Unicode…ရုပ်ရှင်အစည်းအရုံးက ထောက်ပံ့ကြေးကိစ္စနဲ့ပက်သက်ပြီး ရင်ဖွင့်လာတဲ့ နာမည်ကြီး ဇာတ်ပို့ မင်းသမီးကြီး
သရုပ်ဆောင် မျိုးမျိုးခိုင်ကတော့ ဟာသ ဇာတ်ပို့သရုပ်ဆောင်ဘဝနဲ့ နှစ်ပေါင်းများစွာပီပြင်စွာသရုပ်ဆောင်ခဲ့တာကြောင့်  ပရိသတ်တွေရဲ့ ချစ်ခြင်းကို ယခုထက်တိုင်ရရှိနေသူတစ်ဦးပါနော်။
ကိုဗစ်ကာလမှာ ရုပ်ရှင်လောကသားများဟာ ကားရိုက်ရပ်နားထားရပြီး ဝင်ငွေနည်းပါးနေခဲ့တာကြောင့်ဘဲ ရုပ်ရှင်အစည်းအရုံးကထောက်ပံ့ငွေထုတ်ပေးလျက်ရှိတာပါနော်။ ခုလို ထုတ်ပေးခဲ့ရာမှာ ရုပ်ရှင်အစည်းအရုံးကထောက်ပံ့ကြေးကို
ရသင့်ရဲ့သားနဲ့ မရခဲ့တဲ့ အပေါ်မှာ မျိုးမျိုးခိုင်ကပြောပြလာခဲ့တာဖြစ်ပါတယ်နော်။ရုပ်ရှင်အစည်းအရုံးမှာ ထောက်ပံ့ကြေးငွေလာထုတ်တာပါ ။ဒါပေမယ့် ဒီဘက်ကအစည်းအရုံးထောက်ပံ့ငွေရပါတယ် ။ကျွန်မတို့ ဇာတ်ပို့ဇာတ်ရံထောက်ပံ့ကြေးငွေကမရပါဘူး။
ကိုဗစ်ဖြစ်နေတော့ မပေးနိုင်ဘူးလေ။ အဲ့ဒါကို မရဘူးဆိုတော့ မယူဘူးလို့ရတယ်လေ။ဇာတ်ပို့ဇာတ်ရံထဲလည်းမပါတော့ဘူး ။လာခိုင်းရင်မလုပ်ပေးဘူးလို့ ပြောလိုက်တယ် ။အခုမင်းသမီးဖြစ်သွားပြီ မင်းသမီးအလွှာထဲမှာပဲ ပါတော့မယ်။
ဓာတ်ပုံပေးဖို့ကလည်းမသိလိုက်ဘူး ။ကိုဗစ်ဆိုတော့လည်း ဒီတောင်မလာနိုင်ဘူး။အိမ်ထဲကအိမ်ပြင်တောင်မထွက်တာကို အဲ့တုန်းကလာတုန်းကတော့ မမအိခိုင်ကပြောတယ်။ဓာတ်ပုံပေးရမယ်ဆိုတော့ မကြီးရေ ဓာတ်ပုံမရိုက်လာရသေးဘူးဆိုတော့
နောက်နေ့ကျရင်ဓာတ်ပုံလာပေးမယ်လို့ပြောခဲ့တာ။ ဒါပေမယ့် ကိုဗစ်ဖြစ်သွားတော့ ဒီကို မရောက်ဖြစ်ဘူးလေ ။ဒါလေးတော့ နားလည်ပေးရမှာပေါ့ ။ရပါတယ် ပိုက်ဆံ ၂၀၀၀၀ ဘာမှမဖြစ်ပါဘူး။အစည်းအရုံးကလှူပေးတာကိုတော့ ကျေးဇူးတင်ပါတယ်
အစည်းအရုံးကဆန်တွေဆီတွေဆိုလည်း အမြဲလှူပေးတယ် ကိုယ့်လုပ်တဲ့လူတွေအားလုံးကိုထောက်ပံ့ပြီးတော့ ကြည့်ပေးတဲ့ အတွက်ကြောင့် ရုပ်ရှင်အစည်းအရုံးကို ကျေးဇူးတင်ပါတယ်။
အခုကာလမှာတော့ ရဲလေးမသင်ပေးတဲ့အတွက် Live လွှင့်ပြီးဈေးရောင်းတတ်သွားတယ်အခုတော့ လုပ်ငန်းရှင်တွေအတွက် ဈေးရောင်းပေးနေတယ်။ ပိုက်ဆံလည်းရသင့်သလောက်ရတော့ကိုဗစ်ကာလမှာ ခံသာတာပေါ့ ။
အဲ့ဒီအတွက်လည်း ခေါ်ရောင်းခဲ့ကြတဲ့လုပ်ငန်းရှင်တွေကို ကျေးဇူးတင်ပါတယ် ဆိုပြီးတော့ ပြောလာခဲ့တာဖြစ်ပါတယ်နော်။မျိုးမျိုးခိုင်ကတော့ ရုပ်ရှင်အစည်းအရုံးက ထောက်ပံ့ကြေးကို ရသင့်ရဲ့သားနဲ့ မရခဲ့တဲ့ အပေါ်ပြောလာတာ ဖြစ်ပါတယ်နော်။credit
Add a Comment
Your email address will not be published. Required fields are marked *