ေဆး႐ုံကို လူနာတင္ကားအခ်ိန္မီေရာက္နိုင္ဖို့ လမ္းရွင္းေပးခဲ့လို့ ခ်ီးက်ဴးခံေနရတဲ့ ေက်ာင္းသူေလး

ေဆး႐ုံကို လူနာတင္ကားအခ်ိန္မီေရာက္နိုင္ဖို့ လမ္းရွင္းေပးခဲ့လို့ ခ်ီးက်ဴးခံေနရတဲ့ ေက်ာင္းသူေလး

ယာဥ္ေၾကာပိတ္ဆို့မွုကလည္း နိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ၾကဳံေတြ႕ေနရတဲ့ျပႆနာပါပဲေနာ္။ အေရးေပၚလူနာတင္ကားဟာ ယာဥ္ပိတ္ ေနရင္ လူနာတင္ကားမွာ ပါလာတဲ့

လူနာအတြက္ မေတြးရဲစရာပါ။ ေဆး႐ုံကို အခ်ိန္မီေရာက္ဖို့အတြက္ ယာဥ္ေၾကာပိတ္ေနတဲ့ ကားေတြကို လမ္းေလးနည္းနည္းေလာက္ဖယ္ခိုင္းဖို့က်ေတာ့လည္း လူနာတင္ကားေပၚက ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြအတြက္ ခက္ခဲပါတယ္ေနာ္။

ေဘးနားမွာရွိေနတဲ့ လူေတြကလည္း ေဆး႐ုံကို လူနာတင္ကားအခ်ိန္မီေရာက္နိုင္ဖို့ အျမဲကူညီေပးၾကပါတယ္ေနာ္။ မၾကာေသးခင္တုန္းက ထိုင္းနိုင္ငံက တကၠသိုလ္ေက်ာင္းသူေလးတစ္ေယာက္ဟာ လူနာတင္ကားအတြက္

လမ္းရွင္းေပးခဲ့လို့ လူမွုကြန္ယက္အသုံးျပဳသူေတြက သူ႔ကို ေက်းဇူးတင္ခဲ့ၾကျပီး ခ်ီးက်ဴးစကားလည္းဆိုခဲ့ပါတယ္။ေအာက္တိုဘာ ၆ ရက္ေန႔က လူနာတင္ကားေမာင္းတဲ့သူ

Nhum ဆိုတဲ့အမ်ိဳးသားတစ္ဦးက သူ႔ရဲ့ေဖ့စ္ဘြတ္ခ္အေကာင့္မွာ မိန္းကေလးတစ္ဦးရဲ့ပုံတစ္ပုံနဲ႔ ဗီဒီယိုတစ္ခုကို တင္ခဲ့တာပါ။ ပို့စ္မွာ သူေရးထားတဲ့စာက ဒီမိန္းကေလးက အရမ္းေတာ္တဲ့ေက်ာင္းသူေလးပဲ။ ဒီလိုအေျခအေနမ်ိဳးမွာ နတ္သမီးတစ္ပါးနဲ႔ တူတယ္

ဆိုျပီးေရးထားတာပါ။ ဗီဒီယိုအတိုေလးမွာ တကၠသိုလ္ေက်ာင္းသူေလးက လူနာတင္ကားအတြက္ ကားေတြကို ေဘးနား နည္းနည္းကပ္ေပးၿပီး လမ္းဖယ္ေပးဖို့ ကားေမာင္းသမားတစ္ေယာက္ခ်င္းဆီကို လိုက္ေျပာေပးေနတာပါေနာ္။

ဒီျဖစ္ရပ္က ေအာက္တိုဘာ ၆ ရက္ေန႔ မနက္ ၉ နာရီဝန္းက်င္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ေတာ့ ေဆးဘက္ဆိုင္ရာအဖြဲ႕က ခႏၶာကိုယ္အႏွံ့အျပားမွာ အိပ္ရာနာ (Bedsore) ေတြရွိေနတဲ့ အသက္အရြယ္ႀကီးရင့္ၿပီျဖစ္တဲ့လူနာကို Vajira Hospital ကို ပို့ေဆာင္ရမွာျဖစ္တယ္လို့

Nhum က Matichon Online ကို သတင္းေပးခဲ့တာပါ။အဲဒီအခ်ိန္မွာ ယာဥ္ေၾကာပိတ္ဆို့ေနတဲ့အတြက္ လူနာတင္ကားက အေရးေပၚအခ်က္ျပမီးျပေနေပမဲ့လည္း ျမန္ျမန္သြားလို့မရခဲ့ပါဘူးေနာ္။ ဒါကို သတိျပဳမိခဲ့တဲ့ တကၠသိုလ္ေက်ာင္းသူေလးက လမ္းမေပၚဆင္းလာခဲ့ၿပီး လူနာတင္ကာ

ေဆး႐ုံကို အခ်ိန္မီေရာက္ဖို့အတြက္ လမ္းေဘးကပ္ရပ္ေပးဖို့ ကားတစ္စီးခ်င္းစီကို လိုက္ေျပာေပးခဲ့တာပါ။ တကၠသိုလ္ေက်ာင္းသူေလးေၾကာင့္ လမ္းနည္းနည္းရွင္းသြားခဲ့ၿပီး မီးပြိဳင့္ကလည္း လႊတ္သြားတဲ့အတြက္ လူနာတင္ကားလည္း

ထြက္ခြာနိုင္ခဲ့ၿပီး လူနာလည္း အႏၲရာယ္ကင္းကင္းနဲ႔ ေဆး႐ုံေရာက္နိုင္ခဲ့ပါတယ္။တကၠသိုလ္ေက်ာင္းသူေလးရဲ့ ၾကင္နာတတ္တဲ့ႏွလုံးသားေၾကာင့္ အင္တာနက္အသုံးျပဳသူေတြက ခ်ီးမႊမ္းစကားဆိုခဲ့ၾကတာပါ။

ေက်ာင္းသူေလးက မနက္ခင္းအတန္းတက္ဖို့ရွိေကာင္းရွိေနေပမဲ့ လူနာတင္ကားအတြက္ အခ်ိန္ေပးၿပီး ကူညီေပးခဲ့တဲ့အတြက္ သူ႔ကို ေလးစားေနၾကတာပါ။ သူ႔မိဘေတြကေတာ့ ဒီလိုခ်စ္စရာေကာင္းၿပီး ၾကင္နာတတ္တဲ့သမီးေလးရွိလို့

ဂုဏ္ယူသင့္ပါတယ္ ဒီဗီဒီယိုကို ခဏခဏၾကည့္မိေနတယ္။ ဒါက အရမ္းရင္ထဲခံစားမိေစပါတယ္။ သူက လူေတြရဲ့အာ႐ုံစိုက္မွုရဖို့ လုပ္ခဲ့တာမဟုတ္ဘူးဆိုတာ ကၽြန္ေတာ္ခံစားမိတယ္။ သူ႔မွာ ၾကင္နာတတ္တဲ့ႏွလုံးသားေလး ရွိတယ္ ဆိုတဲ့

ကြန္မန႔္ေတြလည္း ေပးခဲ့ၾကတာပါေနာ္။ေဆး႐ုံကို လူနာတင္ကား အခ်ိန္မီေရာက္ဖို့အတြက္ တကၠသိုလ္ေက်ာင္းသူေလးကူညီေပးခဲ့တဲ့ျဖစ္ရပ္ကို လူတိုင္းအတုယူသင့္ပါတယ္ေနာ္။Credit;Dailyci-news

Unicode…ဆေးရုံကို လူနာတင်ကားအချိန်မီရောက်နိုင်ဖို့ လမ်းရှင်းပေးခဲ့လို့ ချီးကျူးခံနေရတဲ့ ကျောင်းသူလေး

ယာဉ်ကြောပိတ်ဆို့မှုကလည်း နိုင်ငံတော်တော်များများမှာ ကြုံတွေ့နေရတဲ့ပြဿနာပါပဲနော်။ အရေးပေါ်လူနာတင်ကားဟာ ယာဉ်ပိတ် နေရင် လူနာတင်ကားမှာ ပါလာတဲ့

လူနာအတွက် မတွေးရဲစရာပါ။ ဆေးရုံကို အချိန်မီရောက်ဖို့အတွက် ယာဉ်ကြောပိတ်နေတဲ့ ကားတွေကို လမ်းလေးနည်းနည်းလောက်ဖယ်ခိုင်းဖို့ကျတော့လည်း လူနာတင်ကားပေါ်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် ခက်ခဲပါတယ်နော်။

ဘေးနားမှာရှိနေတဲ့ လူတွေကလည်း ဆေးရုံကို လူနာတင်ကားအချိန်မီရောက်နိုင်ဖို့ အမြဲကူညီပေးကြပါတယ်နော်။ မကြာသေးခင်တုန်းက ထိုင်းနိုင်ငံက တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဟာ လူနာတင်ကားအတွက်

လမ်းရှင်းပေးခဲ့လို့ လူမှုကွန်ယက်အသုံးပြုသူတွေက သူ့ကို ကျေးဇူးတင်ခဲ့ကြပြီး ချီးကျူးစကားလည်းဆိုခဲ့ပါတယ်။အောက်တိုဘာ ၆ ရက်နေ့က လူနာတင်ကားမောင်းတဲ့သူ

Nhum ဆိုတဲ့အမျိုးသားတစ်ဦးက သူ့ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ မိန်းကလေးတစ်ဦးရဲ့ပုံတစ်ပုံနဲ့ ဗီဒီယိုတစ်ခုကို တင်ခဲ့တာပါ။ ပို့စ်မှာ သူရေးထားတဲ့စာက ဒီမိန်းကလေးက အရမ်းတော်တဲ့ကျောင်းသူလေးပဲ။ ဒီလိုအခြေအနေမျိုးမှာ နတ်သမီးတစ်ပါးနဲ့ တူတယ်

ဆိုပြီးရေးထားတာပါ။ ဗီဒီယိုအတိုလေးမှာ တက္ကသိုလ်ကျောင်းသူလေးက လူနာတင်ကားအတွက် ကားတွေကို ဘေးနား နည်းနည်းကပ်ပေးပြီး လမ်းဖယ်ပေးဖို့ ကားမောင်းသမားတစ်ယောက်ချင်းဆီကို လိုက်ပြောပေးနေတာပါနော်။

ဒီဖြစ်ရပ်က အောက်တိုဘာ ၆ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တော့ ဆေးဘက်ဆိုင်ရာအဖွဲ့က ခန္ဓာကိုယ်အနှံ့အပြားမှာ အိပ်ရာနာ (Bedsore) တွေရှိနေတဲ့ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့လူနာကို Vajira Hospital ကို ပို့ဆောင်ရမှာဖြစ်တယ်လို့

Nhum က Matichon Online ကို သတင်းပေးခဲ့တာပါ။အဲဒီအချိန်မှာ ယာဉ်ကြောပိတ်ဆို့နေတဲ့အတွက် လူနာတင်ကားက အရေးပေါ်အချက်ပြမီးပြနေပေမဲ့လည်း မြန်မြန်သွားလို့မရခဲ့ပါဘူးနော်။ ဒါကို သတိပြုမိခဲ့တဲ့ တက္ကသိုလ်ကျောင်းသူလေးက လမ်းမပေါ်ဆင်းလာခဲ့ပြီး လူနာတင်ကာ

ဆေးရုံကို အချိန်မီရောက်ဖို့အတွက် လမ်းဘေးကပ်ရပ်ပေးဖို့ ကားတစ်စီးချင်းစီကို လိုက်ပြောပေးခဲ့တာပါ။ တက္ကသိုလ်ကျောင်းသူလေးကြောင့် လမ်းနည်းနည်းရှင်းသွားခဲ့ပြီး မီးပွိုင့်ကလည်း လွှတ်သွားတဲ့အတွက် လူနာတင်ကားလည်း

ထွက်ခွာနိုင်ခဲ့ပြီး လူနာလည်း အန္တရာယ်ကင်းကင်းနဲ့ ဆေးရုံရောက်နိုင်ခဲ့ပါတယ်။တက္ကသိုလ်ကျောင်းသူလေးရဲ့ ကြင်နာတတ်တဲ့နှလုံးသားကြောင့် အင်တာနက်အသုံးပြုသူတွေက ချီးမွှမ်းစကားဆိုခဲ့ကြတာပါ။

ကျောင်းသူလေးက မနက်ခင်းအတန်းတက်ဖို့ရှိကောင်းရှိနေပေမဲ့ လူနာတင်ကားအတွက် အချိန်ပေးပြီး ကူညီပေးခဲ့တဲ့အတွက် သူ့ကို လေးစားနေကြတာပါ။ သူ့မိဘတွေကတော့ ဒီလိုချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့သမီးလေးရှိလို့

ဂုဏ်ယူသင့်ပါတယ် ဒီဗီဒီယိုကို ခဏခဏကြည့်မိနေတယ်။ ဒါက အရမ်းရင်ထဲခံစားမိစေပါတယ်။ သူက လူတွေရဲ့အာရုံစိုက်မှုရဖို့ လုပ်ခဲ့တာမဟုတ်ဘူးဆိုတာ ကျွန်တော်ခံစားမိတယ်။ သူ့မှာ ကြင်နာတတ်တဲ့နှလုံးသားလေး ရှိတယ် ဆိုတဲ့

ကွန်မန့်တွေလည်း ပေးခဲ့ကြတာပါနော်။ဆေးရုံကို လူနာတင်ကား အချိန်မီရောက်ဖို့အတွက် တက္ကသိုလ်ကျောင်းသူလေးကူညီပေးခဲ့တဲ့ဖြစ်ရပ်ကို လူတိုင်းအတုယူသင့်ပါတယ်နော်။Credit;Dailyci-news

Tags:

Add a Comment

Your email address will not be published. Required fields are marked *