အာလာဒင္မီးခြက္ထဲက ဘီလူးထြက္လာသလို ဟန္ေဆာင္ၿပီး ႐ူပီး ၇ သန္း(သိ္န္း ၁၂၀၀ခန့္)လိမ္လည္သြားတဲ့ အျဖစ္

အာလာဒင္မီးခြက္ထဲက ဘီလူးထြက္လာသလို ဟန္ေဆာင္ၿပီး ႐ူပီး ၇ သန္း(သိ္န္း ၁၂၀၀ခန့္)လိမ္လည္သြားတဲ့ အျဖစ္

အိႏၵိယနိုင္ငံမွာ အာလာဒင္ခြက္အတြင္းကေန မီးခြက္ေစာင့္ဘီလူးထြက္လာလိမ့္မယ္လို့ဆိုကာ ဆရာဝန္တစ္ဦးကို ႐ူပီး ၇ သန္း နဲ႔ လိမ္လည္ေရာင္းခ်မွုတစ္ခုျဖစ္ပြားခဲ့တယ္လို့ ဆိုပါတယ္။

လိမ္လည္သူေတြမွ တစ္ဦးကေတာ့ ေမွာ္အတတ္ပညာကို တတ္ကၽြမ္းသူတစ္ဦးလို ဟန္ေဆာင္ခဲ့ၿပီးေတာ့ ေမွာ္ပညာနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို ေျပာျပခဲ့တယ္လို့ လိမ္လည္ခံခဲ့ရတဲ့ လာအိခ္ခန္းက ေျပာျပခဲ့တာပါ။

လိမ္လည္သူတစ္ဦးရဲ့ နာမည္ဟာ အစၥလာမူဒင္လို့ ေခၚဆိုၿပီးေတာ့ မီးခြက္ေစာင့္ဘီလူးကို ထြက္ေပၚလာေအာင္ ျပဳမူျပခဲ့တယ္လို့ ဆိုပါတယ္ေနာ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ သိခဲ့ရတာကေတာ့ အဆိုပါ မီးခြက္ေစာင့္ဘီလူးနဲ႔

ပုံပန္းသ႑ာန္တူသူတစ္ဦးကို အသုံးျပဳၿပီး လွည့္စားခဲ့တာကို ဆရာဝန္က သေဘာေပါက္ခဲ့ရတာပါ။အိႏၵိယေျမာက္ပိုင္းက အူတာပရာဒက္ရွ္ျပည္နယ္တြင္းေနထိုင္တဲ့ ဆရာဝန္ဟာ ပိုက္ဆံအမ်ားအျပားေပးေခ်ၿပီးေနာက္ပုိင္းမွာ

အတုျဖစ္တယ္ဆိုတာကို သိရွိခဲ့ရၿပီးေနာက္ ရဲစခန္းကို သြားေရာက္တိုင္တန္းခဲ့တာပါ။ ရဲေတြက လူႏွစ္ဦးကို ဖမ္းဆီးရမိခဲ့ၿပီး အျခားသူမ်ားကိုလည္း လိမ္လည္မွုေတြျပဳလုပ္ခဲ့တယ္လို့ စစ္ေဆးေတြ႕ရွိခဲ့ရပါတယ္။အႀကီးတန္းအရာရွိတစ္ဦးျဖစ္တဲ့

အာမစ္ရြိဳင္ကေတာ့ ဒီ လူလိမ္ေတြက လွည့္စားနည္းအမ်ိဳးမ်ိဳးျပဳလုပ္ေနခဲ့တာပါ၊ ဒါေပမယ့္ ဆရာဝန္ကေတာ့ ႐ူပီး ၇ သန္း (ျမန္မာေငြသိန္း ၁၂၀၀ ခန႔္) ေလာက္ေပးခဲ့ရပါတယ္ လို့ ဆိုပါတယ္။ လူလိမ္ေတြကိုေတာ့ ၾကာသပေတးေန႔က ဖမ္းဆီးခဲ့ၿပီးေတာ့

စြဲခ်က္မတင္ခင္မွာ ထိန္းသိမ္းထားတယ္လို့လည္း သူက ေျပာခဲ့ပါတယ္။ဒီလူေတြထဲက တစ္ဦးရဲ့ ဇနီးကလည္း လိမ္လည္မွုမွာပါဝင္ပတ္သက္ေနပါတယ္၊

သူမကေတာ့ ထြက္ေျပးေနပါတယ္၊ တျခားမိသားစုေတြကိုလည္း ဒိနည္းလမ္းနဲ႔ပဲ သူတို့ေတြ လိမ္လည္ေနခဲ့တာပါ၊ သူတို့ေတြ ႐ူပီးေငြသန္းေပါင္းမ်ားစြာအထိကို ရရွိခဲ့ၾကတာပါ လို့လည္း သူက ထပ္ေျပာခဲ့တာပါ။

ယဥ္ေက်းမွုနဲ႔ သမိုင္းဇာတ္လမ္းေၾကာင္းေတြ မ်ားျပားစုံလင္တဲ့ အိႏၵိယမွာေတာ့ အခုလိုမ်ိဳး လိမ္လည္လွည့္ျဖားမွုေတြဟာ မၾကာခဏဆိုသလိုျဖစ္ပြားေလ့ရွိတာလို့လည္း သိရပါတယ္ေနာ္။Credit

Unicode…အာလာဒင်မီးခွက်ထဲက ဘီလူးထွက်လာသလို ဟန်ဆောင်ပြီး ရူပီး ၇ သန်း(သိန်း ၁၂၀)လိမ်လည်သွားတဲ့ အဖြစ်

အိန္ဒိယနိုင်ငံမှာ အာလာဒင်ခွက်အတွင်းကနေ မီးခွက်စောင့်ဘီလူးထွက်လာလိမ့်မယ်လို့ဆိုကာ ဆရာဝန်တစ်ဦးကို ရူပီး ၇ သန်း နဲ့ လိမ်လည်ရောင်းချမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

လိမ်လည်သူတွေမှ တစ်ဦးကတော့ မှော်အတတ်ပညာကို တတ်ကျွမ်းသူတစ်ဦးလို ဟန်ဆောင်ခဲ့ပြီးတော့ မှော်ပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောပြခဲ့တယ်လို့ လိမ်လည်ခံခဲ့ရတဲ့ လာအိခ်ခန်းက ပြောပြခဲ့တာပါ။

လိမ်လည်သူတစ်ဦးရဲ့ နာမည်ဟာ အစ္စလာမူဒင်လို့ ခေါ်ဆိုပြီးတော့ မီးခွက်စောင့်ဘီလူးကို ထွက်ပေါ်လာအောင် ပြုမူပြခဲ့တယ်လို့ ဆိုပါတယ်နော်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ သိခဲ့ရတာကတော့ အဆိုပါ မီးခွက်စောင့်ဘီလူးနဲ့

ပုံပန်းသဏ္ဍာန်တူသူတစ်ဦးကို အသုံးပြုပြီး လှည့်စားခဲ့တာကို ဆရာဝန်က သဘောပေါက်ခဲ့ရတာပါ။အိန္ဒိယမြောက်ပိုင်းက အူတာပရာဒက်ရှ်ပြည်နယ်တွင်းနေထိုင်တဲ့ ဆရာဝန်ဟာ ပိုက်ဆံအများအပြားပေးချေပြီးနောက်ပိုင်းမှာ

အတုဖြစ်တယ်ဆိုတာကို သိရှိခဲ့ရပြီးနောက် ရဲစခန်းကို သွားရောက်တိုင်တန်းခဲ့တာပါ။ ရဲတွေက လူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အခြားသူများကိုလည်း လိမ်လည်မှုတွေပြုလုပ်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့

အာမစ်ရွိုင်ကတော့ ဒီ လူလိမ်တွေက လှည့်စားနည်းအမျိုးမျိုးပြုလုပ်နေခဲ့တာပါ၊ ဒါပေမယ့် ဆရာဝန်ကတော့ ရူပီး ၇ သန်း (မြန်မာငွေသိန်း ၁၂၀၀ ခန့်) လောက်ပေးခဲ့ရပါတယ် လို့ ဆိုပါတယ်။ လူလိမ်တွေကိုတော့ ကြာသပတေးနေ့က ဖမ်းဆီးခဲ့ပြီးတော့

စွဲချက်မတင်ခင်မှာ ထိန်းသိမ်းထားတယ်လို့လည်း သူက ပြောခဲ့ပါတယ်။ဒီလူတွေထဲက တစ်ဦးရဲ့ ဇနီးကလည်း လိမ်လည်မှုမှာပါဝင်ပတ်သက်နေပါတယ်၊

သူမကတော့ ထွက်ပြေးနေပါတယ်၊ တခြားမိသားစုတွေကိုလည်း ဒိနည်းလမ်းနဲ့ပဲ သူတို့တွေ လိမ်လည်နေခဲ့တာပါ၊ သူတို့တွေ ရူပီးငွေသန်းပေါင်းများစွာအထိကို ရရှိခဲ့ကြတာပါ လို့လည်း သူက ထပ်ပြောခဲ့တာပါ။

ယဉ်ကျေးမှုနဲ့ သမိုင်းဇာတ်လမ်းကြောင်းတွေ များပြားစုံလင်တဲ့ အိန္ဒိယမှာတော့ အခုလိုမျိုး လိမ်လည်လှည့်ဖြားမှုတွေဟာ မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိတာလို့လည်း သိရပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *