ဆယ်တန်းကို ထူးချွန်စွာအောင်မြင်တဲ့ သားဖြစ်သူ ရုပ်ရှင်အစည်းအရုံးရဲ့ဆုချီးမြှင့်ပွဲမှာ ချန်ထားခြင်းခံရလို့ ဝမ်းနည်းစွာပြောလာတဲ့ ဝိုင်းချစ်
Unicode…ဆယ်တန်းမှာ ထူးချွန်စွာအောင်မြင်တဲ့ သားဖြစ်သူ ရုပ်ရှင်အစည်းအရုံးရဲ့ဆုချီးမြှင့်ပွဲမှာ ချန်ထားခြင်းခံရလို့ ဝမ်းနည်းစွာပြောလာတဲ့ ဝိုင်းချစ်
ပြီးခဲ့တဲ့ လပိုင်းက ထွက်ရှိခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းမှာ ဇာတ်ပို့ဇာတ်ရံ ဟာသလူရွှင်တော်ဝိုင်းချစ်ရဲ့သားဖြစ်သူ မောင်လင်းဖြိုးတစ်ယောက်ဟာ ဇီဝဗေဒဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာဘဲဖြစ်ပါတယ်။
ဝိုင်းချစ်တို့မိသားစုအတွက် ပျော်စရာကောင်းတဲ့နေ့လေးတစ်ရက်ဖြစ်ခဲ့ပြီး သားဖြစ်သူအတွက် ဂုဏ်ယူဝမ်းမြောက်စွာ ဖြတ်သန်းခဲ့ရတဲ့ နေ့လေးတစ်နေ့လို့ ဆိုရမှာပါနော်။
ဒီနေ့မှာတော့ ဝိုင်းချစ်တစ်ယောက် အနုပညာရှင်တစ်ယောက်အနေနဲ့ အရမ်းကို ဝမ်းနည်းစိတ်မကောင်းဖြစ်မိတဲ့အကြောင်းကို ပြောလာတာပါ။ နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်ဝင်တန်းကိုထူးချွန်စွာအောင်မြင်ကြတဲ့ အနုပညာရှင်တွေရဲ့သားသမီးတွေအတွက်
ရုပ်ရှင်အစည်းအရုံးက ဂုဏ်ပြုဆုချီးမြင့်ပွဲလုပ်ပေးလေ့ရှိတာကြောင့် ဘဲ ဝိုင်းချစ်ကိုယ်တိုင်လည်း သားဖြစ်သူအတွက် ဂုဏ်ယူရမယ့်နေ့လေးလို့ သတ်မှတ်ထားပေမယ့်လည် စိတ်မကောင်းစွာပဲ ချန်လှပ်ထားခြင်း ခံခဲ့ရတဲ့အကြောင်းကို
စိတ်မကောင်းစွာ ပြောလာတာပါ။ဒီနေ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင် သားသမီးများထဲမှ တက္ကသိုလ်ဝင်တန်းအောင်ပြီး ဂုဏ်ထူးထွက်သူများကို ဆုချီးမြှင့်ပွဲပြုလုပ်တဲ့အထဲမှာ ကျွန်တော် ဝိုင်းချစ်(ဇာတ်ပို့ဇာတ်ရံ)ရဲ့
သား မောင်လင်းပြည့်ဖြိုး ဟာ ဇီဝဗေဒဘာသာရပ်နဲ့ ဂုဏ်ထူးထွက်ခဲ့ပေမယ့် ရုပ်ရှင်အစည်းအရုံးမှ ဂုဏ်ပြုခြင်းကိုမခံခဲ့ရပါဘူး။ကျွန်တော်သိရတဲ့အချိန်မှာ ဂုဏ်ပြုပွဲပြီးလို့ ညနေ (၅) နာရီမှသိရပါတယ်။အဲဒါဘယ်လိုဖြစ်ရတာလဲဗျာ
အရမ်းကိုရင်ထဲမှာစိတ်မကောင်းဖြစ်ရပါတယ် ။ရုပ်ရှင်အစည်းအရုံးကြီးရယ် ။ဆိုပြီး စိတ်မကောင်းစွာ ရေးသားမျှဝေလာတာပါ။ ဇာတ်ပို့ဇာတ်ရံ ဟာသလူရွှင်တော်တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ ဝိုင်းချစ်ဟာ
ကိုယ့်လောကသားတွေကြားမှာ သားဖြစ်သူအတွက် ဂုဏ်ယူရမယ့် နေ့လေးမပိုင်ဆိုင်ခဲ့ရတာတော့ သူ့အတွက်တကယ်ကို စိတ်မကောင်းဖြစ်စေခဲ့မှာ အမှန်ပါဘဲနော်။credit-cele gabar
Add a Comment
Your email address will not be published. Required fields are marked *