ကမာ႓ေက်ာ္ ဂ်ပန္ဟြန္ဒါကုမၸဏီထက္ 7ႏွစ္ေစာၿပီးေတာ့ စက္႐ုပ္တီထြင္ႏိူင္ခဲ့တဲ့  ျမန္မာ့စက္ရုပ္ပညာရွင္

ကမာ႓ေက်ာ္ ဂ်ပန္ဟြန္ဒါကုမၸဏီထက္ 7 ႏွစ္ေစာၿပီးေတာ့ စက္႐ုပ္တီထြင္ႏိူင္ခဲ့တဲ့  ျမန္မာ့စက္ရုပ္ပညာရွင္

၈၈ အေရးအခင္းႀကီး မျဖစ္မွီ ၂ႏွစ္အလိုကေႏြရာသီ တစ္ရက္ေပါ့။ ရန္ကုန္ အင္းစိန္မွာရွိေသာ စက္မႈ လက္မႈ သိပၸံေက်ာင္း တစ္ျဖစ္လဲ Government Engineering School ေက်ာင္းႀကီးရဲ႕ တစ္ေနရာမွာ

လက္ေထာက္ကထိက ဆရာတစ္ေယာက္ နဲ႕တပည့္တစ္စု အလုပ္ရႈပ္ေနပါတယ္။ဂ်ပန္နိုင္ငံ ဟြန္ဒါ ကုမၸဏီက သူရဲ႕ပထမဆုံး ရိုေဘာ့ P1 ကို ထုတ္လုပ္နိုင္ဖို႔ ၇ ႏွစ္အလိုကာလက ျမန္မာျပည္ စက္မႈ လက္မႈသိပၸံ ေက်ာင္းက

ဆရာႀကီး ဦးၾကည္ နဲ႕တပည့္တစ္စုက ကားေဆးမႈတ္လုပ္ငန္းမွာ အသုံးျပဳနိုင္မယ့္ Robot စက္႐ုပ္ တစ္ခုကို အသည္းအသန္ တီထြင္ ေနၾကတာပါ။ေမာ္ေတာ္ကား ေဆးမႈတ္တဲ့လုပ္ငန္းဟာ လူေတြရဲ႕က်န္းမာေရးကို ထိခိုက္ေစတဲ့အတြက္

ေျကာင့္စက္႐ုပ္ေတြနဲ႕ အစားထိုးနိုင္ဖို႔ ဆရာႀကီးဦးၾကည္ တို႔က ရည္႐ြယ္ခဲ့ျကတာပါ။ ဆရာ တပည့္တစ္စုဟာ စက္မႈပစၥည္း ရွားပါးလွတဲ့ မဆလေခတ္ႀကီးထဲမွာ ရရာပစၥည္းေတြ လိုက္စုၿပီး တီထြင္ခဲ့ၾကပါတယ္ေနာ္။

ရည္႐ြယ္သလိုလဲ ေျခာက္လအၾကာမွာဘဲေအာင္ျမင္ခဲ့ပါတယ္ေနာ္။၁၉၈၆ ခုႏွစ္ ျပည္ေထာင္စုျပပြဲမွာ ဦးၾကည္တို႔ရဲ႕ စက္႐ုပ္ဟာ ေကာင္းေကာင္း အလုပ္လုပ္ျပနိုင္ခဲ့ပါတယ္ေနာ္။ ဆရာႀကီးဟာ လူရဲ႕ အမိန႔္စကားသံအတိုင္း နာခံတဲ့ စက္႐ုပ္ နဲ႕

စကားျပန္လည္ ေျပာနိုင္တဲ့စက္႐ုပ္ေတြ တီထြင္ဖို႔ ႀကိဳးစားခဲ့တဲ့အခါမွာ ဦးေနဝင္းရဲ႕ မဆလအစိုးရထံက အကူအညီ ေတာင္းခံခဲ့တဲ့အခါ အစိုးရက ျငင္းခဲ့ပါတယ္။ပထမဆံုးတီထြင္နိုင္တဲ့ ေဆးမႈတ္ စက္႐ုပ္ကိုေတာ့ ျပပြဲေတြမွာပဲ ျပသခြင့္ျပဳခဲ့ၿပီးေတာ့ ေနာက္ထပ္ အမ်ားႀကီးထုတ္လုပ္ခြင့္ကို အစိုးရက ခြင့္မျပဳခဲ့ပါဘူးတဲ့။

ဒီလိုနဲ႕၈၈ အေရးအခင္းႀကီးျဖစ္။ စက္မႈေက်ာင္း ေတြလည္း ပိတ္။ ဆရာႀကီးကို ဂ်ပန္ အပါအဝင္ နိုင္ငံျခား ကုမၸဏီ ေတြက သူတို႔ဆီ လာေရာက္လုပ္ကိုင္ဖို႔ ဖိတ္ေခၚခဲ့ေပမယ့္လည္း ဆရာႀကီးကေတာ့ ေက်ာင္းဆရာအျဖစ္ပဲၿပည္တြင္းမွာ ေနထိုင္ခဲ့တာပါ။

ဆရာႀကီး ပညာဆည္းပူးခဲ့တဲ့ အင္းစိန္က စက္မႈလက္မႈ သိပၸံေက်ာင္းႀကီးဟာ ဒီလို ခြၽန္တဲ့ ထက္တဲ့ ျမန္မာေက်ာင္းသားေတြ၊ ပညာရွင္ေတြကို ေမြးထုတ္နိုင္ခဲ့ပါတယ္။ အဲ့ဒီေက်ာင္းႀကီးမွာ စင္ကာပူ၊ လာအို နဲ႕ ကေမာၻဒီးယားက ေက်ာင္းသားေတြက

ပညာလာသင္ယူခဲ့ၾကပါတယ္။စက္မႈ လက္မႈ သိပၸံေက်ာင္းႀကီးရဲ႕ ပုံစံ ၊ သင္ၾကားမႈ နည္းစနစ္ နမူနာကို ယူၿပီး စင္ကာပူနိုင္ငံက ေက်ာင္းတစ္ေက်ာင္း စတည္ေထာင္ခဲ့ပါတယ္ေနာ္။ ဒါေပမယ့္လည္း ႏွစ္ေပါင္းႏွစ္ဆယ္နီးပါး ႀကာလာတဲ့ အခါမွာေတာ့

သယံဇာတေတြ ေပါမ်ားၿပီးေတာ့ ေ႐ႊေရာင္လႊမ္းတဲ့ ျမန္မာျပည္ႀကီးက ေက်ာင္းသားေတြဟာ စင္ကာပူက ပိုလီတကၠနစ္ ဆိုတာႀကီးကို ေငြေၾကးကုန္က်ခံၿပီး သြားတက္ေနရပါေတာ့တယ္။အေသးစိတ္ဖတ္ခ်င္ရင္ေတာ့ ဆရာတင္နိုင္တိုး ရဲ႕ ပုဂၢိူလ္ထူးတို႔၏

ဘဝတေကြ႕ စာအုပ္မွာ ရွာဖတ္နိုင္ပါတယ္ဗ်ာ။ နိုင္ငံေရး တိုက္ခိုက္ရန္ လံုးဝလံုးဝ မရည္႐ြယ္ပါ ။ မသိေသးသူမ်ား ဗဟုသုတ ရရန္ႏွင့္ ဂုဏ္ယူနိုင္ရန္သာ ရည္႐ြယ္၍ ေဖာ္ျပျခင္း ျဖစ္ပါတယ္။ Credit ; Shwe Myanmar

Unicode…ကမ္ဘာကျော် ဂျပန်ဟွန်ဒါကုမ္ပဏီထက် 7 နှစ်စောပြီးတော့ စက်ရုပ်တီထွင်နိူင်ခဲ့တဲ့  မြန်မာ့စက်ရုပ်ပညာရှင်

၈၈ အရေးအခင်းကြီး မဖြစ်မှီ ၂နှစ်အလိုကနွေရာသီ တစ်ရက်ပေါ့။ ရန်ကုန် အင်းစိန်မှာရှိသော စက်မှု လက်မှု သိပ္ပံကျောင်း တစ်ဖြစ်လဲ Government Engineering School ကျောင်းကြီးရဲ့ တစ်နေရာမှာ

လက်ထောက်ကထိက ဆရာတစ်ယောက် နဲ့တပည့်တစ်စု အလုပ်ရှုပ်နေပါတယ်။ဂျပန်နိုင်ငံ ဟွန်ဒါ ကုမ္ပဏီက သူရဲ့ပထမဆုံး ရိုဘော့ P1 ကို ထုတ်လုပ်နိုင်ဖို့ ၇ နှစ်အလိုကာလက မြန်မာပြည် စက်မှု လက်မှုသိပ္ပံ ကျောင်းက

ဆရာကြီး ဦးကြည် နဲ့တပည့်တစ်စုက ကားဆေးမှုတ်လုပ်ငန်းမှာ အသုံးပြုနိုင်မယ့် Robot စက်ရုပ် တစ်ခုကို အသည်းအသန် တီထွင် နေကြတာပါ။မော်တော်ကား ဆေးမှုတ်တဲ့လုပ်ငန်းဟာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက်

ကြောင့်စက်ရုပ်တွေနဲ့ အစားထိုးနိုင်ဖို့ ဆရာကြီးဦးကြည် တို့က ရည်ရွယ်ခဲ့ကြတာပါ။ ဆရာ တပည့်တစ်စုဟာ စက်မှုပစ္စည်း ရှားပါးလှတဲ့ မဆလခေတ်ကြီးထဲမှာ ရရာပစ္စည်းတွေ လိုက်စုပြီး တီထွင်ခဲ့ကြပါတယ်နော်။

ရည်ရွယ်သလိုလဲ ခြောက်လအကြာမှာဘဲအောင်မြင်ခဲ့ပါတယ်နော်။၁၉၈၆ ခုနှစ် ပြည်ထောင်စုပြပွဲမှာ ဦးကြည်တို့ရဲ့ စက်ရုပ်ဟာ ကောင်းကောင်း အလုပ်လုပ်ပြနိုင်ခဲ့ပါတယ်နော်။ ဆရာကြီးဟာ လူရဲ့ အမိန့်စကားသံအတိုင်း နာခံတဲ့ စက်ရုပ် နဲ့

စကားပြန်လည် ပြောနိုင်တဲ့စက်ရုပ်တွေ တီထွင်ဖို့ ကြိုးစားခဲ့တဲ့အခါမှာ ဦးနေဝင်းရဲ့ မဆလအစိုးရထံက အကူအညီ တောင်းခံခဲ့တဲ့အခါ အစိုးရက ငြင်းခဲ့ပါတယ်။ပထမဆုံးတီထွင်နိုင်တဲ့ ဆေးမှုတ် စက်ရုပ်ကိုတော့ ပြပွဲတွေမှာပဲ ပြသခွင့်ပြုခဲ့ပြီးတော့ နောက်ထပ် အများကြီးထုတ်လုပ်ခွင့်ကို အစိုးရက ခွင့်မပြုခဲ့ပါဘူးတဲ့။

ဒီလိုနဲ့၈၈ အရေးအခင်းကြီးဖြစ်။ စက်မှုကျောင်း တွေလည်း ပိတ်။ ဆရာကြီးကို ဂျပန် အပါအဝင် နိုင်ငံခြား ကုမ္ပဏီ တွေက သူတို့ဆီ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့်လည်း ဆရာကြီးကတော့ ကျောင်းဆရာအဖြစ်ပဲပြည်တွင်းမှာ နေထိုင်ခဲ့တာပါ။

ဆရာကြီး ပညာဆည်းပူးခဲ့တဲ့ အင်းစိန်က စက်မှုလက်မှု သိပ္ပံကျောင်းကြီးဟာ ဒီလို ချွန်တဲ့ ထက်တဲ့ မြန်မာကျောင်းသားတွေ၊ ပညာရှင်တွေကို မွေးထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီကျောင်းကြီးမှာ စင်ကာပူ၊ လာအို နဲ့ ကမ္ဘောဒီးယားက ကျောင်းသားတွေက

ပညာလာသင်ယူခဲ့ကြပါတယ်။စက်မှု လက်မှု သိပ္ပံကျောင်းကြီးရဲ့ ပုံစံ ၊ သင်ကြားမှု နည်းစနစ် နမူနာကို ယူပြီး စင်ကာပူနိုင်ငံက ကျောင်းတစ်ကျောင်း စတည်ထောင်ခဲ့ပါတယ်နော်။ ဒါပေမယ့်လည်း နှစ်ပေါင်းနှစ်ဆယ်နီးပါး ကြာလာတဲ့ အခါမှာတော့

သယံဇာတတွေ ပေါများပြီးတော့ ရွှေရောင်လွှမ်းတဲ့ မြန်မာပြည်ကြီးက ကျောင်းသားတွေဟာ စင်ကာပူက ပိုလီတက္ကနစ် ဆိုတာကြီးကို ငွေကြေးကုန်ကျခံပြီး သွားတက်နေရပါတော့တယ်။အသေးစိတ်ဖတ်ချင်ရင်တော့ ဆရာတင်နိုင်တိုး ရဲ့ ပုဂ္ဂိူလ်ထူးတို့၏

ဘဝတကွေ့ စာအုပ်မှာ ရှာဖတ်နိုင်ပါတယ်ဗျာ။ နိုင်ငံရေး တိုက်ခိုက်ရန် လုံးဝလုံးဝ မရည်ရွယ်ပါ ။ မသိသေးသူများ ဗဟုသုတ ရရန်နှင့် ဂုဏ်ယူနိုင်ရန်သာ ရည်ရွယ်၍ ဖော်ပြခြင်း ဖြစ်ပါတယ်။ Credit ; Shwe Myanmar

Add a Comment

Your email address will not be published. Required fields are marked *