ဘူတန္နုိင္ငံမွာ က်င္းပတဲ့ ႐ုပ္ရွင္ဆုေပးပြဲမွာ နို့ဘီလူး ႐ုပ္ရွင္ကားနဲ႔ အမ်ိဳးသမီးဇာတ္ပို့ဆုကို ရလို့ေပ်ာ္မိတဲ့ေျကာင္းေျပာလာတဲ့ ေရႊမွုံရတီ

ဘူတန္နုိင္ငံမွာက်င္းပတဲ့ ႐ုပ္ရွင္ဆုေပးပြဲမွာ နို့ဘီလူး ႐ုပ္ရွင္ကားနဲ႔ အမ်ိဳးသမီးဇာတ္ပို့ဆုကို ရလို့ေပ်ာ္မိတဲ့ေျကာင္းေျပာလာတဲ့ ေရႊမွုံရတီ

ဘူတန္နိုင္ငံမွာ က်င္းပျပဳလုပ္တဲ့ Druk International film festival (DIFF) ဆုခ်ီးျမႇင့္ပြဲႀကီးမွာ ဒါရိုက္တာ လူမင္းကိုယ္တိုင္ရိုက္ကူးထားတဲ့ နို့ဘီလူး ႐ုပ္ရွင္ဇာတ္ကားႀကီးက ဇာတ္ကားဆု၊ ဒါရိုက္တာဆု၊ အမ်ိဳးသားဇာတ္ေဆာင္ဆုႏွင့္

အမ်ိဳးသမီးဇာတ္ပို့ဆု စတဲ့ ထူးခၽြန္ဆု (၄)ဆုကိုရရွိပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ ေရႊမွုရတီဟာ အမ်ိဳးသမီးဇာတ္ပို့ဆုကိုရရွိခဲ့တာပါ။ျပည္ပနိုင္ငံကေန ခ်ီးျမႇင့္ခဲ့တဲ့ ဆုကုိ ရတာေျကာင့္ သ႐ုပ္ေဆာင္ ေရႊမွုံရတီကလည္း ဝမ္းသာဂုဏ္ယူေနတယ္ဆိုတာကို

သူ႔ရဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားလာတာပါေနာ္။ ေရြွမူံရတီက ဒီ႐ုပ္ရွင္ကားႀကီးမွာ ပါဝင္ခြင့္ေပးခဲ့တဲ့ သဲရဲ့ဆရာ Uncle ေလး နဲ႔ ေအာင္သီရိ႐ုပ္ရွင္ထုတ္လုပ္ေရးကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္ … သဲအမ်ားႀကီးႀကိဳးစားပါဦးမယ္  လို့ ေျပာျကားခဲ့တာပါ။

ဒီဆုဟာ သူ႔အတြက္ ျပည္ပကေန ခ်ီးျမႇင့္ျခင္းခံရတဲ့ ပထမဆုံး ဆုဆိုရင္လည္း မမွားပါဘူး။  နို့ဘီလူး ႐ုပ္ရွင္ဇာတ္ကားႀကီးဟာ Winner ဆုေတြ ရရွိခဲ့႐ုံသာမက ၂၀၂၁ ခုႏွစ္မွာ က်င္းပျပဳလုပ္မယ့္ GOLDEN DRAGON AWARDS ႐ုပ္ရွင္ဆုခ်ီးျမႇင့္ပြဲမွာလည္း ဆန္ခါတင္ စာရင္းဝင္ ႐ုပ္ရွင္ကားႀကီးအျဖစ္

ပါဝင္ခြင့္ရရွိခဲ့တယ္လို့လည္း သိရပါတယ္ေနာ္။ 2021 တြင္ က်င္းပမည့္ GOLDEN DRAGON AWARDS ႐ုပ္ရွင္ထူးခၽြန္ဆုေပးပြဲတြင္လည္း ဆန္ကာတင္ Nominees မ်ားအျဖစ္ ဆက္လက္ပါဝင္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ပါၿပီေနာ္။

နိုင္ငံစုံ လူမ်ိဳးေပါင္းစုံတို့ေရွ႕မွာ ျမန္မာ့႐ုပ္ရွင္ဇာတ္ကားေကာင္း တစ္ကား အျဖစ္ ခ်ျပတင္ဆက္ခြင့္ရခဲ့ျပီး ထူးခၽြန္ဆုမ်ားပါ ရရွိခဲ့ေသာေၾကာင့္ လြန္စြာ ေက်နပ္ပီတိ ျဖစ္ဖြယ္ သတင္းေကာင္းကို နို့ဘီလူး ႐ုပ္ရွင္ဇာတ္ကား အဖြဲ႕သားမ်ားႏွင့္

ခ်စ္စြာေသာပရိသတ္ႀကီးအား ေက်းဇူးတင္စြာျဖင့္ အသိေပးအပ္ပါတယ္ ဆိုတာကိုလည္း ဆက္လက္ေျပာျကားခဲ့တာပါ။ Druk International film festival (DIFF) ဆုေပးပြဲကိုေတာ့ ၂၀၀၀ ခုႏွစ္ ဇန္နဝါရီ္က (၁) ရက္ေန႔က စၿပီး ပထမအႀကိမ္ က်င္းပျပဳလုပ္ခဲ့တာပါေနာ္။

ဒီဆုခ်ီးျမႇင့္ပြဲကေတာ့ ကမၻာတစ္လႊားမွာရွိတဲ့ သဘာဝဆန္တဲ့ ႐ုပ္ရွင္ဖန္တီးမွု၊ ေတးဂီတမ်ား ဖန္တီးမွုနဲ႔ ဇာတ္ညႊန္းေရးသားမွုေတြကိုစုစည္းၿပီးေတာ့ တစ္ႏွစ္ကို တစ္ႀကိမ္ က်င္းပျပဳလုပ္ေလ့ရွိတဲ့ ဆုေပးပြဲ ျဖစ္ပါတယ္ေနာ္။

နို့ဘီလူး႐ုပ္ရွင္ကားႀကီးကို ေအာင္သီရိ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ၿပီးေတာ့ ဒါရိုက္တာ လူမင္းကိုယ္တိုင္ ပုံေဖာ္ရိုက္ကူးထားတာပါ။ ဒီဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ လူမင္း၊ ေဇရဲထက္၊ ဝါရင့္သ႐ုပ္ေဆာင္ႀကီး အကယ္ဒမီ ေဒၚျမတ္မြန္ နဲ႔

ေရႊမွုံရတီ တို့က ပါဝင္သ႐ုပ္ေဆာင္ခဲ့တာပါ။ ဒီဇာတ္ကားကို ၂၀၁၉ ခုႏွစ္ မတ္လ အတြင္းက ျမန္မာ တစ္နိုင္ငံလုံးမွာရွိတဲ့ အဆင့္ျမင့္႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသခဲ့ၿပီးျဖစ္ပါတယ္ေနာ္။Credit

Unicode…ဘူတန်နိုင်ငံမှာကျင်းပတဲ့ ရုပ်ရှင်ဆုပေးပွဲမှာ နို့ဘီလူး ရုပ်ရှင်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ရလို့ပျော်မိတဲ့ကြောင်းပြောလာတဲ့ ရွှေမှုံရတီ

ဘူတန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Druk International film festival (DIFF) ဆုချီးမြှင့်ပွဲကြီးမှာ ဒါရိုက်တာ လူမင်းကိုယ်တိုင်ရိုက်ကူးထားတဲ့ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးက ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ဆောင်ဆုနှင့်

အမျိုးသမီးဇာတ်ပို့ဆု စတဲ့ ထူးချွန်ဆု (၄)ဆုကိုရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ရွှေမှုရတီဟာ အမျိုးသမီးဇာတ်ပို့ဆုကိုရရှိခဲ့တာပါ။ပြည်ပနိုင်ငံကနေ ချီးမြှင့်ခဲ့တဲ့ ဆုကို ရတာကြောင့် သရုပ်ဆောင် ရွှေမှုံရတီကလည်း ဝမ်းသာဂုဏ်ယူနေတယ်ဆိုတာကို

သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားလာတာပါနော်။ ရွှေမူံရတီက ဒီရုပ်ရှင်ကားကြီးမှာ ပါဝင်ခွင့်ပေးခဲ့တဲ့ သဲရဲ့ဆရာ Uncle လေး နဲ့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် … သဲအများကြီးကြိုးစားပါဦးမယ်  လို့ ပြောကြားခဲ့တာပါ။

ဒီဆုဟာ သူ့အတွက် ပြည်ပကနေ ချီးမြှင့်ခြင်းခံရတဲ့ ပထမဆုံး ဆုဆိုရင်လည်း မမှားပါဘူး။  နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးဟာ Winner ဆုတွေ ရရှိခဲ့ရုံသာမက ၂၀၂၁ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် GOLDEN DRAGON AWARDS ရုပ်ရှင်ဆုချီးမြှင့်ပွဲမှာလည်း ဆန်ခါတင် စာရင်းဝင် ရုပ်ရှင်ကားကြီးအဖြစ်

ပါဝင်ခွင့်ရရှိခဲ့တယ်လို့လည်း သိရပါတယ်နော်။ 2021 တွင် ကျင်းပမည့် GOLDEN DRAGON AWARDS ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်လည်း ဆန်ကာတင် Nominees များအဖြစ် ဆက်လက်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါပြီနော်။

နိုင်ငံစုံ လူမျိုးပေါင်းစုံတို့ရှေ့မှာ မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကား အဖြစ် ချပြတင်ဆက်ခွင့်ရခဲ့ပြီး ထူးချွန်ဆုများပါ ရရှိခဲ့သောကြောင့် လွန်စွာ ကျေနပ်ပီတိ ဖြစ်ဖွယ် သတင်းကောင်းကို နို့ဘီလူး ရုပ်ရှင်ဇာတ်ကား အဖွဲ့သားများနှင့်

ချစ်စွာသောပရိသတ်ကြီးအား ကျေးဇူးတင်စွာဖြင့် အသိပေးအပ်ပါတယ် ဆိုတာကိုလည်း ဆက်လက်ပြောကြားခဲ့တာပါ။ Druk International film festival (DIFF) ဆုပေးပွဲကိုတော့ ၂၀၀၀ ခုနှစ် ဇန်နဝါရီ်က (၁) ရက်နေ့က စပြီး ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့တာပါနော်။

ဒီဆုချီးမြှင့်ပွဲကတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ သဘာဝဆန်တဲ့ ရုပ်ရှင်ဖန်တီးမှု၊ တေးဂီတများ ဖန်တီးမှုနဲ့ ဇာတ်ညွှန်းရေးသားမှုတွေကိုစုစည်းပြီးတော့ တစ်နှစ်ကို တစ်ကြိမ် ကျင်းပပြုလုပ်လေ့ရှိတဲ့ ဆုပေးပွဲ ဖြစ်ပါတယ်နော်။

နို့ဘီလူးရုပ်ရှင်ကားကြီးကို အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီးတော့ ဒါရိုက်တာ လူမင်းကိုယ်တိုင် ပုံဖော်ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ ဇေရဲထက်၊ ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီ ဒေါ်မြတ်မွန် နဲ့

ရွှေမှုံရတီ တို့က ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ ဒီဇာတ်ကားကို ၂၀၁၉ ခုနှစ် မတ်လ အတွင်းက မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *