ကိုဗစ္လွူဒါန္းရန္အတြက္ ၾကမ္းခင္းေဈး (၇)သိန္းနဲ႔ ေလလံတင္ေရာင္းခ်ခဲ့တဲ့ ေဒြးရဲ့ပန္းခ်ီကား

ကိုဗစ္လွူဒါန္းရန္အတြက္ ၾကမ္းခင္းေဈး (၇)သိန္းနဲ႔ ေလလံတင္ေရာင္းခ်ခဲ့တဲ့ ေဒြးရဲ့ပန္းခ်ီကား

ပန္းခ်ီခ်စ္ျမတ္နိုးသူတို့စုေပါင္းၿပီးေတာ့ ကိုဗစ္ ကာကြယ္ကုသေရးေတြမွာ လွူဒါန္းဖို့အတြက္ကုိ ပန္းခ်ီကားေတြ အလွူခံၿပီးေတာ့ 3Color ပန္းခ်ီျပခန္း Page ကေနတဆင့္ ေလလံတင္ေရာင္းခ်လ်က္ရွိပါတယ္ေနာ္ ။

ကြယ္လြန္သူ အကယ္ဒမီေဒြးရဲ့ (၁၀)ႏွစ္ျပည့္အမွတ္တရပြဲမွာ ေဒြး ပန္းခ်ီလက္ရာ ကား၁ခ်ပ္ကို ဝယ္ယူထားခဲ့တဲ့ သ႐ုပ္ေဆာင္ မုဏ္းဟာ ကိုဗစ္ကာကြယ္ကုေရးအတြက္ ျပန္လည္လွူဒါန္းခဲ့တာပါ။3Color ပန္းခ်ီျပခန္းရဲ့

အထူးအစီအစဥ္တစ္ခုအေနနဲ႔ အကယ္ဒမီ ေဒြး ပရိတ္သတ္မ်ားအတြက္ အမွတ္တရသိမ္းဆည္းနိုင္ဖို့ အတြက္ ရည္ရြယ္ရင္း အလွူေလးမွာပါဝင္ၾကဖို့ ပရိသတ္ေတြကိုဖိတ္ေခၚခဲ့တာပါ။ ပန္းခ်ီကားအေနနဲ႔ ေရးဆြဲထားျခင္းမဟုတ္ဘဲနဲ့

အႏုပညာတစ္ခုအေနနဲ႔ ဖန္တီးထားတဲ့ ကြယ္လြန္သူ ေဒြး လက္ရာေလးကို အမွတ္တရသိမ္းဆည္းနိုင္မယ့္ အခြင့္အေရးေလးဆိုလည္း မမွားပါဘူး ။ ကိုသားႀကီး( ေဒြး ) ရဲ့ ပန္းခ်ီကားေလးကို ေလလံၾကမ္းခင္းေဈး – (၇)သိန္း နဲ႔စတင္

ေဈးေခၚခဲ့ၿပီးေတာ့ နိုဝင္ဘာလ (၆)ရက္ေန႔ နံနက္ (၁၁) နာရီမွာ ေလလံပိတ္သိမ္းမယ္လို့သိရပါတယ္ေနာ္ ။အခ်ိန္နဲ႔တေျပးညီ ဝယ္ယူရန္ကမ္းလွမ္းေသာ အလွူရွင္မ်ားကို Page မွာ

ေဖာ္ျပေပးသြားမွာျဖစ္သလို ေဈးအမ်ားဆုံးေပးတဲ့ အလွူရွင္ဆီကို အိမ္တိုက္ရာေရာက္ လာေရာက္ပို့ေဆာင္ေပးသြားမွာျဖစ္တယ္လို့လည္း သိရပါတယ္ေနာ္။ ေဒြးရဲ့ အႏုပညာကို အမွတ္တရ သိမ္းဆည္းထားခ်င္တဲ့

ခ်စ္ပရိသတ္ႀကီးလည္း 3 color ပန္းခ်ီျပခန္း Page ကေနတဆင့္ ဝယ္ယူနိုင္ေၾကာင္း သတင္းေကာင္းပါးလိုက္ပါတယ္။Source : 3 color

Maria (Yaung Chi)

Unicode…ကိုဗစ်လှူဒါန်းရန်အတွက် ကြမ်းခင်းဈေး (၇)သိန်းနဲ့ လေလံတင်ရောင်းချခဲ့တဲ့ ဒွေးရဲ့ပန်းချီကား

ပန်းချီချစ်မြတ်နိုးသူတို့စုပေါင်းပြီးတော့ ကိုဗစ် ကာကွယ်ကုသရေးတွေမှာ လှူဒါန်းဖို့အတွက်ကို ပန်းချီကားတွေ အလှူခံပြီးတော့ 3Color ပန်းချီပြခန်း Page ကနေတဆင့် လေလံတင်ရောင်းချလျက်ရှိပါတယ်နော် ။

ကွယ်လွန်သူ အကယ်ဒမီဒွေးရဲ့ (၁၀)နှစ်ပြည့်အမှတ်တရပွဲမှာ ဒွေး ပန်းချီလက်ရာ ကား၁ချပ်ကို ဝယ်ယူထားခဲ့တဲ့ သရုပ်ဆောင် မုဏ်းဟာ ကိုဗစ်ကာကွယ်ကုရေးအတွက် ပြန်လည်လှူဒါန်းခဲ့တာပါ။3Color ပန်းချီပြခန်းရဲ့

အထူးအစီအစဉ်တစ်ခုအနေနဲ့ အကယ်ဒမီ ဒွေး ပရိတ်သတ်များအတွက် အမှတ်တရသိမ်းဆည်းနိုင်ဖို့ အတွက် ရည်ရွယ်ရင်း အလှူလေးမှာပါဝင်ကြဖို့ ပရိသတ်တွေကိုဖိတ်ခေါ်ခဲ့တာပါ။ ပန်းချီကားအနေနဲ့ ရေးဆွဲထားခြင်းမဟုတ်ဘဲနဲ့

အနုပညာတစ်ခုအနေနဲ့ ဖန်တီးထားတဲ့ ကွယ်လွန်သူ ဒွေး လက်ရာလေးကို အမှတ်တရသိမ်းဆည်းနိုင်မယ့် အခွင့်အရေးလေးဆိုလည်း မမှားပါဘူး ။ ကိုသားကြီး( ဒွေး ) ရဲ့ ပန်းချီကားလေးကို လေလံကြမ်းခင်းဈေး – (၇)သိန်း နဲ့စတင်

ဈေးခေါ်ခဲ့ပြီးတော့ နိုဝင်ဘာလ (၆)ရက်နေ့ နံနက် (၁၁) နာရီမှာ လေလံပိတ်သိမ်းမယ်လို့သိရပါတယ်နော် ။အချိန်နဲ့တပြေးညီ ဝယ်ယူရန်ကမ်းလှမ်းသော အလှူရှင်များကို Page မှာ

ဖော်ပြပေးသွားမှာဖြစ်သလို ဈေးအများဆုံးပေးတဲ့ အလှူရှင်ဆီကို အိမ်တိုက်ရာရောက် လာရောက်ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်နော်။ ဒွေးရဲ့ အနုပညာကို အမှတ်တရ သိမ်းဆည်းထားချင်တဲ့

ချစ်ပရိသတ်ကြီးလည်း 3 color ပန်းချီပြခန်း Page ကနေတဆင့် ဝယ်ယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။Source : 3 color

Maria (Yaung Chi)

Add a Comment

Your email address will not be published. Required fields are marked *