သံဃာတော်တွေ မြင်တာနဲ့ မြေပေါ်မှာ ထိုင်ပြီး ဦးချကန်တော့ကြတဲ့ မြို့လေး
Unicode…သံဃာတော်တွေ မြင်တာနဲ့ မြေပေါ်မှာ ထိုင်လို့ ဦးချကန်တော့ကြတဲ့ မြို့လေး
ဓမ္မစကူးလ်ကျောင်းတွေက ကလေးတွေကိုသာမကဘဲ လူကြီးလူလတ် ပိုင်းတွေကိုပါ ယဉ်ကြေးလိမ်မာသိမ်မွေ့စေတယ်ဆိုတာ ဒီဖစ်ရပ်လေးက သက်သေပါနော်။
ဘုန်းဘုန်းတွေ့တာနဲ့ မြေပေါ်ထိုင်ျခ ဦးခကြန်တော့ကြတဲ့ မြို့လေအေကြာင်း မသိသေးရင် အောက်မှာ ဖတ်ကြည့်ပါနော်။တောဘုန်းကြီးကေလးမြို့ထဲကို ဝင်လိုက်တာနှင့်ပထမဆုံးတွေ့ရတာက မြေကြီးပေါ် ကျကျနနထိုင်ပြီး ရှစ်ခိုးကန်တော့နေကြတဲ့ ပုံရိပ်တွေပါနော်။
ခုအခြိန်ထိ ရောက်ခဲ့သျမှနေရာတွေထဲမွာ မေတွ့ဖူးသေးတဲ့ အေကာင်းဆုံးအလွတရားတွေ ဖြစ်ပါတယ်။တောဘုန်းကြီးကေလးတို့ ဒေသမှာငယ်စဉ်တုန်းက တွေ့ရေသးပေမယ့် ခုချိန်တော့ ပျောက်ကွယ်သလာက်နီးနီး ဖြစ်နေပါပြီ။
ခုတခါ အမှတ်မထင် တွေ့လိုက်ရတော့ ရင်ထဲမှာ လှုပ်လှုပ်ခတ်ခတ်လေးဖြစ်သွား ရတာပါ။မြေပြင်ပေါ် ပြားပြားဝပ် ဦးတော်တင်ကြတဲ့အထဲမှာ အဖွား အမေေ တွပါမက လူငယ်တွေပါ ပါပါတယ်။အထူးသဖြင့် ဆယ်ကျော်သက် ယောက်ျားလေးတွေပေါ့။
ဒီပုံရိပ်တွေ မြင်လိုက်တယ်ဆိုရင်ပင် တည်းတဲ့နေရာ မရောက်ခင်မှာပဲကျက်သရေ ရှိလိုက်တာ လို့တွေးရင်း ဒီမြို့ကလေးကို ချစ်သွားမိပါတော့တယ်။ဗုဒ္ဓဘာသာ အငွေ့အသက်တွေထုံမွှမ်းပြီးတော့ ဓမ္မစကူးကျောင်းတွေ ဖွင့်လှစ်ခဲ့တာတွေက အလှပေါ်အယဉ်ဆင့်ဆိုသလို အရိုးပေါ်
အရွက်မဖုံးတဲ့ အလှဆုံးကျက်သရေရှိတဲ့ အဖြစ်ပါပဲနော်။ဒီဓလေ့ ဒီအပြုအမှု ရိုးရာတွေဟာ မန်လည်ဆရာတော်ဘုရားကြီးရဲ့ သြဝါဒ အဆုံးအမတွေဖြစ်ပါတယ်တဲ့။ ဒေသခံတို့ရဲ့တဆင့်စကား ကြားခဲ့ရပါတယ်။
ဒီဓလေ့ ဒီအလှတရားတွေ မြင်ချင်တွေ့ချင်ကြရင်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့လေးကို လာခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။အဲတာကြောင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက် ဒီလိုမြို့လေးတွေအများကြီး ဖြစ်လာရှိ လာပါစေလို့ ဆုတောင်းလိုက်ရပါတယ်နော်။credit
Add a Comment
Your email address will not be published. Required fields are marked *