ဝန္ထမ္းေတြကုိ လစာအျပင္ အတုိးမဲ့၂လစာေခ်းေငြနဲ့ Bonusေရာ ေထာက္ပံ့ရိကၡာပါေပးတဲ့ လုပ္ငန္းရွင္

ဝန္ထမ္းေတြကုိ လစာအျပင္ အတုိးမဲ့၂လစာ ေခ်းေငြနဲ့ Bonus ေရာ ေထာက္ပံ့ရိကၡာပါေပးတဲ့ လုပ္ငန္းရွင္

ဒီအခ်ိန္မွာေတာ့ အိမ္မွာ ​ေနတဲ့ ဝန္ထမ္းတခ်ိဳ႕ကလြဲရင္ ကိုယ့္ဝန္ထမ္း​ေတြကို အလုပ္မဆင္းခိုင္း​ေပမယ့္လည္း ေေထာက္ပံ့ရိကၡာနဲ႔ ထိုက္သင့္တဲ့ လစာ​​​ေပးထား​ခဲ့တာပါ။ဒါ​ေပမယ့္ လည္း တခ်ိဳ႕ဝန္ထမ္း​ေလး​ေတြရဲ႕ တျခားမိသားစုဝင္​ေတြ

အရင္လို အလုပ္အကိုင္​ေတြ အဆင္မ​ေျပ​ၾက​ေတာ့တာ ၾကားမိပါတယ္ ။တခ်ိဳ႕ဝန္ထမ္း​ေတြရဲ႕ မိသားစုဝင္​ေတြမွာ Taxi ဆြဲတဲ့သူေတြရွိပါတယ္။ တခ်ိဳ႕က ​ေစ်းဆိုင္ဖြင့္ထားတယ္။

တခ်ိဳ႕က စာသင္တာ။တခ်ိဳ႕က ​ေက်ာင္းကားဆြဲတယ္ စသျဖင့္​ေပါ့ဗ်ာ။ဒါ​ေပမယ့္ လည္း ဒီကာလမွာက တခ်ိဳ႕အလုပ္အကိုင္​ေတြက  ဝင္​ေငြနည္းသြားတယ္ ။တခ်ိဳ႕က ဝင္​ေငြ လုံးဝ မရွိ​ေတာ့ဘူး။

လစာအရမ္း​​ေကာင္းၾကတဲ့ ဝန္ထမ္း​ေတြမဟုတ္ရင္ေတာ့ အိမ္တစ္အိမ္မွာ က​ေလးငယ္​ေတြကလြဲၿပီး ေတာ့ မိသားစုဝင္အကုန္လုံးနီးပါး အလုပ္လုပ္မွ အဆင္​ေျပမယ့္ ကာလျဖစ္တဲ့ အတြက္ အခုခ်ိန္ ​ေတာ္​ေတာ္မ်ားမ်ားအဆင္မ​ေျပဘူး။

Lady Grace Diamond Land က ရတဲ့လစာနဲ႔ ​​​ေထာက္ပံ့ရိကၡာ​ေၾကာင့္ဘဲ စားစရိတ္ မပူရ​ေပမယ့္ အိမ္ငွား​ေနတဲ့သူ​ေတြအတြက္ အိမ္ငွားခ ပူရႏိုင္ပါတယ္။က​ေလးအငယ္​ေလး ရွိသူ​ေတြအတြက္ေတာ့ ႏို႔မႈန္႔ဖိုး၊

သက္ႀကီး႐ြယ္အို အမိအဖရွိသူ​ေတြအတြက္ ​ေဆးဖိုး ၊ စတဲ့ တျခား ကုန္က်စရိတ္​ေတြအတြက္ ​ေငြလိုႏိုင္တယ္လို႔ ​ေတြးမိတယ္။ဒါ​ေၾကာင့္ဘဲ ဝန္ထမ္းတစ္ဦးစီကို သူတို႔ရသင့္တဲ့ လစာနဲ႔ ​ေထာက္ပံ့ရိကၡာအျပင္ကုိ ၂ လစာေခ်း​ေငြကိုပါ ထုတ္​ေခ်းခဲ့တယ္ ။

လုံးဝ အတိုးမဲ့ပါ ။ လုပ္ငန္း​ေတြ ပုံမွန္ ျပန္လည္ပါတ္တဲ့အခ်ိန္​ေရာက္မွဘဲ လစဥ္ ခြဲၿပီး ဆပ္႐ုံပါ။ ဒီလို လုပ္​ေပးဖို႔ကလည္း အမ်ားႀကီး စဥ္းစားရတာပါ။အထူးသျဖင့္ ဒီလို ကာလမွာပါဗ်ာ။ ဝန္ထမ္း​ေတြအ​ေနနဲ႔ ​ေခ်း​ေငြက တစ္​ေယာက္ကို ၂ လစာပဲ

ရတာဆို​ေပမယ့္လည္း ဝန္ထမ္းအားလုံးကို ​ေပးရတဲ့ ဆိုင္အ​ေနနဲ႔က သိန္းရာနဲ႔ခ်ီတယ္​ေလဗ်ာ။ဒါ​ေတာင္ Video ထဲမွာနယ္ျပန္သြားတဲ့ ဝန္ထမ္း​ေတြနဲ႔ ပန္းတိမ္ဆရာ​ေတြ မပါ​ေသးဘူး။အရင္ကေတာ့ဘ Online ​ေရာင္းအားအျပင္ ဆိုင္ ၂ ဆိုင္စာ ​ေရာင္းအားရွိ​ေန​ေတာ့ ဝင္​ေငြပို​ေကာင္းတယ္။

ဒါ​ေပမယ့္ အခုကေတာ့ Online ​ေရာင္းအားပဲ ရွိတာ​ေၾကာင့္  ဝင္​ေငြက အရင္နဲ႔စာရင္၃ ပုံ ၁ ပုံပဲ ရွိတာပါ။ဒါ​ေပမယ့္လည္း ကိုယ့္ထက္ ပိုခက္ခဲႏိုင္မယ့္ ဝန္ထမ္းမိသားစု​ေတြကို စဥ္းစားမိၿပီး ဒီအစီအစဥ္​ေလး လုပ္​ေပးျဖစ္ခဲ့တာပါ။

ဒီလိုအၾကပ္အတည္းကာလမွာ မထင္ထားခဲ့တဲ့ ဝန္ထမ္းက​ေလး​ေတြစီက မမတို႔နဲ႔အတူ အခက္အခဲကာလကို အတူတူျဖတ္​ေက်ာ္မယ္ဆိုတဲ့ စိတ္​​ေလး​ေတြ ​ေတြ႕ရလို႔ ​ေက်နပ္မိတာ​ေတာ့ အမွန္ပါဘဲ။တခ်ိဳ႕ဝန္ထမ္း​ေလး​ေတြကေရာ လစာ​ေရာ Bonus ​ေရာ ရတဲ့တြက္ ​ေငြမလို​ေသးလို႔ ​ေခ်း​ေငြ မယူ​ေတာ့ ပါဘူး.

အစ္ကိုနဲ႔မမတို႔ ကုန္က်တာ​ေတြ အရမ္းမ်ားတာ သိလို႔ပါ ဆိုတဲ့သူ​ေတြ​ေတာင္ ရွိပါတယ္။ဘာပဲ ​ျဖစ္ျဖစ္ သူတို႔​ေလး​ေတြ ​ေပ်ာ္​ေနတာ​ေတြ႕​ေတာ့ ​ေက်နပ္ရပါတယ္။

တစ္ခ်ိဳ႕ဝန္ထမ္း​ေလး​ေတြဆို ရတဲ့​ေငြ​ စုစု​ေပါင္းက သိန္းဆယ္ဂဏာန္းအထက္ ငွက္တစ္​ေသာင္းနားႏိုင္တဲ့ သစ္ပင္​ေကာင္းတစ္ပင္ မျဖစ္ႏိုင္​ေသး​ေပမယ့္လည္းကိုယ့္ပါတ္ဝန္းက်င္က လူ​ေတြကို လုံၿခဳံတဲ့ အရိပ္အာဝါသ​ေပးႏိုင္တဲ့ သစ္ပင္​ေလးတစ္ပင္ ျဖစ္ခြင့္ရတာကို ​ေက်နပ္မိတာပါ။အားလုံးလည္း ဒီကာလႀကီးကို အဆင္​ေျပ​ေျပနဲ႔ ျဖတ္​ေက်ာ္ႏိုင္ၾကပါ​ေစ​ေနာ္။

ခ်စ္ျခင္းအားျဖင့္

နန္းတင္မိုးသူ

Unicode…လစာ အပြင် အတိုးမဲ့၂လစာ ချေးငွေနဲ့ Bonus ရော ထောက်ပံ့ရိက္ခာပါပေးတဲ့ လုပ်ငန်းရှင်

ဒီအချိန်မှာတော့ အိမ်မှာ နေတဲ့ ဝန်ထမ်းတချို့ကလွဲရင် ကိုယ့်ဝန်ထမ်းတွေကို အလုပ်မဆင်းခိုင်းပေမယ့်လည်း ေထောက်ပံ့ရိက္ခာနဲ့ ထိုက်သင့်တဲ့ လစာပေးထားခဲ့တာပါ။ဒါပေမယ့် လည်း တချို့ဝန်ထမ်းလေးတွေရဲ့ တခြားမိသားစုဝင်တွေ

အရင်လို အလုပ်အကိုင်တွေ အဆင်မပြေကြတော့တာ ကြားမိပါတယ် ။တချို့ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေမှာ Taxi ဆွဲတဲ့သူတွေရှိပါတယ်။ တချို့က ဈေးဆိုင်ဖွင့်ထားတယ်။

တချို့က စာသင်တာ။တချို့က ကျောင်းကားဆွဲတယ် စသဖြင့်ပေါ့ဗျာ။ဒါပေမယ့် လည်း ဒီကာလမှာက တချို့အလုပ်အကိုင်တွေက  ဝင်ငွေနည်းသွားတယ် ။တချို့က ဝင်ငွေ လုံးဝ မရှိတော့ဘူး။

လစာအရမ်းကောင်းကြတဲ့ ဝန်ထမ်းတွေမဟုတ်ရင်တော့ အိမ်တစ်အိမ်မှာ ကလေးငယ်တွေကလွဲပြီး တော့ မိသားစုဝင်အကုန်လုံးနီးပါး အလုပ်လုပ်မှ အဆင်ပြေမယ့် ကာလဖြစ်တဲ့ အတွက် အခုချိန် တော်တော်များများအဆင်မပြေဘူး။

Lady Grace Diamond Land က ရတဲ့လစာနဲ့ ထောက်ပံ့ရိက္ခာကြောင့်ဘဲ စားစရိတ် မပူရပေမယ့် အိမ်ငှားနေတဲ့သူတွေအတွက် အိမ်ငှားခ ပူရနိုင်ပါတယ်။ကလေးအငယ်လေး ရှိသူတွေအတွက်တော့ နို့မှုန့်ဖိုး၊

သက်ကြီးရွယ်အို အမိအဖရှိသူတွေအတွက် ဆေးဖိုး ၊ စတဲ့ တခြား ကုန်ကျစရိတ်တွေအတွက် ငွေလိုနိုင်တယ်လို့ တွေးမိတယ်။ဒါကြောင့်ဘဲ ဝန်ထမ်းတစ်ဦးစီကို သူတို့ရသင့်တဲ့ လစာနဲ့ ထောက်ပံ့ရိက္ခာအပြင်ကို ၂ လစာချေးငွေကိုပါ ထုတ်ချေးခဲ့တယ် ။

လုံးဝ အတိုးမဲ့ပါ ။ လုပ်ငန်းတွေ ပုံမှန် ပြန်လည်ပါတ်တဲ့အချိန်ရောက်မှဘဲ လစဉ် ခွဲပြီး ဆပ်ရုံပါ။ ဒီလို လုပ်ပေးဖို့ကလည်း အများကြီး စဉ်းစားရတာပါ။အထူးသဖြင့် ဒီလို ကာလမှာပါဗျာ။ ဝန်ထမ်းတွေအနေနဲ့ ချေးငွေက တစ်ယောက်ကို ၂ လစာပဲ

ရတာဆိုပေမယ့်လည်း ဝန်ထမ်းအားလုံးကို ပေးရတဲ့ ဆိုင်အနေနဲ့က သိန်းရာနဲ့ချီတယ်လေဗျာ။ဒါတောင် Video ထဲမှာနယ်ပြန်သွားတဲ့ ဝန်ထမ်းတွေနဲ့ ပန်းတိမ်ဆရာတွေ မပါသေးဘူး။အရင်ကတော့ဘ Online ရောင်းအားအပြင် ဆိုင် ၂ ဆိုင်စာ ရောင်းအားရှိနေတော့ ဝင်ငွေပိုကောင်းတယ်။

ဒါပေမယ့် အခုကတော့ Online ရောင်းအားပဲ ရှိတာကြောင့်  ဝင်ငွေက အရင်နဲ့စာရင်၃ ပုံ ၁ ပုံပဲ ရှိတာပါ။ဒါပေမယ့်လည်း ကိုယ့်ထက် ပိုခက်ခဲနိုင်မယ့် ဝန်ထမ်းမိသားစုတွေကို စဉ်းစားမိပြီး ဒီအစီအစဉ်လေး လုပ်ပေးဖြစ်ခဲ့တာပါ။

ဒီလိုအကြပ်အတည်းကာလမှာ မထင်ထားခဲ့တဲ့ ဝန်ထမ်းကလေးတွေစီက မမတို့နဲ့အတူ အခက်အခဲကာလကို အတူတူဖြတ်ကျော်မယ်ဆိုတဲ့ စိတ်လေးတွေ တွေ့ရလို့ ကျေနပ်မိတာတော့ အမှန်ပါဘဲ။တချို့ဝန်ထမ်းလေးတွေကရော လစာရော Bonus ရော ရတဲ့တွက် ငွေမလိုသေးလို့ ချေးငွေ မယူတော့ ပါဘူး.

အစ်ကိုနဲ့မမတို့ ကုန်ကျတာတွေ အရမ်းများတာ သိလို့ပါ ဆိုတဲ့သူတွေတောင် ရှိပါတယ်။ဘာပဲ ဖြစ်ဖြစ် သူတို့လေးတွေ ပျော်နေတာတွေ့တော့ ကျေနပ်ရပါတယ်။

တစ်ချို့ဝန်ထမ်းလေးတွေဆို ရတဲ့ငွေ စုစုပေါင်းက သိန်းဆယ်ဂဏာန်းအထက် ငှက်တစ်သောင်းနားနိုင်တဲ့ သစ်ပင်ကောင်းတစ်ပင် မဖြစ်နိုင်သေးပေမယ့်လည်းကိုယ့်ပါတ်ဝန်းကျင်က လူတွေကို လုံခြုံတဲ့ အရိပ်အာဝါသပေးနိုင်တဲ့ သစ်ပင်လေးတစ်ပင် ဖြစ်ခွင့်ရတာကို ကျေနပ်မိတာပါ။အားလုံးလည်း ဒီကာလကြီးကို အဆင်ပြေပြေနဲ့ ဖြတ်ကျော်နိုင်ကြပါစေနော်။

ချစ်ခြင်းအားဖြင့်

နန်းတင်မိုးသူ

Tags:

Add a Comment

Your email address will not be published. Required fields are marked *