Unicode…အိမ်မှာရှိတဲ့အိမ်သုံး ပစ္စည်းတွေနဲ့ ခြင်တစ်ကောင်မှ မရှိတော့ တဲ့အထိ သဘာဝ အတိုင်း ခြင်တွေ ကို ဖယ်ရှားနိုင် မည့် နည်းလမ်းကောင်း များ
ခြင်တွေက သေးငယ်ပေမယ့် အတင့်ရဲကြတာပါ။ ခြင်ပျံ့နှံ့မှုများတဲ့နေရာတွေမှာ နေရတဲ့လူတိုင်း ခြင်တွေလျော့ပါးအောင်နည်းလမ်းရှာရတာလဲ ခက်ခဲပါတယ်။
အဲ့သေးငယ်တဲ့ အ ကောင်လေးတွေကပဲ ငှက်ဖျား၊သွေးလွန် တုပ်ကွေးနဲ့ အသားဝါရောဂါ စတဲ့သေစေနိုင်တဲ့ ရော ဂါများကို ဖြစ်ပွါးစေနိုင်ပါတယ်နော်။လူတိုင်း မလွဲမသွေ ကြုံရတာကတော့ ယားယံပြီးတော့ စိတ်တိုစရာကောင်းတဲ့ ခြင်ကိုက်ရာတွေပါနော်။
ဈေးကွက်မှာတော့ ဝယ်လို့ရတဲ့ ခြင်နိုင်ဆေးတွေက ခြင်တွေကို အထိုက်အသင့်လျော့ချနိုင်ပေမယ့်လည်း သူတို့မှာ ဓာတုပစ္စည်းများစွာပါဝင်နေတာကြောင့်ဘဲ လူနဲ့ပတ်ဝန်းကျင်အတွက် မသင့်လျော်ပါဘူး။ဒါဆို သဘာဝအတိုင်း ခြင်တွေကို နှိမ်နင်းပေးမယ့်နည်းလမ်းတွေကို ပြောပြပေးလိုကါပါတယ်။
ပရုတ်ဟာဆိုရင် အိမ်နဲ့ အဆောက်အဦးပတ်ဝန်းကျင်မှာ ရှိတဲ့ခြင်တွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝ အိမ်သုံးပစ္စည်းတစ်မျိုးပါနော်။ပရုတ်ရဲ့ ပြင်းတဲ့အနံ့က ခြင်တွေကို ဝေးဝေးပြေးစေတယ်။ လုပ်ရမှာကတော့ တံခါးအားလုံးပိတ်ပြီးပရုတ်ကို မီးရှို့ပေးပါ။
မိနစ်30 လောက်ကြာပြီ းနောက်မှာတော့ ခြင်တစ်ကောင်မှ မရှိတော့တာကို သတိထားမိမှာပါနောါ။ ကြက်သွန်ဖြူဟာ ခြင်တွေကို ဝေးဝေးပြေးစေနိုင်တဲ့ဂုဏ်သတ္တိများစွာ ပိုင်ဆိုင်ထားတာပါ။ကြက်သွန်ဖြူ အနည်းငယ်ကို ကြိတ်ပြီး ပြုတ်ထားပေးပါ။
အဲ့အရည်ကို စပရေးဘူးထဲထည့်ပြီး အခန်း၊ ဂိုဒေါင် စတဲ့နေရာတွေ မှာဖြန်းပေးပါ။အဲ့အရည်ဟာဆိုရင် ခြင်တွေကို အလွယ် တကူသတ်နိုင်ပါတယ်နော်။ ကြက်သွန်ဖြူ အနံ့က မိနစ်အနည်းငယ်အကြာမှာ ပျောက်သွားမှာမလို့ အခန်းတွေ ကြက်သွန်ဖြူစော်နံမှာ စိုးရိမ်စရာမရှိပါဘူးနော်။
အိမ်တိုင်းမှာ ရှိတတ်တဲ့ ကော်ဖီမှုန့်အကြမ်းက ခြင်တွေကို ဖယ်ရှားပေးနိုင်တဲ့ အိမ်သုံးပစ္စည်းတွေထဲက တစ်ခုပါ။ ရေသေရေပုပ်တွေက ခြင်တွေတိုးစေတဲ့ အကြောင်း ရင်းတစ်ခုဖြစ်တာကြောင့်အဲ့ရေတွေထဲ ကော်ဖီမှုန့်ထည့်ပေးခြင်းက ခြင်ဥတွေကို အောက်ဆီဂျင်မရစေပဲ သေစေပါတယ်နော်။
ခြင်တွေဟာ ပူစီနာ (သို့) ပူဒီနာအနံ့ကိုလဲ မုန်းပါသေးတယ်။ ပူစီနာအစိမ်း (သို့) အဆီကို မိမိပတ်ဝန်းကျင်မှာ ထားပေးတာကလဲ ခြင်တွေကို ဝေးဝေးပြေးစေတယ်နောါ။ ပူစီနာပင်စိုက်ပေးလို့လဲရပါတယ်။
အရက်၊ ဘီ ယာတွေရဲ့အနံ့ကိုလဲ ခြင်တွေ မခံနိုင်ပြန်ပါဘူးနော်။ ဘီယာ (သို့) အရက်တစ်ခွက်ကို အခန်းထဲ ထားပေးခြင်းဖြင့် ခြင်တွေကို ဝေးဝေးပြေးစေမှာ သေချာပါတယ်နော်။ ပင် စိမ်းရွက်က ခြင်သားလောင်းတွေကို သတ်နိုင်တယ်လို
့ လူသိများကြပါတယ်။ ပင်စိမ်းပင်ကို အိမ်ရှေ့ (သို့) အိမ်နောက် စိုက်ထားပေးရုံပါပဲ။ခြင်တွေဖယ်ရှားဖို့ ပင်စိမ်းဆီ ဖြန်းပေးလို့လဲ ရတယ်နော်။လးစားစွာဖြင့် ခရက်ဒစ်
Add a Comment
Your email address will not be published. Required fields are marked *