Unicode…အောင်လပွဲကြည့်ရင်းကျန်းမာရေးဖောက်ကာ အသက်ဆုံးရူံးသွားတဲ့ ဦးလေးကြီး
မနေ့ည မှာ ထိုးသတ်ခဲ့ကြတဲ့ အောင်လအန်ဆန်းနဲ့ ရိုင်နီယာ ဒီရစ်ဒါတို့ ပွဲစဉ် မှာတော့ ရွှေမြန်မာတို့ မျှော်လင့် ထားသလို ဖြစ်မလာခဲ့ပဲ မြန်မာတို့ရဲ့ အသဲကျော် အောင်လ အန်ဆန်းဟာ ပြိုင်ဘက်ဖြစ်တဲ့ ရိုင်နီယာဒီရစ်ဒါကို အရှုံးဖြင့် ရင်ဆိုင် ခဲ့ရဖြစ်ပါတယ် နော်။
စိန်ခေါ်သူတိုင်း ကို အမြဲတမ်းဆို သလို အနိုင်ယူ လာခဲ့တဲ့ အောင်လဟာ ယနေ့ညမှာ နယ်သာလန်နိုင်ငံသားဖြစ်တဲ့ စိန်ခေါ်သူ ရိုင်နီယာဒီရစ်ဒါကို ပွဲစပြီးတော့ မိနစ်ပိုင်းအတွင်းမှာပင် အရှုံးပေးခဲ့ရတာပါ။
ဒါ့အပြင်စိတ်မကောင်းစရာသတင်းတစ်ခုကတော့ ပူတာအိုမြို့မှ ဉီးလေးကြီးတစ်ယောက်ဟာ အောင်လပွဲကြည့်ရင်းကျန်းမာ ရေးဖောက်ကာ အသက်ဆုံးရူံးခဲ့တာ ဖြစ်ပါတယ်။
အသက်ဆုံးရူံးခဲ့တဲ့သူဟာ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်နေဆရာဉီးဆန်နိုင်ဆင်ဖြစ်ကြောင်းသိရှိရပါတယ်။Credit:cele news media
Tags:
Add a Comment
Your email address will not be published. Required fields are marked *