ္ပါးဆီက ေနခ်င္စဖြယ္အိမ္ေလးတစ္လုံး မဂၤလာလက္ဖြဲ႕ရရွိခဲ့တဲ့ စည္ၿဖိဳးနဲ႔ ခင္လႊမ္း

မိဘႏွစ္ပါးဆီက ေနခ်င္စဖြယ္အိမ္ေလးတစ္လုံး မဂၤလာလက္ဖြဲ႕ရရွိခဲ့တဲ့ စည္ၿဖိဳးနဲ႔ ခင္လႊမ္း

နိုင္ငံေက်ာ္ အႏုပညာရွင္ႏွစ္ေယာက္ျဖစ္တဲ့ စည္ၿဖိဳးနဲ႔ ခင္လႊမ္းတို့ကေတာ့ ခ်စ္သူဘဝမွာတင္ မေမၽွာ္လင့္ပဲနဲ့ ရင္ေသြးေလးကို ရရွိခဲ့တာမို့ ႏွစ္ဖက္မိဘေတြ သေဘာတူၾကည္ျဖဴစြာနဲ႔ဘဲ ေရႊလက္တြဲ လက္ထပ္ခဲ့ၿပီပဲ ျဖစ္ပါတယ္ေနာ္။

စည္ၿဖိဳးနဲ႔ ခင္လႊမ္းဟာ ၿပီးခဲ့တဲ့ နိုဝင္ဘာလ (၅) ရက္ေန႔မွာေတာ့ မဂၤလာလက္မွတ္ထိုးခဲ့ၿပီျဖစ္ၿပီး ေတာ့ အခုဆိုရင္ တစ္အိုးတစ္အိမ္တည္ေထာင္ကာ ႏွစ္ကိုယ္တူဘဝေလးကို စတင္ေနၿပီပဲ ျဖစ္ပါတယ္ေနာ္။ ပရိသတ္ေတြကလည္း

ေနနဲ႔လ ေရႊနဲ႔ျမလို လိုက္ဖက္လြန္းတဲ့ စည္ၿဖိဳးနဲ႔ ခင္လႊမ္းအတြက္ ေကာင္းခ်ီးေပး ဂုဏ္ျပဳေနတာပဲ ျဖစ္ပါတယ္ေနာ္။ဒီကေန႔မွာေတာ့ စည္ၿဖိဳးက အဆင့္ျမင့္အိမ္ယာထဲရွိ

ေနအိမ္ေလးတစ္လုံးရရွိခဲ့ေၾကာင္းကို အပူပင္ကင္းၿပီး သာယာၿငိမ္းေအးတဲ့ ပတ္ဝန္းက်င္ေလးတစ္ခု.. ေဖႀကီးနဲ႔ေမႀကီး ေမတၱာလမ္းခင္းလို့ လက္ဖြဲ႕ခဲ့တယ္။ အတိုင္းမသိပါ။ ရင္ထဲ ကေလးေလးေဆာ့ေနမွာ ျမင္ေယာင္မိတယ္ . ဆိုၿပီး ေျပာလာတာပါ။

ခင္လႊမ္းကလည္း ေယာကၡမေတြရဲ့ ေမတၱာလက္ေဆာင္ကို ေမတၱာအျပည့္နဲ႔ေပးတဲ့ ေမတၱာ အရိပ္ျမဳံေလး 🥰 သားသမီးဝတၱရား အသက္ထက္ဆုံး ေက်ပြန္သြားပါ့မယ္ရွင္  ဆိုၿပီးေတာ့ ေက်းဇူးတင္ ဝမ္းသာစကား ေျပာထားတာပါ။

စည္ၿဖိဳးနဲ႔ ခင္လႊမ္းတို့ကေတာ့ မိဘေတြေပးတဲ့ အသိုက္အျမဳံေလးမွာ သားသမီးေတြနဲ႔ ေပ်ာ္စရာေကာင္းတဲ့ ဘဝေလးကို တည္ေဆာက္သြားၾကမွာပဲ ျဖစ္ပါတယ္ေနာ္။ ခ်စ္ပရိသတ္ႀကီးလည္း စည္ၿဖိဳးနဲ႔ ခင္လႊမ္းတို့ကိုၾကည့္ၿပီး အားက်ၾကမယ္ ထင္ပါတယ္ေနာ္္။credit

Unicode…မိဘနှစ်ပါးဆီက နေချင်စဖွယ်အိမ်လေးတစ်လုံး မင်္ဂလာလက်ဖွဲ့ရရှိခဲ့တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်း

နိုင်ငံကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်သူဘဝမှာတင် မမျှော်လင့်ပဲနဲ့ ရင်သွေးလေးကို ရရှိခဲ့တာမို့ နှစ်ဖက်မိဘတွေ သဘောတူကြည်ဖြူစွာနဲ့ဘဲ ရွှေလက်တွဲ လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်နော်။

စည်ဖြိုးနဲ့ ခင်လွှမ်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၅) ရက်နေ့မှာတော့ မင်္ဂလာလက်မှတ်ထိုးခဲ့ပြီဖြစ်ပြီး တော့ အခုဆိုရင် တစ်အိုးတစ်အိမ်တည်ထောင်ကာ နှစ်ကိုယ်တူဘဝလေးကို စတင်နေပြီပဲ ဖြစ်ပါတယ်နော်။ ပရိသတ်တွေကလည်း

နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းအတွက် ကောင်းချီးပေး ဂုဏ်ပြုနေတာပဲ ဖြစ်ပါတယ်နော်။ဒီကနေ့မှာတော့ စည်ဖြိုးက အဆင့်မြင့်အိမ်ယာထဲရှိ

နေအိမ်လေးတစ်လုံးရရှိခဲ့ကြောင်းကို အပူပင်ကင်းပြီး သာယာငြိမ်းအေးတဲ့ ပတ်ဝန်းကျင်လေးတစ်ခု.. ဖေကြီးနဲ့မေကြီး မေတ္တာလမ်းခင်းလို့ လက်ဖွဲ့ခဲ့တယ်။ အတိုင်းမသိပါ။ ရင်ထဲ ကလေးလေးဆော့နေမှာ မြင်ယောင်မိတယ် . ဆိုပြီး ပြောလာတာပါ။

ခင်လွှမ်းကလည်း ယောက္ခမတွေရဲ့ မေတ္တာလက်ဆောင်ကို မေတ္တာအပြည့်နဲ့ပေးတဲ့ မေတ္တာ အရိပ်မြုံလေး 🥰 သားသမီးဝတ္တရား အသက်ထက်ဆုံး ကျေပွန်သွားပါ့မယ်ရှင်  ဆိုပြီးတော့ ကျေးဇူးတင် ဝမ်းသာစကား ပြောထားတာပါ။

စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ မိဘတွေပေးတဲ့ အသိုက်အမြုံလေးမှာ သားသမီးတွေနဲ့ ပျော်စရာကောင်းတဲ့ ဘဝလေးကို တည်ဆောက်သွားကြမှာပဲ ဖြစ်ပါတယ်နော်။ ချစ်ပရိသတ်ကြီးလည်း စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကိုကြည့်ပြီး အားကျကြမယ် ထင်ပါတယ်နော်။credit

Add a Comment

Your email address will not be published. Required fields are marked *