Unicode…မုတ်ဆိတ်မွှေးကြောင့်ဘဲ အသက်ဆုံးရူံးခဲ့ရတဲ့ ကမ္ဘာ့မုတ်ဆိတ်မွှေးအရှည်ဆုံး ပုဂ္ဂိုလ်
သူဟာ ဟစ်တလာရဲ့ဇာတိဖြစ်တဲ့သြစတီးယားနိုင်ငံ၊ဘရိုနာမြို့က မြို့တော်ဝန်ဟန်းစ် စတန်းနင်ဂျာဆိုသူဖြစ်ပါတယ်နော်။ သူကတော့ဂုဏ်သရေရှိပြီး သမာသမတ်ရှိတဲ့ မြို့တော်ဝန်ကြီးအဖြစ် ဂုဏ်သတင်းမွှေးရုံသာမကဘဲ
သူရဲ့မုတ်ဆိတ်ရှည်ကြီးတွေကြောင့်လည်း ထင်ရှားတာဖြစ်ပါတယ်။ မြို့တော်ဝန်ကြီးရဲ့ မုတ်ဆိတ်မွှေးဟာဆိုရင် သာမန်နဲ့မတူဘဲ ဆင်နှာမောင်းသဏ္ဍာန် အခွဲ ၄ ခုနဲ့ ခန့်ညားစွာ
ပေါက်ရောက်နေတာဖြစ်ပြီးတော့ အရှည်အားဖြင့် ၄ ပေခွဲ (၁.၄ မီတာ) တိတိရှိတာမို့ လက်ရှိအထိကမ္ဘာ့မုတ်ဆိတ်အရှည်ဆုံး ဂင်းနစ်စံချိန်ဝင်ထားသူဖြစ်ပါတယ်နော်။
အင်မတန်ရှည်လျှားလှတဲ့ အဆိုပါမုတ်ဆိတ်မွှေးကြီးကို မြို့တော်ဝန်ကြီးကတော့ အများသူငါ တက်နင်းမိတဲ့ဒဏ်ကကွယ်ဖို့အတွက် အမြဲလိုလို သူ့ရဲ့အကျီအိတ်ကပ်ထဲမှာ ထည့်သိမ်းထားတတ်ပြီး တော့ မကြာခဏလည်း
သူ့ရဲ့မိတ်ဆိတ်ကြီးရဲ့ ကျော့ရှင်းလှပမှုကို ချီးကြူးပြောဆိုတတ်ပါသေးတယ်နော်။ဒါပေမဲ့လည်း ကံဆိုးမိုးမှောင်ကျတဲ့ ၁၅၆၇ ရဲ့ စက်တင်ဘာတညမှာတော့ ဘရိုနာမြို့လယ်ခေါင်က အစပျိုးတဲ့ မီးဟာ တမြို့လုံးကို ပြန့်နှံ့ခဲ့ပြီးတော့ မြို့တော်ဝန်ကြီးရဲ့ အိမ်တော်အထိပါ ကူးစက်လောင်ကျွမ်းလာတာပါ။
မြို့တော်ဝန်ကြီးဟာ အပေါ်ဆောင်အိပ်ယာကနေ ကမန်းကတမ်းထပြီးတော့ ကြောက်အားလန့်အားနဲ့ အောက်ထပ်ကို ပြေးဆင်းဖို့ လုပ်တဲ့အခါမှာ ရှည်လျှားလှတဲ့ မုတ်ဆိတ်မွှေးတွေကို သူ့ရဲ့ အိတ်ကပ်ထဲထည့်သိမ်းဖို့ အတွက် လုံးဝသတိမရခဲ့ပါဘူး။
အဲ့ဒီနောက် မှာ သူဟာ လှေကားအဆင်းမှာတော့ကိုယ့်မုတ်ဆိတ်မွှေးကိုယ် ခလုတ်တိုက် တက်နင်းမိသွားပြီး တော့ လှေကားအဆင့်တဆင့်ခြင်းဆီကနေ ဒလိမ့်ကောက်ကွေးကျကာ ဇာတ်ကျိုးကျပြီးတော့ တခါတည်းမရှူ့မလှ
အသက်ထွက်သွားခဲ့ရတာပါ။မြို့တော်ဝန်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ်ကြေးရုပ်ကိုတော့ ဘရိုနာမြို့ရဲ့ စိန့်စတီဖင်ဘုရားကျောင်းမှာထားရှိထားတဲ့အပြင် သူ့ရဲ့
မုတ်ဆိတ်မွှေးရှည်ကြီးတော့ ဘရိုနာပြတိုက်မှာ မြို့ရဲ့ နှစ်ပေါင်း ၄၅၀ ကျော် သမိုင်းမှတ်တမ်း တခုအနေနဲ့ ဆေးစီရင်ပြသထားတာဖြစ်ပြီးတော့ ကမ္ဘာ့လှည့်ခရီးသွားတွေရဲ့ မျက်စိကျစရာနေရာတခုလည်းဖြစ်လို့နေပါတယ်နော်။credit
Add a Comment
Your email address will not be published. Required fields are marked *