Unicode…သူ့ဆိုင်ကို နာမည်ကြီးပြီး ဈေးရောင်းကောင်းစေရန် လုပ်ပေးခဲ့တဲ့ ဘလော့ဂါကို တိုင်ချက်ဖွင့်တဲ့ ဈေးသည်အဘိုးအို
အိန္ဒိယဈေးသည်ကတော့ ၎င်းကို နေ့ချင်း ညချင်း နာမည်ကြီးပြီးတော့ ဈေးရောင်းကောင်း စေရန် လုပ်ပေးခဲ့သည့် ဘလော့ဂါကို တိုင်ချက်ဖွင့်လိုက်ကြောင်း သိရပါတယ်။ ကိုဗစ်ကြောင့် ဝယ်သူမလာသဖြင့် ရောင်းမကောင်းကြောင်း
ကန်တာပရာဆက်ဆိုတဲ့ ဈေးသည် ငိုယိုပြီးပြော နေပုံကို ဂွာရက်ဖ်ဝါဆန်ဆိုသည့် ဘလော့ ဂါဟာ အောက်ဆိုဘာလဆန်းပိုင်းမှာဗီဒီ ယိုရိုက်ပြီး တော့ အွန်လိုင်းပေါ်တင်ကာ ယင်း ဈေးသည်အတွက် အလှူငွေထည့်နိုင် ကြောင်း အလှူခံလိုက်တာပါ။
၎င်းအတွက် ကောက်ခံရရှိထားသည့်အလှူငွေကိုတော့ ဘလော့ဂါက အလွဲသုံးစားလုပ်သည်ဟု ဈေး သည်ကစွပ်စွဲလိုက်ခြင်းဖြစ်ပါတယ်။ စွပ်စွဲ ချက်များကို ဘလော့ဂါက ငြင်းဆိုထားပါတယ်။ ဘလော့ဂါတင်လိုက်သည့် ဗီဒီယို အွန်လိုင်းပေါ်
ပျံ့သွားပြီးနောက်တွင် လူ အများကဈေးသည်အတွက် ငွေ အလုအ ယက် လှူဒါန်းသည့်အပြင် အထက်ပါ သက်ကြီးရွယ်အို ဈေးသည်ဇနီးမောင်နှံ ဈေးရောင်းနေသည့်နေရာအထိသွားပြီး မုန့် ဝယ်ယူအားပေးခဲ့ကြပါတယ်။
သို့သော်လည်း ဇာတ်လမ်းက ထိုနေရာတွင်ပင် မပြီးသေးပါဘူး။ တိုင်ချက်လက်ခံရရှိကြောင်း ရဲတပ်ဖွဲ့က ဘီဘီစီကို အတည်ပြုသော်လည်း စွဲချက်မတင်ရသေးကြောင်း ရဲတပ်ဖွဲ့က ဆက်ပြောပါတယ်။
ဘလော့ဂါဟာ မိမိနာ မည်ဖြင့် အလှူငွေ အမြောက်အမြား ရရှိခဲ့ သော်လည်း မိမိကို ၂၆၈၈ ဒေါ်လာသာ ပေးသည်ဟု ဈေးသည်အဘိုးက ဆိုထားတာပါ။ သို့သော်လည်း
ဘလော့ဂါကမူ မိမိသည် ရရှိသမျှအလှူငွေအားလုံးကို ဈေးသည် အဘိုးအိုအား လွှဲပေးပြီးပြီဟု ပြောကြားခဲ့တာပါ။ စွပ်စွဲချက်များသည် အခြေအ မြစ်မရှိဟု ဘလော့ဂါက ဆက်ပြီးပြောကြားခဲ့တာပါ။ Credit;Pyi myanmar
Tags:
Add a Comment
Your email address will not be published. Required fields are marked *