ဆရာဝန်တစ်ဦး ဆိုင်ကယ်တစ်စီးအတွက်နဲ့ လုယက်ခံရပြီးတော့ ကြွေလွင့်ခဲ့ရ
ဆိုင်ကယ် တစ်စီးအတွက်နဲ့ လုယက်ခံရပြီး ကြွေလွင့်ခဲ့ရတဲ့ မိဘကိုလုပ်ကျွေးနေတဲ့ ဆရာဝန်တစ်ဦး
Unicode…ဆိုင်ကယ် တစ်စီးအတွက်နဲ့ လုယက်ခံရပြီးတော့ ကြွေလွင့်ခဲ့ရတဲ့ မိဘကိုလုပ်ကျွေးနေတဲ့ ဆရာဝန်တစ်ဦး
တန်ဖိုးမဲ့တဲ့ ငမိုက်သားတွေကြောင့်တန်ဖိုးရှိတဲ့ ဆရာဝန်လူငယ် တဦးကြွေလွှင့်ခဲ့ရပါပြီ။မန္တလေးမြို့အရှေ့ပြင်ဖက်ပုသိမ်ကြီးမြို့ နယ် လိမ်ပင်ကွက်သစ်ပြင်ဦးလွင်လမ်းသစ်တွင် ၂၈ ရက်နေ့ ည၈ နာရီလောက်မှာ မိတ်ဆွေတစ်ယောက်ရဲ့
သားဖြစ်သူ ဒေါက်တာ ကျော်စိုးထက်ဟာ ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံ အလုခံရပြီး ထိုးသွင်း ဒဏ်ရာဆယ်ချက်ကျော်နဲ့ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။အခင်းဖြစ်နေရာမှာတော့ လူသတ်သမားနှစ်ယောက်ရဲ့ ဖိနပ်နှစ်ရံရောသတ်တဲ့နေရာမှာ
အသုံးပြုတဲ့သံဒုတ် / ဓား အကုန်ကျန်ခဲ့တယ်လို့ သိရပါတယ်။တရားခံတော့ ခုထိဖမ်းလိုမမိသေးဘူးတဲ့။ လုယက်သူတွေ သိမသွားကြတာဟာ သူဟာမိဘကို အလုပ်အကျွေးပြုနေသူ၊ အားလပ်ချိန်မျိုးမှာ ငွေကြေးချို့တဲ့သူ
လူနာတွေကို အိမ်တိုင်ရာရောက်အ ခမဲ့လိုက်လံကုသပေးတတ်သူ လိမ္မာရေးခြားရှိတဲ့ လူငယ်ဆရာဝန်တစ်ဦး ဖြစ်နေတာပါဗျာ။မိသားစုရဲ့ ဆုံးရှုံးမှု့ကြီးမားတာကို စိတ်မကောင်းဖြစ်မိသလို အမှု့မှန်ကိုအမြန်ဆုံး ဖော်ထုတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။Credit
Add a Comment
Your email address will not be published. Required fields are marked *