ဘာလို႔ ၁ မိနစ္မွာစကၠန႔္ ၆၀ ပဲရွိတာလဲဆိုတဲ့ ေမးခြန္းရဲ႕အေျဖႏွင့္ အခ်ိန္နာရီေတြကို ဘယ္လိုသတ္မွတ္လဲဆိုတဲ့ ေမးခြန္းရဲ႕အေျဖ

ဘာလို႔ ၁ မိနစ္မွာ စကၠန႔္ ၆၀ ပဲရွိတာလဲဆိုတဲ့ ေမးခြန္းရဲ႕အေျဖႏွင့္ အခ်ိန္ နာရီေတြကို ဘယ္လိုသတ္မွတ္လဲဆိုတဲ့ ေမးခြန္းရဲ႕အေျဖ

ငယ္ငယ္ကတည္းကေနျပီးေတာ့ သိလာတဲ့ အသိတစ္ခုဟာ စကၠန႔္ (၆၀) ဟာ ၁ မိနစ္ ျဖစ္ၿပီးေတာ့ မိနစ္ (၆၀) ဟာ ၁ နာရီ ျဖစ္ပါတယ္ေနာ္။ ဘာ့ေၾကာင့္ ၆၀ ျဖစ္တာလဲ။ ဘာ့ေၾကာင့္ ၁၀၀ မျဖစ္တာလဲ စသည္ျဖင့္ စဥ္းစားၾကည့္ဖူးၾကမွာပါ။

စဥ္းစားတတ္တဲ့ ေက်ာင္းသားဟာ ေမးတဲ့အခါ ဆရာတို႔ ဘယ္လို ေျဖၾကမလဲ။အခုလို (၆၀) ကို အေျခထားၿပီးေတာ့ တြက္တဲ့စနစ္ဟာ ခရစ္ေတာ္ မေပၚမီ ၃၅၀၀ ခုႏွစ္ (BC 3500) ကတည္းကေန ဆူမားရီးယမ္း လူမ်ိဳးေတြ စတင္ အသုံးျပဳခဲ့တဲ့စနစ္ ျဖစ္ပါတယ္။

စက္ဝိုင္းတို႔ ႀတိဂံတို႔က (၆၀) နဲ႕ တြက္လို႔ရေသာ ပုံစံမ်ားျဖစ္ပါတယ္ေနာ္။ဒီစနစ္ကိုေတာ့ ေဘဘီလိုနီယန္း ( ေဘဘီလုံ) ေတြက ဆက္လက္က်င့္သုံးခဲ့ၿပီးေတာ့ သခၤ်ာပညာ နဲ႕ နကၡတၱေဗဒ ပညာရပ္မ်ားမွာ အသုံးခ်ခဲ့ၾကတာပါ။ (၆၀) ကို အေျခယူတဲ့ နည္းစနစ္ကို စက္စီဂ်က္စီမယ္ (sexagesimal) လို႔ေခၚပါတယ္။ေရွးအခါက ေန႕ ႏွင့္ ည အခ်ိန္မ်ားကို ေန နာရီ၊ ၾကယ္တာရာ မ်ားကိုၾကည့္ၿပီး တြက္ခဲ့ၾကတာပါ။

ေန႕ ႏွင့္ည ကို ၂၄ နာရီအျဖစ္ စတင္ သတ္မွတ္တာကေတာ့ ေရွးအီဂ်စ္မ်ားပဲ ၿဖစ္ပါတယ္ေနာ္။ ေနနာရီရဲ႕ အရိပ္ကိုၾကည့္ၿပီး ေန႕ (၁၀) နာရီ အျဖစ္ သတ္မွတ္ကာ မိုးေသာက္ခ်ိန္ ၁ နာရီ၊ ညေန ၁ နာရီ ေရွ႕ေနာက္ ထည့္ေပါင္းတာပါ။ညကေတာ့ ၾကယ္တာရာေတြကို ၾကည့္ၿပီးေတာ့ ၁၂ နာရီ အျဖစ္ သတ္မွတ္တာပါ။

စုစုေပါင္း ၂၄ နာရီပါ။ sexagesimal (၆) နဲ႕ စားလို႔ ျပတ္တဲ့ ဂဏန္းေတြပါပဲတဲ့။ စကၠန႔္ (၆၀)ကို ၁ မိနစ္လို႔စၿပီး သတ္မွတ္ေခၚဆိုခဲ့တာကေတာ့ ဂရိ နကၡတ္ပညာရွင္ Hipparchus ျဖစ္ပါတယ္ေနာ္။၁ နာရီကို sexagesimal သခၤ်ာ နည္းနဲ႕ ၆၀ ပိုင္းလိုက္တာကို Prime Minute ပထမ ပိုင္းေသးလို႔ သတ္မွတ္ပါတယ္။

အဲ့ဒီ့ ေသးငယ္ျခင္း Minute (မိုင္န်ဳ) ကေန မိနစ္ ျဖစ္လာပါတယ္။Prime Minute ကို ေနာက္ထပ္ (၆၀) နဲ႕ ဆက္ပိုင္းတဲ့အခါ Second minute လို႔ေခၚတဲ့ ဒုတိယ အပိုင္း ( ေသးငယ္ျခင္း) ကို ရပါတယ္။

အဲ့ဒီ့ဒုတိယ Secondကေန စကၠန႔္ ျဖစ္လာတာ ျဖစ္ပါတယ္။(Third Minute နဲ႕Fourth Minute တို႔လည္း ရွိပါေသးတယ္။)ကြၽန္မတို႔ သုံးေနတဲ့ နာရီကိုေတာ့ ၁၆၅၆ မွာ ဒတ္ခ္်လဴမ်ိဳး အာကာ သ ပညာရွင္ ခရစ္ရွန္ ဟိုင္ဂဲန္းစ္ (Christiaan Huygens ) က

စတီထြင္ အသုံးျပဳခဲ့တာပါေနာ္။ ဒါေပမယ့္လည္း သူသုံးခဲ့တာ ခ်ိန္သီးပါတဲ့နာရီမ်ိဳး (Pendulum clock) ျဖစ္ပါတယ္တဲ့။ေနာက္ပိုင္းမွာ ေတာ့ သူ႕ရဲ႕ နာရီပုံစံ ဒီဇိုင္းကိုပဲ တကမာၻလုံး ပုံစံအမ်ိဳးမ်ိဳးျဖင့္ တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာခဲ့ၾကတာပဲ ျဖစ္ပါေတာ့တယ္ေနာ္ ။ ေဒၚဥမၼာ (ပုသိမ္) Crd to original

Unicode…ဘာလို့ ၁ မိနစ်မှာ စက္ကန့် ၆၀ ပဲရှိတာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေနှင့် အချိန် နာရီတွေကို ဘယ်လိုသတ်မှတ်လဲဆိုတဲ့ မေးခွန်းရဲ့အဖြေ

ငယ်ငယ်ကတည်းကနေပြီးတော့ သိလာတဲ့ အသိတစ်ခုဟာ စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီးတော့ မိနစ် (၆၀) ဟာ ၁ နာရီ ဖြစ်ပါတယ်နော်။ ဘာ့ကြောင့် ၆၀ ဖြစ်တာလဲ။ ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ စသည်ဖြင့် စဉ်းစားကြည့်ဖူးကြမှာပါ။

စဉ်းစားတတ်တဲ့ ကျောင်းသားဟာ မေးတဲ့အခါ ဆရာတို့ ဘယ်လို ဖြေကြမလဲ။အခုလို (၆၀) ကို အခြေထားပြီးတော့ တွက်တဲ့စနစ်ဟာ ခရစ်တော် မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500) ကတည်းကနေ ဆူမားရီးယမ်း လူမျိုးတွေ စတင် အသုံးပြုခဲ့တဲ့စနစ် ဖြစ်ပါတယ်။

စက်ဝိုင်းတို့ တြိဂံတို့က (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်နော်။ဒီစနစ်ကိုတော့ ဘေဘီလိုနီယန်း ( ဘေဘီလုံ) တွေက ဆက်လက်ကျင့်သုံးခဲ့ပြီးတော့ သင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာ အသုံးချခဲ့ကြတာပါ။ (၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။ရှေးအခါက နေ့ နှင့် ည အချိန်များကို နေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီး တွက်ခဲ့ကြတာပါ။

နေ့ နှင့်ည ကို ၂၄ နာရီအဖြစ် စတင် သတ်မှတ်တာကတော့ ရှေးအီဂျစ်များပဲ ဖြစ်ပါတယ်နော်။ နေနာရီရဲ့ အရိပ်ကိုကြည့်ပြီး နေ့ (၁၀) နာရီ အဖြစ် သတ်မှတ်ကာ မိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက် ထည့်ပေါင်းတာပါ။ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီးတော့ ၁၂ နာရီ အဖြစ် သတ်မှတ်တာပါ။

စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆) နဲ့ စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲတဲ့။ စက္ကန့် (၆၀)ကို ၁ မိနစ်လို့စပြီး သတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ်နော်။၁ နာရီကို sexagesimal သင်္ချာ နည်းနဲ့ ၆၀ ပိုင်းလိုက်တာကို Prime Minute ပထမ ပိုင်းသေးလို့ သတ်မှတ်ပါတယ်။

အဲ့ဒီ့ သေးငယ်ခြင်း Minute (မိုင်နျု) ကနေ မိနစ် ဖြစ်လာပါတယ်။Prime Minute ကို နောက်ထပ် (၆၀) နဲ့ ဆက်ပိုင်းတဲ့အခါ Second minute လို့ခေါ်တဲ့ ဒုတိယ အပိုင်း ( သေးငယ်ခြင်း) ကို ရပါတယ်။

အဲ့ဒီ့ဒုတိယ Secondကနေ စက္ကန့် ဖြစ်လာတာ ဖြစ်ပါတယ်။(Third Minute နဲ့Fourth Minute တို့လည်း ရှိပါသေးတယ်။)ကျွန်မတို့ သုံးနေတဲ့ နာရီကိုတော့ ၁၆၅၆ မှာ ဒတ်ခ်ျလူမျိုး အာကာ သ ပညာရှင် ခရစ်ရှန် ဟိုင်ဂဲန်းစ် (Christiaan Huygens ) က

စတီထွင် အသုံးပြုခဲ့တာပါနော်။ ဒါပေမယ့်လည်း သူသုံးခဲ့တာ ချိန်သီးပါတဲ့နာရီမျိုး (Pendulum clock) ဖြစ်ပါတယ်တဲ့။နောက်ပိုင်းမှာ တော့ သူ့ရဲ့ နာရီပုံစံ ဒီဇိုင်းကိုပဲ တကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်နော် ။ ဒေါ်ဥမ္မာ (ပုသိမ်) Crd to original

Add a Comment

Your email address will not be published. Required fields are marked *