Unicode…ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားရဲ့ အသက်တစ်ချောင်းကို ကယ်တင်ဖို့လုပ်နေတဲ့ တန်ခွန်ကျော်
Myanmar Idol Season (4) ရဲ့ Wild Card Winner တစ်ယောက်ဖြစ်တဲ့ တန်ခွန်ကျော်ကတော့ ကံမကောင်းစွာနဲ့ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့်လည်း  အခုဆိုရင် သူလျှောက်ချင်တဲ
အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်နော်။ နာဂတိုင်းရင်းသားတစ်ယောက်ဖြစ်သော တန်ခွန်ကျော်ဟာ သူ့ရဲ့မျိုးနွယ်တွေကိုသာမကပဲ လူတိုင်းကို ကူညီချင်စိတ်အပြည့်ရှိသူမို့ ကောင်းသတင်းနဲ့ ကျော်ကြားတာပဲ ဖြစ်ပါတယ်နော်။
ဒီတစ်ခါမှာလည်း တန်ခွန်ကျော်ဟာ ကျောက်ကပ်အစားထိုးကုသရမယ့် ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားရဲ့ အသက်တစ်ချောင်းကို အလှူရှင်တွေနဲ့စုပေါင်းပြီးတော့ ကယ်တင်ဖို့ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်နော်။
တန်ခွန်ကျော်ကတော့ သွေးကြောတွေပေါက်ပြီးတော့ နှာခေါင်းနဲ့ ပါးစပ်က သွေးတွေလျှံကျကာ ကျောက်ကပ်အစားထိုးကုသရမယ့် မကွေးဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားအတွက် အလှူရှင်တွေနဲ့ စုပေါင်းပြီး လှူဒါန်းမှာပဲ ဖြစ်ပါတယ်နော်။
တန်ခွန်ကျော်က မနေ့က နိုဝင်ဘာလ (၂) ရက်နေ့မှာ ကိုခန့်မင်းသော်၏မိခင်နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်ဗျ။ လိုအပ်သောငွေပမာဏ အကုန်လုံးမလှူနိုင်မေယ့် တတ်နိုင်သလောက်လေး စေတနာရှင်များက စုပေါင်းပါဝင်လှူဒါန်းသွားကြမှာပါခင်ဗျ ။ Fighting
ဆိုပြီး တော့လူနာရှင်မိခင်နဲ့ ဆုံတွေ့ခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာတာပါနော်။တန်ခွန်ကျော်ဟာ လူ့အသက်တစ်ချောင်းကို ကယ်တင်ဖို့ အလှူရှင်များနဲ့အတူတူ စုပေါင်းပြီး ကျောက်ကပ်ခွဲစိတ်ကုသနိုင်ဖို့ လှူဒါန်းပေးသွားမှာဘဲ ဖြစ်ပါတယ်နော်။Credit
Add a Comment
Your email address will not be published. Required fields are marked *