တခြားနွားတွေနဲ့ မတူဘဲ ထူးထူးဆန်းဆန်းမွေးလာခဲ့တဲ့ နွားကလေး
မျက်နှာနှစ်ခု၊ ပါးစပ်နှစ်ပေါက်နဲ့ မျက်လုံး၎လုံးပါတဲ့ ထူးထူးဆန်းဆန်းနွားလေး
Unicode…မျက်နှာနှစ်ခု၊ ပါးစပ်နှစ်ပေါက်နဲ့ မျက်လုံး၄လုံးပါတဲ့ ထူးထူးဆန်းဆန်းနွားလေး
Kentucky က Campbellsville ဆိုတဲ့လယ်ယာမြေတစ်ခုမှာ Lucky ဆိုတဲ့ နွားမလေးတစ်ကောင်မွေးဖွားခဲ့ဖူးပါတယ်တဲ့။ထူးဆန်းနေတာကတော့ အဲ့ဒီနွားမလေးက သာမန်နွားတွေနဲ့မတူပဲ မျက်နှာနှစ်ခုပါနေတာပါဘဲနော်။
ပိုင်ရှင်တွေအနေနဲ့လည်း စစမွေးချင်တုန်းမှာ အမွှာနွား၂ကောင်လို့ ထင်ခဲ့ပင်မဲ့လည်း တစ်ကောင်တည်းမှန်း သိလိုက်ရတဲ့အချိန်မှာတော့ တော်တော်အံ့သြသင့်ခဲ့ရတာပါ။မွေးဖွားချိန်မှာတော့ လယ်ပိုင်ရှင်တွေက သေပီလို့ထင်ခဲ့ပေမယ့်လည်း
ကံကောင်းပြီးတော့ အသက်ရှင်နေလို့ သူ့နာမည်ကို လွယ်လွယ်ကူကူဘဲ Lucky လို့ပေးလိုက်တာပါတဲ့။Lucky လေးက နှာခေါင်းနှစ်ခု၊ ပါးစပ်နှစ်ပေါက်နဲ့ မျက်လုံး၄လုံး ပါပေမယ့်လည်း အလယ်က မျက်လုံး၂လုံးကတော့ မမြင်ရပါဘူးတဲ့။
ဒါ့အပြင် Luck လေးက လမ်းလျှောက်နိုင်ပင်မဲ့လည်း ခြေထောက်ကတော့ သိပ်မခိုင်ပါဘူး။Lucky ဟာမွေးမွေးချင်းမှာတော့ အစာကောင်းကောင်းစားပြီးတော့ ကောင်းကောင်းနေထိုင်ခဲ့သလို ထူးဆန်းတဲ့ သူ့ကိုလာကြည့်တဲ့
လူတွေကအများအပြားပါပဲနော်။သူမရဲ့သခင်တွေဖြစ်တဲ့ လယ်ပိုင်ရှင်မိသားစုကလည်း Lucky လေးမွေးဖွားလာတာဟာ သူတို့ရဲ့ ကံကောင်းမှုလို့ ဆိုခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ Lucky လေးဟာ သေဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
Lucky လေးက သူ့ဘဝတစ်လျှောက် ပိုင်ရှင်မိသားစုရဲ့ ဂရုစိုက်မှု ဖေးမမှုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားခဲ့ရပီး အခုအချိန်မှာတော့ ပိုင်ရှင်မိသားစုနဲ့ ဘဝခြားကာ အဆုံးတိုင်ခွဲခွာသွားခဲ့ပါပြီနော်။credit – Myanmarload
Tags:
Add a Comment
Your email address will not be published. Required fields are marked *