Jasmine (Mckzone Daily)
Source: nextshark
Unicode…ယာဉ်တိုက်မှုဆိုးဆိုးဝါးဝါးဖြစ်ခဲ့လို့ လမ်းခွဲပေးဖို့တောင်းဆိုခဲ့တဲ့ ချစ်သူကောင်လေးကို မင်္ဂလာဝတ်စုံဝတ်ပြီး ချစ်ခွင့်ပန်ခဲ့တဲ့မိန်းကလေး
ထိုင်ဝမ်နိုင်ငံ New Taipei မြို့က အမျိုးသမီးတစ်ဦးကတော့ ယာဉ်တိုက်မှုကြောင့်ဖြစ်လာမယ့်ဆိုးကျိုးကို တွေးရင်းနဲ့ စိတ်ဓာတ်ကျနေတဲ့ သူမရဲ့ချစ်သူကောင်လေးကို ဆေးရုံမှာ ချစ်ခွင့်ပန်ခဲ့တာပါ။သူတို့စုံတွဲကတော့ ၂၀၁၈ခုနှစ်အတွင်းမှာ
လက်ထက်ဖို့လုပ်ထားခဲ့ကြပေမဲ့လည်း ချစ်သူကောင်လေးဟာ ယာဉ်တိုက်မှုမတော်တဆဖြစ်သွားခဲ့တာကြောင့်ဘဲ သူတို့ရဲ့အစီအစဉ်တွေကတော့  မမျှော်လင့်ဘဲ ပျက်စီးသွားခဲ့ရတာပါ။ဆရာဝန်တွေကတော့ ချစ်သူကောင်လေးရဲ့ကုသမှု
အကျိုးဆက်တွေဟာ သူတို့နှစ်ဦးရဲ့အိမ်ထောင်ရေးဘဝကို ထိခိုက်စေနိုင်တာကြောင့်ဘဲ သူတို့ရဲ့ဆက်ဆံရေးကို ဖြတ်တောက်ရန်အကြံပြုခဲ့ကြတာပါ။ထို့ကြောင့် ကောင်လေးဟာ သူ့ကို ဆဘးကနေ အရိပ်တကြည်ကြည်နဲ့
ဂရုတစိုက်ပြုစုပေးနေတဲ့ ချစ်သူကောင်မလေး လွတ်လပ်သွားဖို့ လမ်းခွဲပေးဖို့ဆုံးဖြတ်ခဲ့ကြောင်းကို ကောင်မလေးကပြောခဲ့တာပါ။ဒါပေမဲ့လည်း ချစ်သူကောင်မလေးက သဘောမတူခဲ့တဲ့ အပြင် ရှေ့ရေးမှာကြုံလာမယ့် အဆိုးအကောင်းတွေကို ဂရုမစိုက်ဘဲ လူတစ်စုနဲ့အတူ ဆေးရုံခန်းထဲကိုဝင်လာပြီးတောင်
ချစ်ခွင့်တောင် ပန်လိုက်ပါသေးတယ်။မင်္ဂလာဆောင်ဝတ်စုံဂါဝန်အဖြူလေးဝတ်ထားတဲ့ကောင်မလေးကပန်းစည်းကိုင်ရင်းနဲ့ နင်ငါ့ကို နင့်ဇနီးအဖြစ်လက်တွဲမယ်ဆိုရင် ဒီပန်းစည်းကို လက်ခံပေးနိုင်မလား လို့မေးခဲ့ပြီးတော့ ငါဒီထက်ပိုကောင်းအောင်
အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ၊ပြီးတော့ ငါ့ရဲ့ကျန်ရှိနေတဲ့တစ်ဘဝလုံးကို နင့်လက်ဆွဲကိုင်ရင်း ဖြတ်သန်းသွားမယ် လို့ ချစ်သူကောင်လေးက ပြန်ဖြေရင်း ကောင်မလေးကိုနမ်းကာ ရင်ခွင်ထဲပွေ့ဖက်ထားခဲ့ကြတာပါ။ဘာတွေဘဲဖြစ်နေပါစေ
နှစ်ဦးနှစ်ဖက်စလုံးချစ်နေကြရင်တော့ ကြုံလာတဲ့အခက်အခဲတွေကို  ယုံယုံကြည်ကြည်နဲ့ လက်တွဲမဖြုတ်ဘဲ အတူတူရင်ဆိုင်ဖြေရှင်းသင့်ပါတယ်နော်။သူတို့နှစ်ဦးကတော့  လူအများကို မျက်ရည်ကျစေခဲ့သလို ကြည်နူးမှုလေးတွေပါ ခံစားမိစေခဲ့တာပါနော်။
Jasmine (Mckzone Daily)
Source: nextshark
Tags:
Add a Comment
Your email address will not be published. Required fields are marked *