Unicode…မလေးရှားနိုင်ငံကရေကူးကန်ထဲကို တံတွေးထွေးပြီး အခြားသူတေ ရောဂါကူးအောင် ကြံစည်ခဲ့တဲ့ တရုတ်အမျိုးသမီး
မလေးရှားနိုင်ငံက ကွန်ဒိုအဆောက်အအုံရဲ့ ရေကူးကန်ထဲကို တံတွေးထွေးထည့်ပြီး အခြားသူတွေ ရောဂါကူးစက်အောင် တရုတ်ကျောင်းသူလေး ဟာ ကြံစဉ်ခဲ့ပါတယ်။
လူအများဟာ ရောဂါကူးစက်ပျံ့နှံ့မှုမရှိအောင် ထိန်းသိမ်း ဝိုင်းဝန်ကာကွယ်ပြီး ၊ ကုသမှုများ ပြုလုပ်နေကြပေမဲ့လည်း အချို့သော စိတ်ထားယုတ်မာ ကောက်ကျစ်
လွန်းသူတွေကတော့ မိမိခံစား ဖြစ်နေသော ရောဂါဝေဒနာတွေကို အခြားသူတွေပါ ကူးစက်ခံစားရအောင် ယုတ်မာတတ်ကြပါတယ်နော်။ ဒီတစ်ကြိမ်မှာလည်း မလေးရှားနိုင်ငံ ၊
Kuala Lumpur မြို့ရှိ Cheras University မှာ ပညာသင်ကြားနေလျက်ရှိတဲ့ တရုတ်ကျောင်းသူမလေးတစ်ဦးက အများသုံး သုံးနေတဲ့ ကွန်ဒိုတိုက်ခန်းအဆောက်အအုံထဲမှာ ရှိတဲ့
ရေကူးကန်ထဲကို တံတွေးထွေးထည့်နေခဲ့တာကို မျက်မြင်သက်သေတွေက videoကို အရရိုက်ယူနိုင်ခဲ့ပါတယ် ။“ကောင်မလေးက တရုတ်နိုင်ငံကရောက်လာတဲ့
ကျောင်းသူလေးပါ ၊ ပြီးခဲ့တဲ့ February 25 ရက်နေ့ ညနေ 3:30 အချိန်လောက်က ကောင်မလေးက ကွန်ဒိုတိုက်ခန်းအနီးနားမှာရှိတဲ့ ရေကူးကန်ထဲကို တံတွေးထွေးထည့်ခဲ့တာပါ ၊
သူမက ရေကူးကန်တစ်လျှောက် လမ်းလျှောက်ပြီး ရေကူးကန်ထဲကို တံတွေးထွေးထည့်နေခဲ့တာပါ ၊ လုံခြုံရေးဝန်ထမ်းကို မြင်တော့မှ စတိုးဆိုင်ထဲကို ပြေးဝင်သွားခဲ့ပြီး
ရေတစ်ဗူးဝယ်ပြီးနောက် ရေဗူးထဲတံတွေးထွေးထည့်ပြီးနောက် ရေကန်ထဲကိုထပ်ပြီး လောင်းချခဲ့ပါတယ် ” ဆိုပြီး ကွန်ဒို တိုက်ခန်းအတွင်းနေထိုင်နေသူတစ်ဦးက ပြောကြားခဲ့ပါတယ် ။
တရုတ်ကျောင်းသူလေးဟာ ရေကူးကန်တစ်ခုထဲတင်မကဘဲ ကလေးငယ်တွေဆော့ကစားနေကြဖြစ်တဲ့ ရေကန်အသေးလေးတွေထဲကိုပါ တံတွေးတွေ ထွေးချခဲ့တာပါ ။
တရုတ်ကျောင်းသူ ကောက်ကျစ်တဲ့ ရဲ့လုပ်ရပ် ပြုမူတွေကို့မြင်တွေခဲ့တဲ့ လုံခြုံရေးဝန်ထမ်းက တရုတ်ကျောင်းသူကိုမောင်းထုတ်ခဲ့ပါတယ် ။
သူမဟာ မည်သည့်အကြောင်းကိစ္စကြောင့် ရေကူးကန်ထဲကို တံတွေးထွေးထည့်ခဲ့မှန်း မသိရပေမဲ့လည်း အဲဒီ တရုတ်ကျောင်းသူ ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူဖြစ်နေခဲ့လျှင် ရောဂါကူးစက်ပျံ့နှံ့နိုင်တာမို့ လူအများဟာ စိုးရိမ်ပူပန်မူတွေရှိနေခဲ့ပါတယ် ။Source: worldofbuzz
Tags:
Add a Comment
Your email address will not be published. Required fields are marked *