Mask ခၽြတ္ၿပီး လက္ဖက္ရည္အတူေသာက္ရာက ပိုးကူးစက္သူမ်ားလာလို့ မႏၲေလးကုန္စိမ္းေဈးကို ပိတ္လိုက္ရ

Mask ခၽြတ္ၿပီး လက္ဖက္ရည္အတူေသာက္ရာက ပိုးကူးစက္သူမ်ားလာလို့ မႏၲေလးကုန္စိမ္းေဈးကို ပိတ္လိုက္ရ

မႏၲေလးၿမိဳ့ (၄၁) လမ္းက ကုန္းစိမ္းညေဈးမွာ ကိုဗစ္ပိုးေတြ႕လူနာ (၂) ဦးကေန ေနာက္ထပ္ (၅) ဦးထပ္မံကူးစက္ခံရတာေၾကာင့္ဘဲ ဆိုင္ခန္းေပါင္း (၁၃၀) ကို ဒီေန႔ နိုဝင္ဘာ (၂) ရက္ေန႔မွာ ပိတ္လိုက္ရတယ္လို့

မႏၲေလးၿမိဳ့ေတာ္ဝန္ ေဒါက္တာရဲလြင္က ေျပာလိုက္တာပါ။ကူးစက္သူမ်ားလာရတဲ့ အဓိက အေၾကာင္းရင္းဟာ ေဈးဖြင့္ခ်ိန္ၾကာတာေၾကာင့္ Mask ခၽြတ္မိတာနဲ႔ လက္ဖက္ရည္အတူဝိုင္းေသာက္ၾကတာေၾကာင့္ ျဖစ္တယ္လို့ ေဒါက္တာရဲလြင္က

သူ႔ရဲ့ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတစ္ဆင့္ သတိေပးေျပာၾကားခဲ့တာပါ။ဒါ့အျပင္ မႏၲေလးမွာ ကူးစက္မွု အမ်ားဆုံးျဖစ္ပြားခဲ့တဲ့ ပုဏၰားကုန္းရပ္၊ ဝက္စု အစရွိတဲ့ေနရာေတြမွာ ရပ္ကြက္ ေတြထဲ mask တပ္သူ မရွိသေလာက္နည္းပါးတာေၾကာင့္

ကူးစက္မွုမ်ားခဲ့ရတာျဖစ္ၿပီး ေတာ့လမ္းသြယ္ေတြ၊ ဝင္းေတြထဲေနသူေတြအေနနဲ႔ ဝင္းအတြင္း၊ လမ္းသြယ္အတြင္းသြားလာရင္ mask မတပ္ၾကဘဲ သြားလာေနတာေတြ႕ရတယ္လို့ ေဒါက္တာရဲလြင္က ေျပာပါတယ္။ ကိုဗစ္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရးအတြက္ အေရးႀကီးဆုံးက mask တပ္ဆင္ျခင္းပါ။

မိမိအိမ္ထဲမွာ mask မတပ္ပဲေနလို့ရေပမယ့္ အိမ္သားတစ္ေယာက္ ပိုးေတြ႕ရင္ တစ္အိမ္လုံးကူးကုန္ၾကတဲ့ ျဖစ္ရပ္ေတြအမ်ားႀကီးပါ။ အိမ္ထဲမွာ ကၽြန္ေတာ္လည္း mask မတပ္ပါ။ အိမ္သားေတြကို ျဖစ္နိုင္သေရြ႕ stay at home လုပ္ခိုင္းထားပါတယ္။ ေဈးဝယ္တာကလြဲရင္ အျပင္မထြက္ရပါ။

ဘယ္ဧည့္သည္မွ လာခြင့္မျပဳပါ။ သတိမမူမိတဲ့ လုပ္ရပ္ေတြထဲကတစ္ခုက ႐ုံး၊ လုပ္ငန္းခြင္၊ အလုပ္႐ုံ ေတြမွာ ထမင္းအတူတူစားၾကရာကေန ကူးစက္ကုန္တာပါ။ထမင္းအတူစားတဲ့အခ်ိန္ mask ခၽြတ္ထားလို့ ကူးစက္ဖို့ အခြင့္အလမ္း chance အရမ္းမ်ားသြားပါတယ္။ ကၽြန္ေတာ္ေကာ္မတီဝင္ေတြနဲ႔

ထမင္းအတူလက္စုံမစားတာ (၂)လ ေက်ာ္သြားပါၿပီ။ မႏၲေလးမွာ ကူးစက္မွု အမ်ားဆုံးျဖစ္သြားတဲ့ ပုဏၰားကုန္းရပ္၊ ဝက္စု အစရွိတဲ့ေနရာေတြမွာ ရပ္ကြက္ အဝန္းအဝိုင္းထဲ mask တပ္သူမရွိသေလာက္နည္းလို့ ကူးစက္မွုအရမ္းမ်ားသြားတာပါ။  လို့ ေဒါက္တာရဲလြင္က လူမွုကြန္ရက္စာမ်က္ႏွာမွာ အခုလိုေရးသားထားတာပါ။

ဒါ့အျပင္ ေဈးေတြမွာ စည္းကမ္းေတြ ခဏခဏတင္းၾကပ္လြန္းလို့ mask တက္သူမ်ားလာတဲ့အတြက္ ဆရာစံေဈး၊ ေယာမင္းႀကီးေဈး၊ ဘုရားႀကီးေဈး၊ ၈၆လမ္း ပလက္ေဖာင္းေဈး၊ တံခြန္တိုင္ေဈး၊ မန္းရတနာေဈးေတြမွာ ပိုးေတြ႕လူနာေတြ႕ရွိခဲ့ေပမယ့္

မျပန႔္ပြားေအာင္ အခ်ိန္မွီထိန္းနိုင္ခဲ့ေၾကာင္း သိရပါတယ္ေနာ္။မႏၲေလးတိုင္းအတြင္း ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမွုေတြမွာ နိုဝင္ဘာ (၂) ရက္ေန႔ အထိစာရင္းေတြအရ

(၁၉၈၉) ဦးရွိေနတဲ့အနက္ ျပန္လည္ေကာင္းမြန္လာသူ (၁၃၅၆) ဦး ၊ ေသဆုံးသူ (၉) ဦး ရွိခဲ့ရာ လက္ရွိ ေဆး႐ုံတက္ေရာက္ကုသေနသူ (၆၂၄) ဦး ရွိေနတယ္လို့ သိရပါတယ္ေနာ္။Credit;လင္းလက္ျကယ္

Unicode…Mask ချွတ်ပြီး လက်ဖက်ရည်အတူသောက်ရာက ပိုးကူးစက်သူများလာလို့ မန္တလေးကုန်စိမ်းဈေးကို ပိတ်လိုက်ရ

မန္တလေးမြို့ (၄၁) လမ်းက ကုန်းစိမ်းညဈေးမှာ ကိုဗစ်ပိုးတွေ့လူနာ (၂) ဦးကနေ နောက်ထပ် (၅) ဦးထပ်မံကူးစက်ခံရတာကြောင့်ဘဲ ဆိုင်ခန်းပေါင်း (၁၃၀) ကို ဒီနေ့ နိုဝင်ဘာ (၂) ရက်နေ့မှာ ပိတ်လိုက်ရတယ်လို့

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောလိုက်တာပါ။ကူးစက်သူများလာရတဲ့ အဓိက အကြောင်းရင်းဟာ ဈေးဖွင့်ချိန်ကြာတာကြောင့် Mask ချွတ်မိတာနဲ့ လက်ဖက်ရည်အတူဝိုင်းသောက်ကြတာကြောင့် ဖြစ်တယ်လို့ ဒေါက်တာရဲလွင်က

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ဆင့် သတိပေးပြောကြားခဲ့တာပါ။ဒါ့အပြင် မန္တလေးမှာ ကူးစက်မှု အများဆုံးဖြစ်ပွားခဲ့တဲ့ ပုဏ္ဏားကုန်းရပ်၊ ဝက်စု အစရှိတဲ့နေရာတွေမှာ ရပ်ကွက် တွေထဲ mask တပ်သူ မရှိသလောက်နည်းပါးတာကြောင့်

ကူးစက်မှုများခဲ့ရတာဖြစ်ပြီး တော့လမ်းသွယ်တွေ၊ ဝင်းတွေထဲနေသူတွေအနေနဲ့ ဝင်းအတွင်း၊ လမ်းသွယ်အတွင်းသွားလာရင် mask မတပ်ကြဘဲ သွားလာနေတာတွေ့ရတယ်လို့ ဒေါက်တာရဲလွင်က ပြောပါတယ်။ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အရေးကြီးဆုံးက mask တပ်ဆင်ခြင်းပါ။

မိမိအိမ်ထဲမှာ mask မတပ်ပဲနေလို့ရပေမယ့် အိမ်သားတစ်ယောက် ပိုးတွေ့ရင် တစ်အိမ်လုံးကူးကုန်ကြတဲ့ ဖြစ်ရပ်တွေအများကြီးပါ။ အိမ်ထဲမှာ ကျွန်တော်လည်း mask မတပ်ပါ။ အိမ်သားတွေကို ဖြစ်နိုင်သရွေ့ stay at home လုပ်ခိုင်းထားပါတယ်။ ဈေးဝယ်တာကလွဲရင် အပြင်မထွက်ရပါ။

ဘယ်ဧည့်သည်မှ လာခွင့်မပြုပါ။ သတိမမူမိတဲ့ လုပ်ရပ်တွေထဲကတစ်ခုက ရုံး၊ လုပ်ငန်းခွင်၊ အလုပ်ရုံ တွေမှာ ထမင်းအတူတူစားကြရာကနေ ကူးစက်ကုန်တာပါ။ထမင်းအတူစားတဲ့အချိန် mask ချွတ်ထားလို့ ကူးစက်ဖို့ အခွင့်အလမ်း chance အရမ်းများသွားပါတယ်။ ကျွန်တော်ကော်မတီဝင်တွေနဲ့

ထမင်းအတူလက်စုံမစားတာ (၂)လ ကျော်သွားပါပြီ။ မန္တလေးမှာ ကူးစက်မှု အများဆုံးဖြစ်သွားတဲ့ ပုဏ္ဏားကုန်းရပ်၊ ဝက်စု အစရှိတဲ့နေရာတွေမှာ ရပ်ကွက် အဝန်းအဝိုင်းထဲ mask တပ်သူမရှိသလောက်နည်းလို့ ကူးစက်မှုအရမ်းများသွားတာပါ။  လို့ ဒေါက်တာရဲလွင်က လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုရေးသားထားတာပါ။

ဒါ့အပြင် ဈေးတွေမှာ စည်းကမ်းတွေ ခဏခဏတင်းကြပ်လွန်းလို့ mask တက်သူများလာတဲ့အတွက် ဆရာစံဈေး၊ ယောမင်းကြီးဈေး၊ ဘုရားကြီးဈေး၊ ၈၆လမ်း ပလက်ဖောင်းဈေး၊ တံခွန်တိုင်ဈေး၊ မန်းရတနာဈေးတွေမှာ ပိုးတွေ့လူနာတွေ့ရှိခဲ့ပေမယ့်

မပြန့်ပွားအောင် အချိန်မှီထိန်းနိုင်ခဲ့ကြောင်း သိရပါတယ်နော်။မန္တလေးတိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွေမှာ နိုဝင်ဘာ (၂) ရက်နေ့ အထိစာရင်းတွေအရ

(၁၉၈၉) ဦးရှိနေတဲ့အနက် ပြန်လည်ကောင်းမွန်လာသူ (၁၃၅၆) ဦး ၊ သေဆုံးသူ (၉) ဦး ရှိခဲ့ရာ လက်ရှိ ဆေးရုံတက်ရောက်ကုသနေသူ (၆၂၄) ဦး ရှိနေတယ်လို့ သိရပါတယ်နော်။Credit;လင်းလက်ကြယ်

Tags:

Add a Comment

Your email address will not be published. Required fields are marked *