Lamborghini superကားနောက်ကို စက်ဘီးနဲ့ရအောင်လိုက်ဖမ်းခဲ့တဲ့ ကင်းလှည့်ယာဉ်ထိန်းရဲ
Source: nextshark
Unicode…Lamborghini superကားနောက်ကို စက်ဘီးနဲ ရအောင်လိုက်ဖမ်းခဲ့တဲ့ ကင်းလှည့်ယာဉ်ထိန်းရဲ
ဂျပန်Anime တွေထဲကလို အဖြစ်အပျက်တွေလို ဂျပန်နိုင်ငံရှိ ကင်းလှည့်ယာဉ်ထိန်းရဲတစ်ဦးဟာ Lamborghini ကားထဲက ယာဉ်မောင်းသူကို စက်ဘီးဖြင့်လိုက်ဖမ်းခဲ့ပြီးနောက်မှာ အဆိုပါsuper ကားထဲကယာဉ်မောင်းကို
တားမြစ်ဖမ်းဆီးနိုင်ခဲ့တာပါ။ဂျပန်နိုင်ငံ လမ်းဆုံလမ်းခွတစ်ခုမှာ Lamborghini Huracán ကားတစ်စီး ဥပဒေကိုဆန့်ကျင်ပြီး မြို့ထဲလှည့်လည်မောင်းနှင်နေတဲ့ ဗီဒီယိုကို ဒီလအစောပိုင်းလောက်က YouTubeမှာ ပျံ့နှံ့သွားခဲ့ကြောင်းကို
SoraNews24သတင်းအရသိရတာပါ။ အချက်ပြမီးကိုဖွင့်ထားတဲ့ Supercar ယာဉ်မောင်းသူက အခြားတစ်ဖက်ကိုဘေးကင်းကင်းနဲ့ဖြတ်ဖို့ လမ်းဖြတ်ကူးသူတွေကို စိတ်ရှည်စွာစောင့်နေခဲ့တာပါ။လူရှင်းသွားတော့
ယာဉ်မောင်းသူက သူ့ကားနောက်မှာ ယာဉ်ထိန်းရဲတစ်ဦးလိုက်ပါနေတာကို အနည်းငယ်ရိပ်မိနေခဲ့တာတောင် ချက်ချင်း ကားဓာတ်ငွေ့ကိုစုပ်ထုတ်ပြီးတော့ အင်ဂျင်ကိုပြန်လည်မြှင့်တင်ကာ မောင်းထွက်သွားခဲ့တာပါ။အဆိုပါယာဉ်ထိန်းရဲကလည်း
ခန္ဓာကိုယ်အားကိုးနဲ့ supercar ယာဉ်မောင်းကို ဖမ်းဆီးဖို့ အတွက် စက်ဘီးကိုအားထည့်နင်းပါတော့တယ်။နောက်ဆုံးမှာ အဆိုပါရဲက ကားမောင်းနှင်သူကို ဥပဒေဆိုင်ရာ ကိစ္စတွေနဲ့ ဖမ်းဆီးကိုင်တွယ်နိုင်ခဲ့ပါတယ်။
သို့ပေမဲ့ အဖြစ်အပျက်တစ်ခုလုံးရဲ့ အခြားအသွားအလာကင်မရာတွေကိုစစ်ဆေးကြည့်လိုက်တော့ ရဲက ကားကိုလိုက်ဖမ်းဖို့အတွက် အချိန်ဘယ်လောက်ယူခဲ့လိုက်ရမလဲဆိုတာကို သေချာမသိခဲ့ရပါဘူးတဲ့။အဆိုပါရဲသားကြီးကတော့
ပြိုင်ကားလိုမြန်ချင်သလောက်မြန်နိုင်တဲ့ Lamborghini ကားနောက်ကို စက်ဘီးနဲ့လိုက်ခဲ့တာကြောင့် netizen တွေကိုဆွဲဆောင်နိုင်ခဲ့ပြီးတော့ ငါက ဆိုင်ကယ်နဲ့ရဲဘဲမြင်ဖူးတာ အခုတော့ စက်ဘီးနဲ့ရဲလေးပါလား။
Lamborghini ကားကို စက်ဘီးစီးပြီးလိုက်ဖမ်းနေတာလား၊ဒီလူကတံဆိပ်တစ်ခုရထိုက်တယ်။ကားမောင်းသူနဲ့ စကားပြောနိုင်ဖို့ ရဲက ဒူးထောက်လိုက်တာ တကယ်ယဉ်ကျေးတာပဲ ဟု စတဲ့မှတ်ချက်အမျိုးမျိုးပေးခဲ့ကြတာဘဲ ဖြစ်ပါတယ်။Jasmine (Mckzone Daily)
Source: nextshark
Tags:
Add a Comment
Your email address will not be published. Required fields are marked *