ေမြးျမဴထားတဲ့ ေလလြင့္ေခြးမ်ားကို မိေက်ာင္းစာအျဖစ္ အသုံးျပဳေသာ အမ်ိဳးသား

ေမြးျမဴထားတဲ့ ေလလြင့္ေခြးမ်ားကို မိေက်ာင္းစာအျဖစ္ အသုံးျပဳေသာ အမ်ိဳးသား

ထိုင္းမွာ စီးပြားအျဖစ္ေမြးျမဴေသာ မိေက်ာင္းေမြးျမဴေရးလုပ္ငန္းရွင္အမ်ိဳးသားတစ္ဦးရဲ့ လူစိတ္မရွိစြာ တစ္ကိုယ္ေကာင္းဆန္လြန္းေသာ အေၾကာင္းအရာတစ္ခုကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ေန႔စဥ္ပုံမွန္တုိင္း လတ္ဆတ္ေသာၾကက္သားမ်ားႏွင့္ေကၽြးေမြးရေသာ မိေက်ာင္းေပါက္ေလးအရြယ္ေတြကေန စတင္ေမြးျမဴထားေသာ ထိုင္းမွ မိေက်ာင္းေမြးျမဴေရးလုပ္ငန္းရွင္တစ္ဦးက ကိုဗစ္-၁၉ အေျခအေနေၾကာင့္

စီးပြားေရးမေျပလည္မွုမ်ားႏွင့္ အခက္အခဲမ်ား ၾကဳံေတြ႕လာရတာပါ။လမ္းသြားရင္းတစ္ေန႔မွာေတာ့ သူ႔ကို လိုက္ေဟာင္ေနေသာလမ္းေဘးေခြးမ်ားကိုေတြ႕လိုက္ၿပီး ေတာ့ အေတြးတစ္ခုေပၚလာခဲ့တာပါ။

ထို့ေနာက္ အိမ္ကို ေခြးတစ္ေကာင္ အရင္ဖမ္းလာၾကည့္ၿပီးေတာ့ မိေက်ာင္းစာအျဖစ္ အေကာင္လိုက္ကို ပစ္ေကၽြးလိုက္တယ္။ အစက မိေက်ာင္းမ်ားႀကိဳက္ရဲ့လားလို့ထင္ထားတာ သူတို့အရမ္းႀကိဳက္တာေတြ႕ရပါတယ္တဲ့။

အဲ့လိုျမင္ၿပီးေနာက္ ေနာက္ေန႔ေတြမွာ အျပင္က ေလလြင့္ေခြးမ်ားကို လိုက္ရွာၿပီးေတာ့ အိပ္ေဆးခတ္ဖမ္းဆီးခဲ့ပါတယ္။ ျပႆနာက ေခြးကို အရွင္လတ္လတ္အေကာင္လိုက္ေကၽြးရင္

ေအာ္လို့ ေဘးပတ္ဝန္းက်င္သိသြားမွာစိုးရိမ္လို့ အရင္ဆုံးေသေအာင္ျပဳလုပ္ခဲ့တာပါ။ ဆာလာအိတ္ထဲထည့္ၿပီးေတာ့ ေသသြားေအာင္ေရထဲနစ္ ၿပီးေနာက္ အပိုင္းပိုင္းျဖတ္ ၿပီးေနာက္ မနက္တိုင္း မိေက်ာင္းစာေကၽြးခဲ့ပါတယ္။

ေခြးအျပင္ ေၾကာင္ေတြလည္းဖမ္းၿပီးေတာ့ ေခြးအသားမေလာက္ငွတဲ့ေန႔ေတြမွာ ေၾကာင္ကိုယူေကၽြးေလ့လည္းရွိပါတယ္တဲ့။ ေၾကာင္က အေကာင္ေသးေနေတာ့ ပိုင္းစရာမလိုဘဲ အေကာင္လိုက္ယူေကၽြးခဲ့ပါတယ္။

ေခြးေတြကိုလိုက္လံရွာေဖြဖမ္းဆီးသည့္အျပင္ ေလလြင့္ေခြးမ်ား၊ စြန႔္ပစ္ခံေခြးမ်ား၊ ပိုင္ရွင္မဲ့ေခြးမ်ားလက္ခံေမြးျမဴေၾကာင္း ေခြးေစာင့္ေရွာက္ေရးေဂဟာလိုမ်ိဳး ေဖ့စ္ဘုခ္အေကာင့္ဖြင့္လွစ္ထားပါေသးတယ္ေနာ္။ဒီအေၾကာင္းအရာကုိ လူသိရွင္ၾကားျဖစ္သြားၿပီး၊ေတာ့ အြန္လိုင္းမွာပ်ံ႕ႏွံ့သြားၿပီးေနာက္

ေဝဖန္ရွုံ႔ခ်မွုအမ်ားအျပားရွိလာတာပါ။ လက္ရွိမွာေတာ့ တိရိစၧာန္ေစာင့္ေရွာက္ေရးဆိုင္ရာတာဝန္ရွိသူမ်ားမွ အေၾကာင္းအရာလိုက္လံစုံစမ္းၿပီး ဥပေဒအရအေရးယူေဆာင္ရြက္ရန္စီစဥ္ေနေၾကာင္း သိရပါတယ္ေနာ္။credit;popolay

Unicode…မွေးမြူထားတဲ့ လေလွင့်ခွေးများကို မိကျောင်းစာအဖြစ် အသုံးပြုသော အမျိုးသား

ထိုင်းမှာ စီးပွားအဖြစ်မွေးမြူသော မိကျောင်းမွေးမြူရေးလုပ်ငန်းရှင်အမျိုးသားတစ်ဦးရဲ့ လူစိတ်မရှိစွာ တစ်ကိုယ်ကောင်းဆန်လွန်းသော အကြောင်းအရာတစ်ခုကို ဖော်ပြထားတာ ဖြစ်ပါတယ်။

နေ့စဉ်ပုံမှန်တိုင်း လတ်ဆတ်သောကြက်သားများနှင့်ကျွေးမွေးရသော မိကျောင်းပေါက်လေးအရွယ်တွေကနေ စတင်မွေးမြူထားသော ထိုင်းမှ မိကျောင်းမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ကိုဗစ်-၁၉ အခြေအနေကြောင့်

စီးပွားရေးမပြေလည်မှုများနှင့် အခက်အခဲများ ကြုံတွေ့လာရတာပါ။လမ်းသွားရင်းတစ်နေ့မှာတော့ သူ့ကို လိုက်ဟောင်နေသောလမ်းဘေးခွေးများကိုတွေ့လိုက်ပြီး တော့ အတွေးတစ်ခုပေါ်လာခဲ့တာပါ။

ထို့နောက် အိမ်ကို ခွေးတစ်ကောင် အရင်ဖမ်းလာကြည့်ပြီးတော့ မိကျောင်းစာအဖြစ် အကောင်လိုက်ကို ပစ်ကျွေးလိုက်တယ်။ အစက မိကျောင်းများကြိုက်ရဲ့လားလို့ထင်ထားတာ သူတို့အရမ်းကြိုက်တာတွေ့ရပါတယ်တဲ့။

အဲ့လိုမြင်ပြီးနောက် နောက်နေ့တွေမှာ အပြင်က လေလွင့်ခွေးများကို လိုက်ရှာပြီးတော့ အိပ်ဆေးခတ်ဖမ်းဆီးခဲ့ပါတယ်။ ပြဿနာက ခွေးကို အရှင်လတ်လတ်အကောင်လိုက်ကျွေးရင်

အော်လို့ ဘေးပတ်ဝန်းကျင်သိသွားမှာစိုးရိမ်လို့ အရင်ဆုံးသေအောင်ပြုလုပ်ခဲ့တာပါ။ ဆာလာအိတ်ထဲထည့်ပြီးတော့ သေသွားအောင်ရေထဲနစ် ပြီးနောက် အပိုင်းပိုင်းဖြတ် ပြီးနောက် မနက်တိုင်း မိကျောင်းစာကျွေးခဲ့ပါတယ်။

ခွေးအပြင် ကြောင်တွေလည်းဖမ်းပြီးတော့ ခွေးအသားမလောက်ငှတဲ့နေ့တွေမှာ ကြောင်ကိုယူကျွေးလေ့လည်းရှိပါတယ်တဲ့။ ကြောင်က အကောင်သေးနေတော့ ပိုင်းစရာမလိုဘဲ အကောင်လိုက်ယူကျွေးခဲ့ပါတယ်။

ခွေးတွေကိုလိုက်လံရှာဖွေဖမ်းဆီးသည့်အပြင် လေလွင့်ခွေးများ၊ စွန့်ပစ်ခံခွေးများ၊ ပိုင်ရှင်မဲ့ခွေးများလက်ခံမွေးမြူကြောင်း ခွေးစောင့်ရှောက်ရေးဂေဟာလိုမျိုး ဖေ့စ်ဘုခ်အကောင့်ဖွင့်လှစ်ထားပါသေးတယ်နော်။ဒီအကြောင်းအရာကို လူသိရှင်ကြားဖြစ်သွားပြီး၊တော့ အွန်လိုင်းမှာပျံ့နှံ့သွားပြီးနောက်

ဝေဖန်ရှုံ့ချမှုအများအပြားရှိလာတာပါ။ လက်ရှိမှာတော့ တိရိစ္ဆာန်စောင့်ရှောက်ရေးဆိုင်ရာတာဝန်ရှိသူများမှ အကြောင်းအရာလိုက်လံစုံစမ်းပြီး ဥပဒေအရအရေးယူဆောင်ရွက်ရန်စီစဉ်နေကြောင်း သိရပါတယ်နော်။credit;popolay

Tags:

Add a Comment

Your email address will not be published. Required fields are marked *