မေရာင္းရတဲ့ပန္းစည္းေတြကို အေလအလြင့္မျဖစ္ေအာင္ က်န္းမာေရးဝန္ထမ္းေတြရဲ့ကားေပၚတင္ေပးခဲ့ၿပီး ဂုဏ္ျပဳအားေပးခဲ့တဲ့ အမ်ိဳးသမီး

မေရာင္းရတဲ့ပန္းစည္းေတြကို အေလအလြင့္မျဖစ္ေအာင္ က်န္းမာေရးဝန္ထမ္းတို႔ရဲ့ကားေပၚ တင္ေပးခဲ့ၿပီး ဂုဏ္ျပဳအားေပးခဲ့တဲ့ အမ်ိဳးသမီး

ကၽြန္ေတာ္တို့လူသားအားလုံးဟာ ဘယ္လိုဘဲ ခက္ခဲၾကမ္းတမ္းတဲ့အေျခအေနေတြၾကဳံေတြ႕ေနရပါေစ အေမွာင္ထဲကအလင္းတန္းကိုရွာဖို့ အတြက္ ႀကိဳးစားအားထုတ္ေနၾကရတာပါေနာ္။

လုံးဝေမွာင္မဲေနတဲ့မိုးတိမ္တိုက္မွာဘဲ ေငြေရာင္အဆင္းမ်က္ႏွာျပင္ရွိေနတတ္သလိုေပါ့ဗ်ာ။နိုဝင္ဘာ ၂ရက္ ဒီတနလၤာေန႔က ျပင္သစ္နိုင္ငံ Perpignan ေဆး႐ုံရွိ ရွည္လ်ားတဲ့တေန႔တာအလုပ္အၿပီးမွာေတာ့

ဝန္ထမ္းတစ္ဦးဟာ ေဆး႐ုံကားparkingက ကားေတြေပၚရဲ့လွပတဲ့ပန္းစည္းေတြေၾကာင့္ဘဲ အလုပ္မွာပင္ပန္းခဲ့ရသမၽွ စိတ္အပန္းေျဖသြားခဲ့ရတာပါ။တကယ္ေတာ့ Murielle Marenacဆိုတဲ့အမ်ိဳးသမီးဟာ

အခုလိုခက္ခဲတဲ့အခ်ိန္ေတြမွာ မရွိမျဖစ္လိုအပ္တဲ့ေရွ႕တန္းတိုက္စစ္မွူးေတြကို အံ့အားသင့္သြားေစခဲ့တာပါေနာ္။Murielle Marenac ဟာ ပန္းအလွဆင္သူတစ္ဦးျဖစ္ၿပီးေတာ့ Marcenac Fleursလို့ေခၚတဲ့

ပန္းဆိုင္ဖြင့္ထားတာပါေနာ္။ကံမေကာင္းစြာနဲ႔ဘဲ COVID-19 အေျခအေနတစ္ခုလုံးေၾကာင့္ သူမရဲ့ပန္းဆိုင္ကို ပိတ္ထားလိုက္ရတာပါတဲ့။ရွုံးနိမ့္သြားတယ္လို့ခံစားေနမယ့္အစား အေျခအေနကို အေကာင္းဆုံးျဖစ္သြားေစဖို့အတြက္

သူမစဥ္းစားခဲ့ၿပီးေတာ့ ဆိုင္ပိတ္ထားလိုက္ရေတာ့ မေရာင္းရေသးတဲ့ပန္းေတြကို အလွဆင္ၿပီးေတာ့ Perpignan ေဆး႐ုံရွိ ေရွ႕တန္းကေနတိုက္ထုတ္ေပးေနတဲ့က်န္းမာေရးလုပ္သားေတြကို လက္ေဆာင္ေပးဖို့ ဆုံးျဖတ္ခဲ့တာပါတဲ့ ။

အခုလိုအခ်ိန္မွာ ငိုေနမယ့္အစား လူေတြကို ျပဳံးေပ်ာ္ေစရမယ္ဆိုတဲ့အေတြးနဲ႔ ကၽြန္မပန္းေတြကိုလည္း အလကားအျဖစ္မခံခ်င္တာနဲ႔ အခုလိုလုပ္ဖို့ ဆုံးျဖတ္ခဲ့တယ္၊သူတို့ ကၽြန္မကို ေက်းဇူးတင္ခဲ့ၾကတယ္၊သူတို့လည္း

အဲ့လိုေထာက္ပံ့မွုေလးေတြအမ်ားႀကီးလိုအပ္ေနတယ္ လို့ ၃၈ႏွစ္အရြယ္ Marenac ကေျပာထားတာပါ။သူမ ဒီေလာက္နဲ႔ရပ္တန္႔သြားမွာမဟုတ္ဘဲနဲ့  တျခားေဒသခံေဆး႐ုံေတြမွာလည္း

မေရာင္းရေသးတဲ့ပန္းေတြနဲ႔ အခုလိုျပဳလုပ္ေပးသြားအုံးမယ္လို့လည္းဆိုထားပါတယ္ေနာ္။Jasmine (Mckzone Daily)

Source: boredpanda

Unicode…မရောင်းရတဲ့ပန်းစည်းတွေကို အလေအလွင့်မဖြစ်အောင် ကျန်းမာရေးဝန်ထမ်းတို့ရဲ့ကားပေါ် တင်ပေးခဲ့ပြီး ဂုဏ်ပြုအားပေးခဲ့တဲ့ အမျိုးသမီး

ကျွန်တော်တို့လူသားအားလုံးဟာ ဘယ်လိုဘဲ ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကြုံတွေ့နေရပါစေ အမှောင်ထဲကအလင်းတန်းကိုရှာဖို့ အတွက် ကြိုးစားအားထုတ်နေကြရတာပါနော်။

လုံးဝမှောင်မဲနေတဲ့မိုးတိမ်တိုက်မှာဘဲ ငွေရောင်အဆင်းမျက်နှာပြင်ရှိနေတတ်သလိုပေါ့ဗျာ။နိုဝင်ဘာ ၂ရက် ဒီတနင်္လာနေ့က ပြင်သစ်နိုင်ငံ Perpignan ဆေးရုံရှိ ရှည်လျားတဲ့တနေ့တာအလုပ်အပြီးမှာတော့

ဝန်ထမ်းတစ်ဦးဟာ ဆေးရုံကားparkingက ကားတွေပေါ်ရဲ့လှပတဲ့ပန်းစည်းတွေကြောင့်ဘဲ အလုပ်မှာပင်ပန်းခဲ့ရသမျှ စိတ်အပန်းဖြေသွားခဲ့ရတာပါ။တကယ်တော့ Murielle Marenacဆိုတဲ့အမျိုးသမီးဟာ

အခုလိုခက်ခဲတဲ့အချိန်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ရှေ့တန်းတိုက်စစ်မှူးတွေကို အံ့အားသင့်သွားစေခဲ့တာပါနော်။Murielle Marenac ဟာ ပန်းအလှဆင်သူတစ်ဦးဖြစ်ပြီးတော့ Marcenac Fleursလို့ခေါ်တဲ့

ပန်းဆိုင်ဖွင့်ထားတာပါနော်။ကံမကောင်းစွာနဲ့ဘဲ COVID-19 အခြေအနေတစ်ခုလုံးကြောင့် သူမရဲ့ပန်းဆိုင်ကို ပိတ်ထားလိုက်ရတာပါတဲ့။ရှုံးနိမ့်သွားတယ်လို့ခံစားနေမယ့်အစား အခြေအနေကို အကောင်းဆုံးဖြစ်သွားစေဖို့အတွက်

သူမစဉ်းစားခဲ့ပြီးတော့ ဆိုင်ပိတ်ထားလိုက်ရတော့ မရောင်းရသေးတဲ့ပန်းတွေကို အလှဆင်ပြီးတော့ Perpignan ဆေးရုံရှိ ရှေ့တန်းကနေတိုက်ထုတ်ပေးနေတဲ့ကျန်းမာရေးလုပ်သားတွေကို လက်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါတဲ့ ။

အခုလိုအချိန်မှာ ငိုနေမယ့်အစား လူတွေကို ပြုံးပျော်စေရမယ်ဆိုတဲ့အတွေးနဲ့ ကျွန်မပန်းတွေကိုလည်း အလကားအဖြစ်မခံချင်တာနဲ့ အခုလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်၊သူတို့ ကျွန်မကို ကျေးဇူးတင်ခဲ့ကြတယ်၊သူတို့လည်း

အဲ့လိုထောက်ပံ့မှုလေးတွေအများကြီးလိုအပ်နေတယ် လို့ ၃၈နှစ်အရွယ် Marenac ကပြောထားတာပါ။သူမ ဒီလောက်နဲ့ရပ်တန့်သွားမှာမဟုတ်ဘဲနဲ့  တခြားဒေသခံဆေးရုံတွေမှာလည်း

မရောင်းရသေးတဲ့ပန်းတွေနဲ့ အခုလိုပြုလုပ်ပေးသွားအုံးမယ်လို့လည်းဆိုထားပါတယ်နော်။Jasmine (Mckzone Daily)

Source: boredpanda

Tags:

Add a Comment

Your email address will not be published. Required fields are marked *