ေဆာင္းဦးလွိုင္နဲ႔ပတ္သက္ၿပီး က်ားေပါက္ကို ပညာသားပါပါေျပာလိုက္တဲ့ ေမာင္ေမာင္ေအး

ေဆာင္းဦးလွိုင္နဲ႔ပါတ္သက္ၿပီး က်ားေပါက္ကို ပညာသားပါပါေျပာလိုက္တဲ့ ေမာင္ေမာင္ေအး

ေမာင္ေမာင္ေအးကေတာ့ ေဆာငိးဦးလွုိင္နဲ့ ပက္သက္ျပီးေတာ့ က်ားေပါက္ကုိ ခူလိုေျပာလာတာပါေနာ္။သူက က်ားေပါက္ေရ  အစ္ကို တခုေျပာစရာရွိတယ္။

အားလည္းနာစရာမလိုဘူးေနာ္။ ျငင္းလည္း နားလည္ေပးတယ္လို့ စကားခံၿပီး ဖုန္းေခၚခဲ့ဖူးတယ္။ ရတယ္ အစ္ကို.. ဒီလူနဲ႔ဒီလူ ဘာလုပ္ခ်င္လဲေျပာ ” ဆိုလို့ …” ေအာင္နိုင္ေရးအတြက္ ပဲခူးမွာ လိုက္ဆိုေပးလို့ရမလား လို့တခြန္းေမးလိုက္တာစဥ္းစားဦးမယ္ ။တိုင္ပင္ဦးမယ္ေတာင္ မေတြေဝဘဲ သိပ္ရတာေပါ့

ဆိုၿပီးေတာ့ လိုက္ခဲ့တဲ့သူ။သူက ကိုယ့္အတြက္ေၾကာင့္ ဒါမ်ိဳးေအာင္နိုင္ေရးပြဲမွာ လိုက္ခဲ့တာမဟုတ္သလို ကိုယ္ကလည္း ကိုယ့္ကိုယ္က်ိဳးစီးပြားေၾကာင့္ ဒီပြဲဖိတ္ခဲ့တာမဟုတ္မွန္း အခ်င္းခ်င္းထုတ္ေျပာစရာမလိုပဲ

နားလည္သိ သိခဲ့ၾကတာ။ေက်းဇူးတရားဆိုတာ တင္တတ္ရင္ သိပ္မဂၤလာရွိတယ္။အခုသူ႔ကို အျပစ္ျမင္ေနတဲ့ ေတးေရးဆရာ ရဲ့ ေမၽွာ္လင့္ခ်က္တစုံတရာ  သီခ်င္းဆိုလည္းအဲ့လိုဖန္တီးေပးနိုင္ခဲ့တဲ့အတြက္ အခုထိေက်းဇူးတင္လို့မဆုံးဘူး။

ေနာင္လည္း အဲ့သီခ်င္းအတြက္ေက်းဇူးတင္ေနဦးမွာ…အဲ့ဒီလိုပဲ ကိုေရႊက်ား ရဲ့ ၂၀၁၅ က  သိပ္ရတာေပါ့။တခြန္းေရာအခု ၂၀၂၀  ေၾကာက္ေခတ္  အတြက္ေရာ ကိုယ္ေတြမွာ ေက်းဇူးတင္လို့ကိုမဆုံးဘူး။ မင္းက ဘယ္တုန္းက ဘယ္ေလာက္ပဲ နီ ခဲ့တာပါတို့…

မင္း နီတာ ငါ့ ေျခသန္းတံခါးညႇပ္သေလာက္ေတာင္ မနီပါဘူး တို့ စတဲ့ဟိုေပတံ ဒီေပတံေတြနဲ႔ လိုက္တိုင္းေနတဲ့သူေတြ ေတြ႕တိုင္းလည္းေက်းဇူးတင္မိျပန္ေရာ။ငါ့မွာ အဲ့ဒီလို အေတြးအေခၚ ခံယူခ်က္ေတြမရွိသင့္ေအာင္ သင္ျပေပးတဲ့

သင္ဆရာေတြအျဖစ္နဲ႔ေပါ့။အဲ့ဒီအက်ိဳးဆက္က အရာရာမွာ ငါ ဆိုတဲ့အတၱအေတြးေတြကိုတတ္နိုင္သမၽွ အနည္းဆုံးျဖစ္ေအာင္ ခၽြန္းအုပ္ေပးနိုင္လာတယ္…ကိုယ့္ကို ပရဟိတ အရမ္းလုပ္တဲ့သူလို့ သူမ်ားေတြျမင္ေနရင္တကယ္ေတာ့

ငါဟာ တကယ္ပရဟိတလုပ္ေနတဲ့သူေတြရဲ့ ေျခဖ်ားေတာင္မမီေသးလို့ ပရဟိတသမားလို့လည္း မေခၚထိုက္တဲ့သူလို့ ခံယူလိုက္တဲ့အခါမွာ ဘယ္သူေတြက ဘယ္သူေတြကိုဘယ္လိုကူညီေနတာဟာ ငါကူညီေနတာေလာက္ေတာင္မရွိပါလားဆိုတဲ့

ေပါေတာေတာ ႏွိုင္းရစိတ္ေတြ ဘယ္ေတာ့မွ မဝင္လာေတာ့ဘူး။တက်ပ္ဖိုး ပရဟိတလုပ္တဲ့သူဟာလည္း တက်ပ္ဖိုးအေလ်ာက္ အက်ိဳးရွိတယ္။တဆယ္ဖိုးလုပ္သူဟာလည္း တဆယ္ဖိုးစာအက်ိဳးရွိတယ္။ ငါ တေထာင္ဖိုးလုပ္လို့ တရာဖိုးသမားကို သြားႏွိမ္စရာအေတြးလည္းဝင္စရာမရွိေတာ့ဘူး။

တယ္ေတာ့ တသိန္းဖိုး တသန္းဖိုးလုပ္ေနတဲ့သူေတြကလည္း အမ်ားႀကီးကိုး…အားလုံးက အမ်ားအတြက္ နိုင္သေလာက္ေကာင္းတာေတြလုပ္သမၽွဟာ ေက်းဇူးတင္စရာေတြခ်ည့္ကိုး အရင္အာဏာ႐ူးေတြေခတ္တုန္းက မင္းက

ဘယ္ေလာက္လုပ္ခဲ့လို့လဲ တို့ ငါကေတာ့ ဘယ္ေလာက္ေတာင္လုပ္ခဲ့တာ တို့ အခုေခတ္ေကာင္းမွ လာလုပ္ျပမေနနဲ႔ တို့ ဘာတို့ဆိုတာလည္းအေပၚကေျပာခဲ့သလို ေပါေၾကာင္ေၾကာင္ေပတံတိုင္းနည္းမ်ိဳးေတြပါ။

အဲ့တာေၾကာင့္ ခုေနာက္ပိုင္းႏွစ္ေတြမွာ အမ်ားအတြက္ နိုင္ငံေရးေရာ ပရဟိတေရာ ေကာင္းတာ မွန္တာ လုပ္သင့္တာေတြလုပ္တာမွန္သမၽွဟာ ငါကဘယ္ေလာက္ဖိုး

သူကဘယ္ေလာက္ဖိုးဆိုၿပီးေတာ့ လိုက္တိုင္းထြာေနစရာလိုအပ္တယ္လို့ထင္ေနတဲ့ဘယ္သ့ကိုမဆို ရြံတတ္ … ခပ္ခြာခြာေနတတ္လာတာကိုက လူျဖစ္ရက်ိဳးနပ္ျခင္းတရား လို့ခံယူရင္း ဆုိျပီးေျပာလိုက္တာပါ။Source;mg mg aye

Unicode…ဆောင်းဦးလှိုင်နဲ့ပါတ်သက်ပြီး ကျားပေါက်ကို ပညာသားပါပါပြောလိုက်တဲ့ မောင်မောင်အေး

မောင်မောင်အေးကတော့ ဆောငိးဦးလှိုင်နဲ့ ပက်သက်ပြီးတော့ ကျားပေါက်ကို ခူလိုပြောလာတာပါနော်။သူက ကျားပေါက်ရေ  အစ်ကို တခုပြောစရာရှိတယ်။

အားလည်းနာစရာမလိုဘူးနော်။ ငြင်းလည်း နားလည်ပေးတယ်လို့ စကားခံပြီး ဖုန်းခေါ်ခဲ့ဖူးတယ်။ ရတယ် အစ်ကို.. ဒီလူနဲ့ဒီလူ ဘာလုပ်ချင်လဲပြော ” ဆိုလို့ …” အောင်နိုင်ရေးအတွက် ပဲခူးမှာ လိုက်ဆိုပေးလို့ရမလား လို့တခွန်းမေးလိုက်တာစဉ်းစားဦးမယ် ။တိုင်ပင်ဦးမယ်တောင် မတွေဝေဘဲ သိပ်ရတာပေါ့

ဆိုပြီးတော့ လိုက်ခဲ့တဲ့သူ။သူက ကိုယ့်အတွက်ကြောင့် ဒါမျိုးအောင်နိုင်ရေးပွဲမှာ လိုက်ခဲ့တာမဟုတ်သလို ကိုယ်ကလည်း ကိုယ့်ကိုယ်ကျိုးစီးပွားကြောင့် ဒီပွဲဖိတ်ခဲ့တာမဟုတ်မှန်း အချင်းချင်းထုတ်ပြောစရာမလိုပဲ

နားလည်သိ သိခဲ့ကြတာ။ကျေးဇူးတရားဆိုတာ တင်တတ်ရင် သိပ်မင်္ဂလာရှိတယ်။အခုသူ့ကို အပြစ်မြင်နေတဲ့ တေးရေးဆရာ ရဲ့ မျှော်လင့်ချက်တစုံတရာ  သီချင်းဆိုလည်းအဲ့လိုဖန်တီးပေးနိုင်ခဲ့တဲ့အတွက် အခုထိကျေးဇူးတင်လို့မဆုံးဘူး။

နောင်လည်း အဲ့သီချင်းအတွက်ကျေးဇူးတင်နေဦးမှာ…အဲ့ဒီလိုပဲ ကိုရွှေကျား ရဲ့ ၂၀၁၅ က  သိပ်ရတာပေါ့။တခွန်းရောအခု ၂၀၂၀  ကြောက်ခေတ်  အတွက်ရော ကိုယ်တွေမှာ ကျေးဇူးတင်လို့ကိုမဆုံးဘူး။ မင်းက ဘယ်တုန်းက ဘယ်လောက်ပဲ နီ ခဲ့တာပါတို့…

မင်း နီတာ ငါ့ ခြေသန်းတံခါးညှပ်သလောက်တောင် မနီပါဘူး တို့ စတဲ့ဟိုပေတံ ဒီပေတံတွေနဲ့ လိုက်တိုင်းနေတဲ့သူတွေ တွေ့တိုင်းလည်းကျေးဇူးတင်မိပြန်ရော။ငါ့မှာ အဲ့ဒီလို အတွေးအခေါ် ခံယူချက်တွေမရှိသင့်အောင် သင်ပြပေးတဲ့

သင်ဆရာတွေအဖြစ်နဲ့ပေါ့။အဲ့ဒီအကျိုးဆက်က အရာရာမှာ ငါ ဆိုတဲ့အတ္တအတွေးတွေကိုတတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ချွန်းအုပ်ပေးနိုင်လာတယ်…ကိုယ့်ကို ပရဟိတ အရမ်းလုပ်တဲ့သူလို့ သူများတွေမြင်နေရင်တကယ်တော့

ငါဟာ တကယ်ပရဟိတလုပ်နေတဲ့သူတွေရဲ့ ခြေဖျားတောင်မမီသေးလို့ ပရဟိတသမားလို့လည်း မခေါ်ထိုက်တဲ့သူလို့ ခံယူလိုက်တဲ့အခါမှာ ဘယ်သူတွေက ဘယ်သူတွေကိုဘယ်လိုကူညီနေတာဟာ ငါကူညီနေတာလောက်တောင်မရှိပါလားဆိုတဲ့

ပေါတောတော နှိုင်းရစိတ်တွေ ဘယ်တော့မှ မဝင်လာတော့ဘူး။တကျပ်ဖိုး ပရဟိတလုပ်တဲ့သူဟာလည်း တကျပ်ဖိုးအလျောက် အကျိုးရှိတယ်။တဆယ်ဖိုးလုပ်သူဟာလည်း တဆယ်ဖိုးစာအကျိုးရှိတယ်။ ငါ တထောင်ဖိုးလုပ်လို့ တရာဖိုးသမားကို သွားနှိမ်စရာအတွေးလည်းဝင်စရာမရှိတော့ဘူး။

တယ်တော့ တသိန်းဖိုး တသန်းဖိုးလုပ်နေတဲ့သူတွေကလည်း အများကြီးကိုး…အားလုံးက အများအတွက် နိုင်သလောက်ကောင်းတာတွေလုပ်သမျှဟာ ကျေးဇူးတင်စရာတွေချည့်ကိုး အရင်အာဏာရူးတွေခေတ်တုန်းက မင်းက

ဘယ်လောက်လုပ်ခဲ့လို့လဲ တို့ ငါကတော့ ဘယ်လောက်တောင်လုပ်ခဲ့တာ တို့ အခုခေတ်ကောင်းမှ လာလုပ်ပြမနေနဲ့ တို့ ဘာတို့ဆိုတာလည်းအပေါ်ကပြောခဲ့သလို ပေါကြောင်ကြောင်ပေတံတိုင်းနည်းမျိုးတွေပါ။

အဲ့တာကြောင့် ခုနောက်ပိုင်းနှစ်တွေမှာ အများအတွက် နိုင်ငံရေးရော ပရဟိတရော ကောင်းတာ မှန်တာ လုပ်သင့်တာတွေလုပ်တာမှန်သမျှဟာ ငါကဘယ်လောက်ဖိုး

သူကဘယ်လောက်ဖိုးဆိုပြီးတော့ လိုက်တိုင်းထွာနေစရာလိုအပ်တယ်လို့ထင်နေတဲ့ဘယ်သ့ကိုမဆို ရွံတတ် … ခပ်ခွာခွာနေတတ်လာတာကိုက လူဖြစ်ရကျိုးနပ်ခြင်းတရား လို့ခံယူရင်း ဆိုပြီးပြောလိုက်တာပါ။Source;mg mg aye

Add a Comment

Your email address will not be published. Required fields are marked *